close
Connect with us

Hi, what are you looking for?

သတင်း

သံအမတ်ကြီးဦးကျော်မိုးထွန်းအားထောက်ခံကြောင်း စစ်ကိုင်းမှာ ဆန္ဒထုတ်ဖော်

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ ပြည်သူ့သံအမတ်ကြီးဦးကျော်မိုးထွန်းအားထောက်ခံကြောင်း သပိတ်လှုပ်ရှားမှုတွေကိုဒီကနေ့(အောက်တိုဘာ ၁)မှာပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊

အောက်တိုဘာ-၁၊၂၀၂၅။သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ ပြည်သူ့သံအမတ်ကြီးဦးကျော်မိုးထွန်းအားထောက်ခံကြောင်း သပိတ်လှုပ်ရှားမှုတွေကိုဒီကနေ့(အောက်တိုဘာ ၁)မှာပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုထောက်ခံကြောင်း၊ “ Our Ambassador Our Voice ငါတို့သံအမတ်ကြီးသည် ငါတို့အသံ ဖြစ်သည်” စာသားကိုင်ဆောင်ပြီး လူထုဆန္ဒကို ထုတ်ဖော်ခဲ့ကြပါတယ်။

မြောင်မြို့နယ်မှာလည်း လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ကျောင်းသားလူငယ်တွေနဲ့အတူ “ Our Ambassador Our Voice” ၊ “ ငါတို့ရဲ့သံအမတ်ကြီးသည် ငါတို့မြန်မာပြည်ရဲ့ အသံဖြစ်သည်” စာသားနဲ့ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းထောက်ခံပွဲ လှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည်ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းက “ သင့်မဲဖြင့်တရားဝင် လူသတ်ခွင့် မပေးနဲ့ ” စာသားကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် ချီတက်ဆန္ဒပြခဲ့ပါတယ်။

မင်းကင်းမြို့နယ် အူရွာရှိ အခြေခံပညာကျောင်းတစ်ကျောင်းမှာလည်း ကျောင်းသားလူငယ်တွေက “ Books Not Bombs” ၊ “ We only need books & peace…….. we don’t need conflict & Bombs” စာသားကိုင်ဆောင်ပြီး စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကို ဆန့်ကျင်ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း စစ်တပ်ကစစ်ကြောင်းတွေထိုးနေတဲ့ ကြားက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

ဆက်စပ်သတင်းများ