ဧပြီ၁၀၊၂၀၂၅။ သတိုး/ People’s Spring
ငလျင်ဒဏ်သင့်ဒေသများ လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသည့် စစ်ကောင်စီ၏ လုပ်ရပ်များကို ဆန့်ကျင်ကြောင်း ရန်ကုန်မြို့လယ်အပါအဝင် နေရာအများအပြားတွင် စာတန်းများချိတ်ဆွဲ၍ ဆန္ဒပြခဲ့ကြောင်း ရန်ကုန် လူထုသပိတ်က အသိပေးထားသည်။
” “MILITARY AIRSTRIKE IS THE REAL FUCKING DISASTER” “MILITARY AIRSTRIKE IS REAL FAULT” စသည့်စာသားများကို ရန်ကုန်မြို့လယ် ၊ လှည်းတန်းလမ်းမ စသည့် လူစည်ကားရာနေရာများ၌ ချိတ်ဆွဲ၍ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။
“မြန်မာနိုင်ငံ၌ သဘာဝဘေးအန္တရာယ်ကျရောက်ခြင်းကြောင့် နောက်ဆက်တွဲပျက်စီးဆုံးရှုံးမှုများခံစားရလျက်ရှိသောခိုကိုးရာမဲ့ပြည်သူများ၏ အသက်အိုးအိမ်လုံခြုံရေးအတွက် ကယ်ဆယ်ကူညီပေးမှုမရှိသည့်အပြင် လေကြောင်းတိုက်ခိုက်မှုဖြင့် အသက်အန္တရာယ်ခြိမ်းခြောက်မှု အကြိမ်ကြိမ်ပြုလုပ်လျက်ရှိသော အာဏာသိမ်းအကြမ်းဖက်စစ်အစိုးရအား ဆန့်ကျင်တော်လှန်တိုက်ထုတ်ကြရန် ရန်ကုန်လူထုသပိတ်မှ တပ်လှန့်နှိုးဆော်အပ်သည်။”ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

Public Service Announcement
