close
Connect with us

Hi, what are you looking for?

သတင်း

ကိုထိန်လင်းနှင့် မြန်မာမိသားစုများတွေ့ဆုံပွဲမှ ရန်ပုံငွေ ကန်ဒေါ်လာ ငါးသောင်းကျော်ရ

ကိုထိန်လင်းနှင့် မြန်မာမိသားစုများ နယူးယောက်မြို့တွေ့ဆုံပွဲတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထောက်ပံ့ရန်အတွက်ရံပုံငွေ အမေရိကန်ဒေါ်လာ ငါးသောင်းကျော်ရရှိခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ - Revo-NYC Photography Group

People’s Spring

ကိုထိန်လင်းနှင့် မြန်မာမိသားစုများ နယူးယောက်မြို့တွေ့ဆုံပွဲတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထောက်ပံ့ရန်အတွက်ရံပုံငွေ အမေရိကန်ဒေါ်လာ ငါးသောင်းကျော်ရရှိခဲ့ကြောင်းသိရသည်။

Suu 80th Birthday Campaign အတွက် နယူးယောက်ရှိ မြန်မာမိသားစုများနှင့် မတ်လ ၁၅ ရက်က တွေ့ဆုံခဲ့ပြီး နယူးယောက်ဒေသခံ မြန်မိသားစုများအပါအဝင် နီးစပ်ရာအခြားမြို့များမှ မြန်မာမိသားစုများ မြန်မာ့နွေဦးတော်လှန်ရေး ထောက်ပို့အဖွဲ့များ စုစုပေါင်း ၁၀၀၀ နီးပါးတက်ရောက်ခဲ့ကြသည်။

အဆိုပါပွဲတွင် Kim Airs ၏ ပုံတူပန်းချီကားကို အမေရိကန်ဒေါ်လာ ၈၈၈၈ ဒေါ်လာ၊ Suu 80th Birthday Calender ကိုအမေရိကန်ဒေါ်လာ ၅၅၀၀ ဒေါ်လာတို့ဖြင့်လေလံတင်ရာင်းချခဲ့သည်။ ထို့အပြင် Suu 80th Birthday Postcard များလည်းရောင်းချခဲ့ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၂၀၀၀ ကျော်ရရှိခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

Suu 80th Birthday Campaign အတွက် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကိုထိန်လင်းသည် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံရုံးသို့ ယနေ့ သွားရောက်ခဲ့သည်။

သတင်း

အမေရိကန်ရောက် မြန်မာပြည်သူများနှင့် တွေ့ဆုံပွဲကို တက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ KimAris (ခေါ်) ကိုထိန်လင်း နယူးယောက်သို့ ယနေ့ရောက်ရှိလာပြီဖြစ်သည်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ပြည်ပရောက်မြန်မာများက ပင်လုံစာချုပ် ချုပ်ဆိုခြင်း (၇၉) နှစ်မြောက် အခမ်းအနားကို ယနေ့ (ဖေဖော်ဝါရီ ၉) ပြုလုပ်ခဲ့သည်။

သတင်း

စစ်အာဏာသိမ်းမှု ၄နှစ်ပြည့်ချိန်မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကိုထိန်လင်းက ၎င်းရဲ့မိခင်ကို လွှတ်ပေးဖို့ ထပ်မံတောင်းဆိုလိုက်ပါတယ်။