close
Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက အရာ​တော်နယ်ကိုဗုံးကြဲ၊ ပြည်သူများထိခိုက်​သေဆုံးမှုရှိ

စစ်​ကောင်စီကသင်္ကြန်အတက်နေ့ ဧပြီ ၁၆ ရက် နံနက် ပိုင်းတွင်စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် ကို လေကြောင်းမှဗုံးကြဲခဲ့ရာ ​ဒေသခံပြည်သူ ၁၀ ဦးထက်မနည်းထိခိုက်မှုရှိကာ နေအိမ်နှင့် အဆောက်အဦး ပျက်စီးမှုများစွာရှိခဲ့သည်။

စစ်​ကောင်စီက အရာ​တော်မြို့နယ်၊စစ္စည်းရွာကိုဗုံးကြဲပြီး​နောက်အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-သက်​နောင်

ဧပြီ-၁၆၊၂၀၂၅။ရဲခေါင်/People’s Spring

စစ်​ကောင်စီကသင်္ကြန်အတက်နေ့ ဧပြီ ၁၆ ရက် နံနက် ပိုင်းတွင်စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် ကို လေကြောင်းမှဗုံးကြဲခဲ့ရာ ​ဒေသခံပြည်သူ ၁၀ ဦးထက်မနည်းထိခိုက်မှုရှိကာ နေအိမ်နှင့် အဆောက်အဦး ပျက်စီးမှုများစွာရှိခဲ့သည်။

“အရာတော်နယ်တော်တော်နိမ့်နိမ့်လေးဖြတ်ပျံသွားပါတယ်။စစ္စည်ရွာထိတာဗျ ၊အခြေနေမကောင်းဘူးတော်တော်ထိတယ်။ပြည်သူတွေတော်တော်ထိတာ။ ၄လုံးချသွားတာဂျက်ဖိုက်တာနဲ့”ဟု ​ဒေသခံတဦးကပြောသည်။

အရာတော်မြို့နယ်၏ တောင်ဘက်ခြမ်းရှိ စစ္စည်ရွာ ကို လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ပြုလုပ်ခဲ့ခြင်း ဖြစ်ကာ အရာတော်မြို့နယ်အခြေစိုက် စစ်အခြေခံလေကျင့်ရေးတပ် အမှတ် ၁၀ (စခတ ၁၀) မှလည်း ဟောင်ဝစ်ဇာဖြင့် ပစ်ခတ်ကြောင်း အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲမရှိဘဲ စစ်​ကောင်စီတပ်က ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး စခတ ၁၀ မှဟောင်ဝစ်ဇာများဖြင့် ယ​နေ့ မနက်ပိုင်းတွင် ​​​လေ​ကြောင်းမှ ဗုံးမကြဲခင်​ရော ၊ဗုံးကြဲပြီးတွင်ပါဆက်တိုက်ပစ်ခတ်​နေ​ကြောင်း​ဒေသခံအချို့က​ပြောသည်။

လက်ရှိကာလအရ ဆောင်းဘောက်အသံများကို ရပ် နားထားပြီး လေကြောင်းအန္တရာယ် နှင့် လက်နက်ကြီး အန္တရာယ် ဂရုစိုက်ကြရန် လည်း အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကသတိ​ပေးထားသည်။

စစ်ကောင်စီ၏ လေကြောင်း နှင့် လက်နက်ကြီးနှင့် တိုက်ခိုက်ခဲ့မှုနှင့် နောက်ဆက်တွဲ အခြေအနေကို အရာတော် မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ထံလူထုနွေဦးက ဆက်သွယ်မေးမြန်းဆဲ ဖြစ်သည်။

ထို့အပြင် စစ်​ကောင်စီသည် ဧပြီ ၁၆ ရက်တွင်ဝက်လက်မြို့နယ် သစ်စိမ့်ကျေးရွာ မြို့နယ် ဆေးရုံ ကိုဗုံးကြဲခဲ့ရာ ပြည်သူ ၃ ဦး​သေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့​ကြောင်း ​ဒေသခံအချို့က​ပြောသည်။

အလားတူ ယနေ့ နံနက်ပိုင်းတွင်လည်းကရင်ပြည်နယ် ကျုံးဒိုးမြို့ကို စစ်ကောင်စီသည်လေကြောင်းမှ ဗုံးကြဲခဲ့ပြီး ပြည်သူများသေဆုံးမှုရှိထားသည်။

စစ်​ကောင်စီသည် မြန်မာပြည်သူများတန်ဖိုးထားသည့် မဟာသင်္ကြန်ပွဲ​တော်ကာလမှာပင် ​ကျောက်​တော် ၊​ကောလင်း ၊သပိတ်ကျင်း၊ ကနီ၊ အင်း​တော် ၊ဗန်း​မော်၊မင်းတပ် စသဖြင့် နိုင်ငံတစ်ဝန်း ဗုံးဆက်တိုက်ကြဲ​နေခြင်းဖြစ်သည်။

(စစ်​ကောင်စီက အရာ​တော်မြို့နယ်၊စစ္စည်းရွာကိုဗုံးကြဲပြီး​နောက်အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-သက်​နောင် )

ဆက်စပ်သတင်းများ

သတင်း

ABSDFတပ်စုမှူးနှင့် ဒုတပ်စိပ်မှူးအပါအဝင် တော်လှန်ရေးရဲဘော်အချို့ ကျဆုံး

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်များများရှိ ပြည်သူများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေ၍ ကလေးငယ်များအပါအဝင် ပြည်သူ ထိခိုက်မှုများရှိခဲ့ကြောင်း KNU ဗဟိုက ဧပြီ ၁၅ရက်တွင် သတင်းထုတ်ပြန်သည်။

သတင်း

မြန်မာနိုင်ငံမှာအာဏာသိမ်းစစ်ကောင်စီနဲ့တော်လှန်ရေး အင်အားစုတွေကြားငြိမ်းချမ်းရေးဆွေးနွေးမှု ဖြစ်နိုင်ခြေ မြင့်မြင့်မားမား ရှိနေဆဲလို့ ယုံကြည်ကြောင်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်ကဆိုပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ အင်္ဂပူ၊လေးမျက်နှာနှင့်ရေကြည်မြို့နယ်တို့ကို ဖြတ်သွားသည့်ပုသိမ် - မုံရွာလမ်းမပေါ်တွင်စစ်ကောင်စီတပ်ကကားများအားဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်း၊ ငွေတောင်းခြင်း၊ ဖမ်းဆီးထားသောယာဥ်များအားအသုံးပြု၍စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရွှေ့ပြောင်းခြင်းများ ပြုလုပ်နေကြောင်းဧရာဝတီPDF က သတိပေးချက်ထုတ်ပြန်သည်။

Facebook