close
Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့စစ်ကောင်စီဝန်ထမ်းအိမ်ရာ၌ မိုင်းပေါက်ကွဲပြီး ကလေးနှစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ဖီလာရပ်ကွက် ရှိ စစ်ကောင်စီ​၏ ဝန်ထမ်းအိမ်ရာတွင် မိုင်းပေါက်ကွဲပြီး ကလေးငယ်နှစ်ဦး သေဆုံးခဲ့သည်။

ဧပြီ ၁၆၊၂၀၂၅။ဇော်ရမ်း/People’s Spring

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ဖီလာရပ်ကွက် ရှိ စစ်ကောင်စီ​၏ ဝန်ထမ်းအိမ်ရာတွင် မိုင်းပေါက်ကွဲပြီး ကလေးငယ်နှစ်ဦး သေဆုံးခဲ့သည်။

တောင်ဖီလာရပ်ကွက်၊ နယ်မြေ(၉)ရှိ ဝန်ထမ်းအိမ်ရာတွင် ဧပြီ ၁၄ရက်‌က မိုင်းပေါက်ကွဲမှုဖြစ်ခဲ့ခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါအိမ်ယာရှိ အသက် (၃)နှစ်နှင့် (၅)နှစ်အရွယ် ကလေးငယ်နှစ်ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီက သတင်းဖုံးထားကြောင်း ကလေးမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

” ဝန်ထမ်းအိမ်ယာနားမှာဖြစ်တယ်ဆိုတော့ သူတို့တွေဘက်က သတင်းမထွက်စေချင်ဘူး။ သူတို့ထောင်ထားတဲ့မိုင်းကပဲ ပေါက်ကွဲတာလို့ ပြောနေကြတယ်။ မြို့ကတော့ လက်ရှိပုံမှန်ပဲဖြစ် တယ်” ဟု ၎င်းက ပြောသည်။

တောင်ဖီလာရပ်ကွက်သည် စစ်ကောင်စီတပ်နှင့် ပျူစောထီးများထိန်းချုပ်ထားသည့်နေရာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များဝင်ရောက်လာမည် ဆိုသောကြောင့် မိုင်းများထောင်ထားသည်ကို သိရှိထားကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးကပြောသည်။

ကလေးမြို့ပေါ်၌ လက်ရှိစစ်ရေးအခြေအနေငြိမ်သက်သော်လည်း ကလေးမြို့တောင်ပိုင်း၊ ဂန့်ဂေါ-ကလေးလမ်းပိုင်းတွင် စစ်ရေးတင်းမာနေပြီး စစ်ကောင်စီနှင့် ပျူစောထီးစခန်းအချို့ကို တော်လှန်ရေးပူး‌ ပေါင်းတပ်များက သိမ်းယူထားသည်။

(ကလေးမြို့ဝန်ထမ်းအိမ်ယာပေါက်ကွဲမှုအတွင်း သေဆုံးခဲ့ရသော ကလေးငယ်နှစ်ဦး။ ဓာတ်ပုံ – CJ)

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကလေးနှင့် မကွေးတိုင်း ဂန့်ဂေါလမ်းပိုင်းရှိ စစ်ကောင်စီ အခြေစိုက်စခန်းများအား Major Operationအဖြစ် စစ်ဆင်ရေးပြုလုပ်သိမ်းပိုက်ခဲ့ကြောင်း CDF-KKG တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

သတင်း

ကလေးမြို့၏ အဓိက ကာကင်းစခန်းတစ်ခုဖြစ်​သော ကြံသာရွာအခြေစိုက် စစ်ကောင်စီစခန်းကို ဧပြီ ၁၁ရက်တွင် တော်လှန်ရေး ပူးပေါင်းတပ်က အပြီးသတ်ချေမှုန်းရှင်းလင်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ် သေဆုံးမှုရှိခဲ့ကြောင်း ချင်းပြည်ကောင်စီအဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်တောင်ပိုင်းရှိစစ်ကောင်စီတပ်စခန်း ငါးခုကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်လိုက်ကြောင်း ဒေသခံစစ်ရေးသတင်းရင်း မြစ်နှင့် တာဝန်ရှိသူအချို့က လူထုနွေဦးသို့ ပြောကြားသည်။

သတင်း

မကွေးတိုင်း၊ ထီးလင်းမြို့အပြင်နေရာများတွင် စစ်ကောင်စီက မိုင်းများထောင်ထားပြီး ဘန်ကာနှင့် ကတုတ်ကျင်းများလည်း ပြန်လည်ပြင်ဆင်ကာ ခံစစ်ပြင်နေကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

Facebook