close
Connect with us

Hi, what are you looking for?

သတင်း

မိုင်းငေါ့မြို့ကို စစ်ကောင်စီ ညအချိန် ဗုံးကြဲ

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့မိုင်းငေါ့မြို့ကိုအာဏာ သိမ်းစစ်ကောင်စီတပ်ကဒီနေ့ (အောက်တိုဘာ ၂၀ ရက်) ညပိုင်းမှာ လေကြောင်း တိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီက ဗုံးကြဲပြီး​နောက်မိုင်း​ငေါမြို့မီး​လောင်​နေစဉ်။ ဓာတ်ပုံ- ​ဒေသခံ

အောက်တိုဘာ-၂၀၊ ၂၀၂၅။ ထားမြတ်၊ဇော်ရမ်း/ People’s Spring

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့မိုင်းငေါ့မြို့ကိုအာဏာ သိမ်းစစ်ကောင်စီတပ်ကဒီနေ့ (အောက်တိုဘာ ၂၀ ရက်) ညပိုင်းမှာ လေကြောင်း တိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့ပါတယ်။

မိုင်းငေါ့မြို့ ဆေးရုံ၊ ဈေးနဲ့ ရဲစခန်းပတ်ဝန်းကျင်ကို စစ်ကောင်စီလေတပ် က ဒီနေ့ ညပိုင်း ၈နာရီကျော်မှာ ဂျက်တိုက်လေယာဉ် နဲ့ ဗုံးကြဲသွားတာပါ။

” ဆေးရုံကိုလည်းကြဲတယ်။ ရဲစခန်းနားလည်းကျတယ်။ အထိအခိုက်တွေရှိတယ်ဗျ။ အရပ်သားတွေ” လို့ ဗုံးကြဲမှုဖြစ်စဉ်ကိုသိရှိတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

တအာင်းဒေသ သတင်းရင်းမြစ်ကလည်း “ထိခိုက်မှုကတော့ မေးနေတုန်းပဲ”လို့ မိုင်းငေါ့ လေကြောင်းတိုက်ခိုက်ခံရကြောင်း ဆိုပါတယ်။

စစ်ကောင်စီဟာ TNLAထိနိးချုပ်ထားတဲ့ ရှမ်းမြောက်က မန်တုံ၊ နမ့်ဆန်၊ မိုင်းလုံ၊ နမ္မတူ၊ မိုးမိတ်၊ ကျောက်မဲ၊ သီပေါနဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ကို အခု အောက်တိုဘာလအတွင်းမှာ လေကြောင်းက နေ အကြိမ်ပေါင်း ၃၀ ကျော်တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီ တိုက်ခိုက်မှုတွေမှာ ကလေးငယ် ၈ဦး ၊ သံဃာ ၂ပါးအပါအဝင် ၄၁ဦး သေဆုံးကာ ၄၆ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ TNLAရဲ့ လေကြောင်း တိုက်ခိုက်ခံရမှု သတင်းတွေအရ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြည်သူနေထိုင်ရာတွေကို အဓိက ပစ်မှတ်ထားတိုက်ခိုက်နေတာဟာ TNLAနဲ့ စစ်ကောင်စီအကြား တရုတ်စီစဉ်ပေးတဲ့ ဆွေးနွေးပွဲမတိုင်မီ စစ်ရေးအရ ဖိအားပေးတာ၊ စစ်ကောင်စီ ပြန်သိမ်းထားတဲ့ ကျောက်မဲနဲ့ သီပေါကို TNLAက လာရောက်မနှောက်ယှက်စေရေး အခြား TNLAထိန်းချုပ်မြို့ရွာတွေကို လေကြောင်းတိုက်ခိုက်ပြီး စစ်ရေးအရ ဖိအားပေးတာ ဖြစ်နိုင်တယ်လို့ တအာင်းသတင်းရင်းမြစ်ကသုံးသပ်ထားပါတယ်။

ဆက်စပ်သတင်းများ