close
Connect with us

Hi, what are you looking for?

သတင်း

ဟိုတယ်အောင်ပန်းပြိုကျမှုအတွင်း ပိတ်မိနေသူ ၂၅ဦးကယ်ထုတ်နိုင်၊ အမျိုးသမီးသုံးဦး၏ ရုပ်အလောင်းတွေ့

ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့တွင် ငလျင်ဒဏ်ကြောင့် ဟိုတယ်အောင်ပန်းပြိုကျမှုအတွင်း ပိတ်မိနေသူများအနက် ၂၅ ဦး ကယ်ထုတ်ထားနိုင်ပြီး သေဆုံးသူသုံးဦး၏ ရုပ်အလောင်းတွေ့ရှိထားကြောင်း နာရေးကူညီမှုအသင်း အောင်ပန်းက ယနေ့(မတ်လ ၂၉ရက်) နံနက်ပိုင်းတွင် အသိပေးသည်။

မတ်-၂၉၊ ၂၀၂၅။ရဲခေါင်/People’s Spring

ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့တွင် ငလျင်ဒဏ်ကြောင့် ဟိုတယ်အောင်ပန်းပြိုကျမှုအတွင်း ပိတ်မိနေသူများအနက် ၂၅ ဦး ကယ်ထုတ်ထားနိုင်ပြီး သေဆုံးသူသုံးဦး၏ ရုပ်အလောင်းတွေ့ရှိထားကြောင်း နာရေးကူညီမှုအသင်း အောင်ပန်းက ယနေ့(မတ်လ ၂၉ရက်) နံနက်ပိုင်းတွင် အသိပေးသည်။

မတ်လ၂၈ရက် နေ့လည်ပိုင်းက အင်အားပြင်းငလျင်ဒဏ်ကြောင့် ပြိုကျခဲ့သော ဟိုတယ်အောင်ပန်း အတွင်း ပိတ်မိနေသူများအား ကယ်ဆယ်ရေးအဖွဲ့များက ယမန်နေ့ညတွင် မိုးလင်းပေါက်ရှာဖွေခဲ့သည်ဟု ဆိုသည်။

“ကနဦး အမျိုးသမီး သုံးဦး သေဆုံး၊ အမျိုးသမီး ၁၇ဦး နှင့် အမျိုးသား ၈ဦး ဆေးရုံ”ဟု နာရေးကူညီမှုအသင်းအောင်ပန်းက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

လက်ရှိအချိန်ထိ ပူးပေါင်းကယ်ဆယ်ရေးအဖွဲ့များ ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး ကယ်ထုတ်ရမည့်သူများကျန်ရှိနေကာ အရေအတွက်ကိုမူ မခန့်မှန်းနိုင်သေးဟု ဆိုသည်။

“ပြိုကျတဲ့ အောက်ဆုံးဘက်မှာ ပိတ်မိတဲ့သူတွေ များ တယ်။ထုကြီးတော့ အထဲဖောက်ဖို့အားစိုက်ရတယ်”ဟု ဟိုတယ်အောင်ပန်းတွင် ကယ်ဆယ်ရေး လုပ်နေသူတစ်ဦးက ပြောသည်။

အောင်ပန်းမြို့တွင် နေအိမ်အုတ်တံတိုင်းပြိုကျမှုကြောင့် ဒဏ်ရာရရှိသူများလည်းရှိသည်ဟု သိရသည်။

ငလျင်၏ ဗဟိုပြုချက်ရှိ စစ်ကိုင်းနှင့် မန္တလေးတို့တွင်လည်း ရေတွက်မရသေးသည့် ရာဂဏန်းရှိ သေဆုံးမှုများနှင့် ကျောက်ဆည်၊ဝမ်းတွင်း၊ပျော်ဘွယ်၊မိတ္ထီလာ၊ရမည်းသင်း၊နေပြည်တော်၊တောင်ငူနှင့် ညောင်ရွှေမြို့နယ်(အင်းလေးဒေသ)တို့တွင်လည်း လူသေဆုံးမှုများရှိနေသည်။

ငလျင်သည် စစ်ကိုင်းမြို့အနီးကို ဗဟိုပြုလှုပ်ခတ်သွားပြီး စစ်ကိုင်း ၊မန္တလေး၊ နေပြည်တော် ၊ တောင်ကြီးနှင့် ပဲခူးတို့တွင် လူသေဆုံးမှုနှင့် ထိခိုက်ပျက်စီးမှုများစွာရှိကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဖျက်အားပြင်ငလျင်ကြီး၏ အနီးဆုံးမြို့ဖြစ်​သောစစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့် မြို့ပေါ်ရပ်ကွက်များရှိတိုက်တာအဆောက်အဦးအားလုံးနီးပါး နှင့် သမိုင်းဝင်စေတီပုထိုးအများအပြားထိခိုက်ပျက်စီးခဲ့​သော်လည်း မတ်လ ၂၉ ရက်​အထိအ​ရေး​ပေါ်ကယ်ဆယ်ရေးများ အင်တိုက်အားတိုက်မလုပ်နိုင်​သေးဘဲ အကူအညီများလိုအပ်​နေကြောင်း ဒေသခံများကပြောသည်။

သတင်း

အင်အားပြင်းငလျင်လှုပ်ခတ်မှုနှင့်ပတ်သက်၍ တရုတ်သမ္မတ ရှီကျင့်ဖျင်က အာဏာသိမ်းစစ်ခေါင်ဆောင်မင်းအောင်လှိုင်ထံ ဖုန်းခေါ်ဆိုခဲ့ကြောင်း ရန်ကုန်မြို့ တရုတ်သံရုံးက ကနဦး ထုတ်ပြန်သော်လည်း ဖုန်းခေါ်ဆိုခြင်းမရှိဘဲ သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ထပ်မံပြင်ဆင်လိုက်သည်။

သတင်း

ငလျင်ကြောင့်အိုးဘိုအကျဉ်းထောင် အဆောင်ပြိုကျမှုရှိပြီး စစ်ကောင်စီက သတင်းအမှောင်ချခံထား၍ သတင်းအတိအကျရရှိရန် ခက်ခဲနေကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်သည်။

သတင်း

အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေးမြို့မှာ ဗလီ ၅၀ခန့် ပြိုကျပျက်စီးခဲ့ပြီး အစ္စလာမ်ဘာသာဝင်တွေ ထိခိုက်သေဆုံးမှု ရာနဲ့ချီရှိနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ပြောကြားလိုက်ပါတယ်။

Facebook