close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အထက်စည်းက ဆက်ဆံနေသ၍ အမေရိကန်နဲ့ မညှိနှိုင်းနိုင်ဘူးလို့ အီရန် သမ္မတပြော

အထက်စည်းဆန်ဆန် ဆက်ဆံနေသ၍ အီရန်ဟာ အမေရိကန်နဲ့ ဘာညှိနှိုင်းမှုမှ လုပ်မှာ မဟုတ်ဘူးလို့ အီရန် သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်က ပြောကြားလိုက်ပါတယ်။

အထက်စည်းဆန်ဆန် ဆက်ဆံနေသ၍ အီရန်ဟာ အမေရိကန်နဲ့ ဘာညှိနှိုင်းမှုမှ လုပ်မှာ မဟုတ်ဘူးလို့ အီရန် သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်က ပြောကြားလိုက်ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သူဟာ အီရန် နျူကလီးယား အရေးအတွက် ဆွေးနွေးမှုတွေ ပြန်လည် စတင်ဖို့ အီရန် အစိုးရဆီ စာရေးသားပေးပို့ ဖိတ်ခေါ်ခဲ့တယ်လို့ ပြောကြားခဲ့တဲ့နောက် ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ အီရန် အဓိပတိ အယာတိုလာ အလီ ခါမေနီက အီရန်ဟာ အနိုင်အထက် ဖိအားပေးတဲ့ ပုံစံမျိုးနဲ့ဆိုရင် ဘယ်ညှိနှိုင်းမှုကိုမှ လုပ်ဆောင်မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

မတ်လ ၁၁ ရက်နေ့မှာတော့ အီရန် သမ္မတ ပက်ဇက်ရှ်ခန်ကလည်း ခါမေနီနဲ့ တူညီတဲ့ သဘောထားကို ထုတ်ပြောခဲ့တယ်လို့ အီရန် အစိုးရ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

အမေရိကန်က အီရန်အပေါ် အမိန့်တွေပေး၊ ခြိမ်းခြောက်မှုတွေ လုပ်နေတာဟာ လုံးဝ လက်ခံနိုင်စရာ မရှိကြောင်း၊ သူ့အနေနဲ့ အမေရိကန်ကို လက်ခံ ဆွေးနွေးစရာဘာမှ မရှိကြောင်း၊ မကျေနပ်ရင် ထရမ့်က ကြိုက်တာလုပ်နိုင်ကြောင်း အီရန် သမ္မတက ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်က သူဟာ အီရန်ရဲ့ နျူကလီးယား မူဝါဒတွေနဲ့ ပတ်သက်ပြီး အမေရိကန်ဆီကနေ အမြင့်ဆုံးအဆင့် ဖိအားပေးမှုတွေ ဆက်လုပ်နေမယ်လို့ ပြောကြားခဲ့တဲ့အပေါ် ပက်ဇက်ရှ်ခန်က အခုလို တုံ့ပြန်ခဲ့တာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက Fox သတင်းဌာနနဲ့ အင်တာဗျူးမှာ ထရမ့်က အီရန်မှာ ရွေးစရာ နှစ်ခုပဲ ရှိကြောင်း၊ စစ်ရေးအရ ရင်ဆိုင်မလား၊ ဒါမှမဟုတ် သဘောတူညီမှု တစ်ခုခုကို ရှာဖွေမလားဆိုတာဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့ပါတယ်။

အစ္စရေးနဲ့ အမေရိကန်တို့က အီရန်ဟာ နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်ဖို့ ကြိုးစားနေကြောင်း စွပ်စွဲထားပြီး အီရန် အစိုးရဖက်ကတော့ နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုဖို့သာ ရည်ရွယ်ထားကြောင်း တုံ့ပြန်ထားပါတယ်။

ဒါပေမဲ့ အီရန်ရဲ့ ယူရေနီယမ် သန့်စင်မှုဟာ ၆၀ ရာခိုင်နှုန်းထိ မြင့်တက်လာနေပြီး နျူကလီးယား လက်နက်တွေ ထုတ်လုပ်နိုင်တဲ့ ၉၀ ရာခိုင်နှုန်း သန့်စင်မှုဆီ တဖြည်းဖြည်း နီးကပ်လာနေကြောင်း နိုင်ငံတကာ အက်တမ်စွမ်းအင် အေဂျင်စီ (IAEA)က သတိပေးထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သူ့ရဲ့ မိတ်ဆွေ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး အီလွန်မတ်စ်ခ် ပိုင်ဆိုင်တဲ့ လျှပ်စစ်ကား ကုမ္ပဏီ Teslaရဲ့ ရှယ်ယာတန်ဖိုးတွေ ကျဆင်းလာတဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ အိမ်ဖြူတော်မှာ Tesla ကားတွေကို ခင်းကျင်း ပြသစေခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် ပညာရေး ဝန်ကြီးဌာနဟာ ဝန်ထမ်းအင်အား စုစုပေါင်း ထက်ဝက်လောက်ကို လျှော့ချဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဆိုပြုတဲ့ ရက်ပေါင်း ၃၀ အပစ်အခတ် ရပ်စဲရေး အဆိုကို ယူကရိန်းက လက်ခံခဲ့ခြင်းနဲ့အတူ ယူကရိန်းအတွက် အထောက်အပံ့တွေကို အမေရိကန်က ပြန်လည် ခွင့်ပြုထားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

အီရန်၊ တရုတ်နဲ့ ရုရှား သုံးနိုင်ငံ ရေတပ်တွေ ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်မှု တစ်ခုကို အိုမန် ပင်လယ်ကွေ့မှာ မတ်လ ၁၀ ရက်နေ့ အစပြုခဲ့ကြောင်း သိရပါတယ်။

Facebook