close
Connect with us

Hi, what are you looking for?

သတင်း

ငလျင်ကြောင့် အိုးဘိုထောင် အဆောင်ပြိုကျ စစ်ကောင်စီသတင်းအမှောင်ချထား

ငလျင်ကြောင့်အိုးဘိုအကျဉ်းထောင် အဆောင်ပြိုကျမှုရှိပြီး စစ်ကောင်စီက သတင်းအမှောင်ချခံထား၍ သတင်းအတိအကျရရှိရန် ခက်ခဲနေကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်သည်။

အိုးဘိုအကျဥ်း​ထောင်ကို Google Earth တွင်​တွေ့ရမှု

“ကျမအမျိုးသားက အိုးဘိုထောင်မှာရှိတာပါ။ အဆောင်တခုပြိုကျတယ်လို့ကြားရပြီးကျန်တာလုံးဝစုံစမ်းလို့မရပါဘူး” -နိုင်ကျဥ်းတဦး၏ဇနီးသည်

ဇော်ရမ်း/People’s Spring

ငလျင်ကြောင့်အိုးဘိုအကျဉ်းထောင် အဆောင်ပြိုကျမှုရှိပြီး စစ်ကောင်စီက သတင်းအမှောင်ချခံထား၍ သတင်းအတိအကျရရှိရန် ခက်ခဲနေကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်သည်။

အိုးဘိုအကျဉ်းထောင် အဆောင်ပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးမှုအခြေအနေများအား စုံစမ်းလျှက်ကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

PPNM ဗဟိုကော်မတီဝင်ကိုသိုက်ထွန်းဦးက “မနေ့က လူနာတင်ကား ဆယ်စီးကျော်ဝင်သွားတယ်။ ထိခိုက်သေဆုံးမှုတွေရှိတယ်ဆိုတာပြောနိုင်တယ်။ လက်ရှိမှာအကျဉ်းထောင်ရဲ့အခြေနေကိုသတင်းမှောင်ချထားလို့ ထိခိုက်ဒဏ်ရာရရှိမှုနဲ့အဆောက်အအုံပျက်စီးမှုကို ဒီနေ့နေ့ခင်းထိ ဘာအချက်အလက်မှ ကောင်းကောင်းမရသေးဘူး။ အချက်အလက်တွေရဖို့ ကြိုးစားနေပါတယ်” ဟု ပြောသည်။

မြစ်သားမြို့နယ်မှ နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ အမျိုးသမီးက “ကျမအမျိုးသားက အိုးဘိုထောင်မှာရှိတာပါ။ အဆောင်တခုပြိုကျတယ်လို့ကြားရပြီးကျန်တာလုံးဝစုံစမ်းလို့မရပါဘူး။တွေ့ခွင့်လည်းမရပါဘူး။ဘယ်လိုကြိုးစားကြိုးစားအချိတ်အဆက်မရဘူးဖြစ်နေပါတယ်”ဟုပြောသည်။

ငလျင်ကြောင့်အကျဉ်းထောင်ထိခိုက်မှုများကိုစုံစမ်းရာ ဒိုက်ဦးထောင်၊ညောင်ဦးထောင်၊ပုသိမ်ထောင်၊မိတ္ထီလာထောင်၊သာယာဝတီထောင်၊အင်းစိန်ထောင်၊သရက်ထောင်၊မအူပင်ထောင်၊တောင်ငူထောင်၊ကလေးထောင် တို့တွင် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူများအပါအဝင် အကျဉ်းသားအားလုံး ထိခိုက်မှုမရှိကြောင်း ကနဦးသိရှိထားသည်ဟု PPNMက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဖျက်အားပြင်ငလျင်ကြီး၏ အနီးဆုံးမြို့ဖြစ်​သောစစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့် မြို့ပေါ်ရပ်ကွက်များရှိတိုက်တာအဆောက်အဦးအားလုံးနီးပါး နှင့် သမိုင်းဝင်စေတီပုထိုးအများအပြားထိခိုက်ပျက်စီးခဲ့​သော်လည်း မတ်လ ၂၉ ရက်​အထိအ​ရေး​ပေါ်ကယ်ဆယ်ရေးများ အင်တိုက်အားတိုက်မလုပ်နိုင်​သေးဘဲ အကူအညီများလိုအပ်​နေကြောင်း ဒေသခံများကပြောသည်။

သတင်း

အင်အားပြင်းငလျင်လှုပ်ခတ်မှုနှင့်ပတ်သက်၍ တရုတ်သမ္မတ ရှီကျင့်ဖျင်က အာဏာသိမ်းစစ်ခေါင်ဆောင်မင်းအောင်လှိုင်ထံ ဖုန်းခေါ်ဆိုခဲ့ကြောင်း ရန်ကုန်မြို့ တရုတ်သံရုံးက ကနဦး ထုတ်ပြန်သော်လည်း ဖုန်းခေါ်ဆိုခြင်းမရှိဘဲ သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ထပ်မံပြင်ဆင်လိုက်သည်။

သတင်း

အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေးမြို့မှာ ဗလီ ၅၀ခန့် ပြိုကျပျက်စီးခဲ့ပြီး အစ္စလာမ်ဘာသာဝင်တွေ ထိခိုက်သေဆုံးမှု ရာနဲ့ချီရှိနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ပြောကြားလိုက်ပါတယ်။

သတင်း

ငလျင်ဒဏ်သင့်ပြည်သူများအတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ(ပကဖ၊ပအဖ)အနေဖြင့် ထိန်းချုပ်နယ်မြေအတွင်းရှိ တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အစွမ်းကုန်ကူညီဆောင်ရွက်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်သည်။

Facebook