close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ငလျင်ကြောင့် လူ ၇၀၀ ခန့်သေဆုံးတယ်လို့စစ်ကောင်စီ ထုတ်ပြန်

မန္တလေးတိုင်းမှာ ငလျင်ကြောင့် သေဆုံးသူဦးရေ ၆၉၄ ဦး ရှိပြီး​ ဒဏ်ရာရရှိသူ ဦးရေ ၁၆၇၀ ဦးရှိနေတယ်လို့ အာဏာသိမ်း မြန်မာစစ်ကောင်စီ က မတ်လ ၂၈ ရက်က ထုတ်ပြန်ပါတယ်။

ငလျင်ကြောင့် ပြိုကျပျက်စီးသွားတဲ့ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မရက္ခိတကျောင်းဆောင် ဓာတ်ပုံ -Moe Nat Ashin

မတ် -၂၉၊၂၀၂၅/People’s Spring

မန္တလေးတိုင်းမှာ ငလျင်ကြောင့် သေဆုံးသူဦးရေ ၆၉၄ ဦး ရှိပြီး​ ဒဏ်ရာရရှိသူ ဦးရေ ၁၆၇၀ ဦးရှိနေတယ်လို့ အာဏာသိမ်း မြန်မာစစ်ကောင်စီ က မတ်လ ၂၈ ရက်က ထုတ်ပြန်ပါတယ်။

ပျောက်ဆုံးနေသူဦးရေဟာလည်း ၆၈ ဦးရှိပြီး အသေးစိတ်စာရင်းကို ဆက်လက်ကောက်ယူနေတယ်လို့ စစ်ကောင်စီ ကဖော်ပြပါတယ်။

ငလျင်ကြောင့် မန္တလေးမြို့ တစ်ခုလုံးနီးပါး အဆောက်အဦးတွေ ပြိုကျပျက်စီးသွားပြီး အပျက်အစီးတွေကြား ပိတ်မိနေသူတွေ အများအပြားရှိနေပါတယ်။

Public Service Announcement

Public Service Announcement

ပိတ်မိနေသူတွေကို အသက်ကယ်ဆယ်နိုင်ဖို့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း တွေ အပူတပြင်းလုပ်ဆောင်ဖို့ လိုအပ်နေတာပါ။

မန္တလေးမြို့ခံတွေရဲ့ပြောပြချက်အရ ရှာဖွေကယ်ဆယ်ရေး အချို့သာရှိပြီး အင်အား ၊ ပစ္စည်းကိရိယာ ၊နည်းပညာ လုံလောက်မှု မရှိဘူးလို့ သိရပါတယ်။

မန္တလေးမှာ ထိခိုက် ဒဏ်ရာရသူ ၊သေဆုံးသူအလွန်အမင်းများပြားတာကြောင့် မန္တလေးဆေးရုံကြီး ရှေ့ အပြင်ဘက် လမ်းပေါ်မှာတင် ဒဏ်ရာရသူတွေ ဆေးကုသမှု ခံယူဖို့ ပြည့်နှက်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖျက်အားပြင်ငလျင်ကြီး၏ အနီးဆုံးမြို့ဖြစ်​သောစစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့် မြို့ပေါ်ရပ်ကွက်များရှိတိုက်တာအဆောက်အဦးအားလုံးနီးပါး နှင့် သမိုင်းဝင်စေတီပုထိုးအများအပြားထိခိုက်ပျက်စီးခဲ့​သော်လည်း မတ်လ ၂၉ ရက်​အထိအ​ရေး​ပေါ်ကယ်ဆယ်ရေးများ အင်တိုက်အားတိုက်မလုပ်နိုင်​သေးဘဲ အကူအညီများလိုအပ်​နေကြောင်း ဒေသခံများကပြောသည်။

သတင်း

အင်အားပြင်းငလျင်လှုပ်ခတ်မှုနှင့်ပတ်သက်၍ တရုတ်သမ္မတ ရှီကျင့်ဖျင်က အာဏာသိမ်းစစ်ခေါင်ဆောင်မင်းအောင်လှိုင်ထံ ဖုန်းခေါ်ဆိုခဲ့ကြောင်း ရန်ကုန်မြို့ တရုတ်သံရုံးက ကနဦး ထုတ်ပြန်သော်လည်း ဖုန်းခေါ်ဆိုခြင်းမရှိဘဲ သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ထပ်မံပြင်ဆင်လိုက်သည်။

သတင်း

ငလျင်ကြောင့်အိုးဘိုအကျဉ်းထောင် အဆောင်ပြိုကျမှုရှိပြီး စစ်ကောင်စီက သတင်းအမှောင်ချခံထား၍ သတင်းအတိအကျရရှိရန် ခက်ခဲနေကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်သည်။

သတင်း

အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေးမြို့မှာ ဗလီ ၅၀ခန့် ပြိုကျပျက်စီးခဲ့ပြီး အစ္စလာမ်ဘာသာဝင်တွေ ထိခိုက်သေဆုံးမှု ရာနဲ့ချီရှိနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ပြောကြားလိုက်ပါတယ်။

Facebook