close
Connect with us

Hi, what are you looking for?

သတင်း

ဗဟိုအစိုးရထံတိုင်ကြားမှုများ ခပ်မြန်မြန်ဖြေရှင်းပေးရန် NUG ပြည်ထောင်စုဝန်ကြီးချုပ် တိုက်တွန်း

ပြည်သူဘက်က ဖြစ်စေ၊ မြို့နယ်ဘက်ကဖြစ်စေတိုင်ကြားမှု ဆိုင်ရာများနှင့်ပတ်သက်ပြီး ခပ်မြန်မြန်ဖြေရှင်းပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အဖွဲ့ ရှေ့တန်းတနေရာရှိ ဒဏ်ရာရရဲဘော်များထံ သွားရောက်တွေ့ဆုံအားပေးနေသည်ကို ၂၀၂၄နှစ်ကုန်ပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ - Mahn Winn Khaing Thann - Prime Minister of NUG

မတ်-၂၁၊၂၀၂၅။ဟန်နွေ/People’s Spring

ပြည်သူဘက်က ဖြစ်စေ၊ မြို့နယ်ဘက်ကဖြစ်စေတိုင်ကြားမှု ဆိုင်ရာများနှင့်ပတ်သက်ပြီး ခပ်မြန်မြန်ဖြေရှင်းပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးကို မတ်လ ၂၀ ရက်ကကျင်းပစဉ် ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ်က အထက်ပါအတိုင်း တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရွာ၌ ပုံမှန်ကာလများကဲ့သို့ အမိန့်၊ ညွှန်ကြားချက်များနှင့် ပြတ်ပြတ်သားသားသွားလို့ရသည့် အခြေအနေ မဟုတ်သည်ကို အားလုံးသိပြီးဖြစ်သလို လုပ်ချင်သလို လုပ်ခွင့်ပြုထားပေးရမည့်အခြေအနေ မဟုတ်ကြောင်း၊ ထို့ကြောင့် စိတ်ရှည်ရှည်ဖြင့်အပြန်အလှန် ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

Public Service Announcement

Public Service Announcement

ပြည်သူတွေဘက်ကဖြစ်စေ၊ မြို့နယ်တာဝန်ရှိသူများဘက်က ဖြစ်စေ၊ ဗဟိုအစိုးရဆီကို အားကိုးတကြီး တိုင်ကြားတင်ပြမှုများကို ခပ်မြန်မြန်ဖြေရှင်းနိုင်ရေး သက်ဆိုင်ရာတိုင်ကြားစာယန္တရားကို တိုက်တွန်းလိုကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

တိုင်ကြားမှုများနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ၂၀၂၄ စက်တင်ဘာလအတွင်းက ရှင်းလင်းပြောကြားထားရာ တိုင်ကြားမှုများ ရှိလာပါက ကနဦး စစ်ဆေးကြောင်း၊ တိုင်ကြားသူများ၏ လုံခြုံရေး အာမခံပေးပြီး တိုင်ကြားသူ၏ အထောက်အထား၊ သက်သေများကို စုစည်းကြောင်း ရှင်းပြသည်။

“ဒါကိုလည်း လုံခြုံရေးကို အာမခံပြီး လုပ်ရတာ ဖြစ်တဲ့အတွက်ကြောင့် တိုင်ကြားမှု စစ်ဆေးတဲ့အဖွဲကကိုလည်း စိတ်ချရသူနဲ့ ဗဟိုကနေပဲ တိုက်ရိုက်စစ်ဆေးတဲ့ ပုံစံနဲ့ စစ်ဆေးပါတယ်။ ဒါကြောင့်မို့လို့ တချို့သော ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး တိုင်ကြားချင်တယ်ဆိုရင် ဗဟိုကို တိုက်ခိုက်တိုင်ကြားပေးနိုင်ပါတယ်” ဟု ဦးလွင်ကိုလတ်က ပြောထားသည်။

တိုင်ကြားမှုများကို စစ်ဆေးရာ၌ ကြန့်ကြာမှုရှိနေရာ ယင်းအားနည်းချက်များကို ဖြည့်ဆည်းရန် တိုင်းဝန်ထမ်း ယန္တရားကို မြေပြင်၌ ဖွင့်လှစ်ကာ ဝန်ကြီး၊ ဒုဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်တို့က မြေပြင် ကွင်းဆင်း ဆောင်ရွက်ရန် ယာယီသမ္မတ ပြည်ထောင်စုဝန်ကြီးချုပ်တို့ ပါဝင်သော လုံခြုံရေးကောင်စီ အစည်းအဝေးက ဆုံးဖြတ်ချက်ထားသည်ဟု ဆိုသည်။

အမျိုးသား ညီညွတ်ရေးအစိုးရဝန်ထမ်းများ နှင့်ပတ်သက်၍ ဖြစ်စေ၊ ပသုံးလုံးဟု ခေါ်ဆိုသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ များနှင့် ပတ်သက်၍ ဖြစ်စေ ပြစ်မှု ကျူးလွန်မှုများ၊ အခြားသော ရာဇဝတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများနှင့် ပတ်သက်၍ ဖြစ်စေ NUG ဗဟို တိုင်ကြားစာကော်မတီ ၊ ကာကွယ်ရေး ဝန်ကြီးဌာန နှင့် ပြည်ထဲရေးဝန်ကြီးဌာန တိုင်ကြားစာ ကော်မတီများတို့ထံ အွန်လိုင်းမှ တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။

NUGအနေဖြင့် ယခု ၂၀၂၅အတွင်း၌ အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲရေးများ စတင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။ အစိုးရ အဖွဲ့ဝင်များ ကိုယ်တိုင် အပြောင်းအလဲ လုပ်ကြရမည်ဖြစ်ပြီး တော်လှန်ရေး အလုပ်များ မြန်အောင်၊ လွယ်ကူ ထိရောက်အောင်လုပ်ဆောင်ကြရမည်ဟု ယာယီသမ္မတ ဒူဝါလရှီးလက ဇန်နဝါရီလအတွင်း အစိုးရ အဖွဲ့အစည်းအဝေး၌ တိုက်တွန်း ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

လက်နက်ကြီးကျနိုင်ခြေ အကွာအဝေးရှိနေအိမ်တိုင်း ဗုံးခိုကျင်း၊ ကတုတ်ကျင်းတူးထားရန်၊ ကာကွယ်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန် အကြံပြုထား

သတင်း

၂ နှစ်​ကျော်အတွင်းစစ်​​ကောင်စီက အရပ်သား​နေရာများကို​လေ​ကြောင်းတိုက်ခိုက်မှု၂,၁၉၀ ကြိမ် ပြုလုပ်ခဲ့ပြီးကလေးသူငယ်ပေါင်း ၃၇၂ဦး ​သေဆုံးခဲ့

သတင်း

အာဏာသိမ်းစစ်ကောင်စီနှင့် ချုပ်ဆိုထားသော စာချုပ်များသည် ရေရှည်တည်တံ့ခိုင်မြဲသော ရင်းနှီးမြှုပ်နှံမှုများအတွက် အကျိုးမရှိကြောင်း ရုရှားအစိုးရထံ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက စာရေးသားပေးပို့ခဲ့ကြောင်း သိရသည်။

သတင်း

NUG ပြည်ထောင်စုဝန်ကြီးချုပ် ဦးဆောင်သည့် CDM အောင်မြင်ရေး ကော်မတီက ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Facebook