ဧပြီ ၁၁၊၂၀၂၅။သတိုး/ People’s Spring
ငလျင်ဘေးကြုံရသည့်ဒေသများအပါအဝင် ပြည်သူများကို လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေသည့် စစ်ကောင်စီ၏ လေတပ် အိမ်ထောင်သည်လိုင်းခန်း ကင်းဂိတ်ကို လက်ပစ်ဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း Operation Flame (OF)အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
ဧပြီ ၁၁ရက် ည ၇နာရီခွဲခန့်တွင် ရန်ကုန်မြို့၊အင်းစိန်မြို့နယ် သီရီမင်္ဂလာလမ်းမပေါ်ရှိ စစ်ကောင်စီလေတပ်၏ အိမ်ထောင်သည်လိုင်းခန်းကို Operation Flameအဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ဆင်ရေးလုပ်ဆောင်သည့် အဖွဲ့သားအားလုံး ဘေးကင်းသည်ဟု ဆိုသည်။
“လက်ပစ်၂လုံး ပစ်ထည့်ခဲ့တာပါ။ အနည်းဆုံးအစောင့် ၂ကောင် ထိခိုက်မှုရှိနိုင်ပါတယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement
စစ်ကောင်စီသည် ဧပြီ ၂ရက်မှ ၂၂ရက်အထိ ယာယီအပစ်အခတ်ရပ်စဲမည်ဟု ကြေညာခဲ့သော်လည်း လက်တွေ့မြေပြင်၌ အပစ်အခတ်ရပ်စဲကြောင်းထုတ်ပြန်ပြီးနောက် အချိန်နာရီမျှ မခြားဘဲ အရပ်သား ပြည်သူများနေထိုင်ရာမြို့ရွာဒေသများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်။
Operation Flameအနေဖြင့် ဆက်လက်၍ ရန်ကုန်တော်လှန်ရေးမဟာမိတ်များအားလုံးနှင့် အတူလက်တွဲပြီး စစ်ကောင်စီကို အရှိန်မြင့်တိုက်ခိုက်ချေမှုန်းသွားမည်ဟု ထုတ်ပြန်သည်။
Operation Flame အဖွဲ့အနေဖြင့် ဧပြီ ၇ရက်က မင်္ဂလာဒုံတပ်နယ်မှူးရုံး ၊ မတ်လ ၃ရက်က ရွှေပြည်သာရဲစခန်း၊ ဖေဖော်ဝါရီ ၂၃ရက်က မှော်ဘီရဲတပ်ဖွဲ့မှူးရုံးနှင့် ဇန်နဝါရီ ၁၄ရက်က ထောက်ကြန့်ရဲစခန်းတို့ကို တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။
