close
Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ သားဖြစ်သူ ကိုထိန်လင်းထပ်မံတောင်းဆို

စစ်အာဏာသိမ်းမှု ၄နှစ်ပြည့်ချိန်မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကိုထိန်လင်းက ၎င်းရဲ့မိခင်ကို လွှတ်ပေးဖို့ ထပ်မံတောင်းဆိုလိုက်ပါတယ်။

“လွတ်လပ်တဲ့ ရွေးကောက်ပွဲရလဒ်နဲ့ ဒုတိယအကြိမ် အုပ်ချုပ်ခွင့်မရအောင် စစ်တပ်ရဲ့ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ မေမေလွတ်မြောက်ဖို့နဲ့ ဒီမိုကရေစီကျတဲ့ ရွေးကောက်ပွဲတွေအတွက် ကျွန်တော်မရပ်အနားကြိုးစားသွားမယ်”

ကိုထိန်လင်း

လီလီယန်/People’s Spring

စစ်အာဏာသိမ်းမှု ၄နှစ်ပြည့်ချိန်မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကိုထိန်လင်းက ၎င်းရဲ့မိခင်ကို လွှတ်ပေးဖို့ ထပ်မံတောင်းဆိုလိုက်ပါတယ်။

မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ ရေးသားတဲ့စာကို ကိုထိန်လင်း(ခေါ်)ကင်မ်အဲရစ်က အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရှိ စစ်ကောင်စီသံရုံးသို့ သွားရောက်ပေးပို့ခဲ့ပါတယ်။ ကိုထိန်လင်းက သံရုံးရှေ့ရှိ လူခေါ်ခေါင်းလောင်းမှတဆင့်၊ ဆက်သွယ်ရေးကိရိယာမှတဆင့် လူကိုယ်တိုင်လက်ခံယူဖို့ ခေါ်ဆိုခဲ့ပေမယ့် သံရုံးအတွင်းမှ ဘယ်သူမှ ထွက်ပေါ်မလာတာကြောင့် စာထည့်တဲ့နေရာကနေပဲ ထည့်ထားခဲ့ရပါတယ်။

“မြန်မာစစ်တပ်က နိုင်ငံလွတ်လပ်ရေးအတွက် မကြောက်မရွံကြိုးစားနေတဲ့ ၇၉နှစ်အရွယ် အမျိုးသမီးကြီးကို မတရားချုပ်နှောင်ထားတာဟာ မှားယွင်းတဲ့ လုပ်ရပ်ဖြစ်တယ်။ ဒီအတွက်လည်း သားတစ်ယောက်အနေနဲ့ အင်မတန်စိတ်ထိခိုက်ရတယ်။ လွတ်လပ်တဲ့ ရွေးကောက်ပွဲရလဒ်နဲ့ ဒုတိယအကြိမ် အုပ်ချုပ်ခွင့်မရအောင် စစ်တပ်ရဲ့ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ မေမေလွတ်မြောက်ဖို့နဲ့ ဒီမိုကရေစီကျတဲ့ ရွေးကောက်ပွဲတွေအတွက် ကျွန်တော်မရပ်အနားကြိုးစားသွားမယ်” လို့ ကိုထိန်လင်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်အစိုးရဟာ ပြည်သူတွေရဲ့ ပြင်းပြတဲ့စိတ်ဓာတ်ကို အင်မတန်ကြောက်ပြီး ၎င်းရဲ့မိခင်ဖြစ်သူ ချုပ်နှောင်ခံထားရတာ လေးနှစ်ရှိပြီလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူက ဆိုပါတယ်။

“မေမေချစ်တဲ့ မြန်မာပြည်နဲ့ ပြည်သူတွေအတွက် ဆက်ပြီးကြိုးစားပါ့မယ်။ ကျွန်တော့်အဖိုးက လွတ်လပ်ရေးရအောင် ကြိုးပမ်းနေဆဲမှာ လုပ်ကြံခံရတယ်။ ကင်ဆာရောဂါခံစားရတဲ့ ကျွန်တော့်အဖေလည်း နောက်ဆုံးအချိန်ထိ မေမေ့ကို တွေ့ခွင့်မရခဲ့ဘူး။ ကျွန်တော်တို့ ညီကိုတွေလည်း အချိန်အတော်ကြာတဲ့အထိ မေမေ့ကို တွေ့ခွင့်မရခဲ့ဘူး။ ဒါတွေဟာ ကျွန်တော်တို့ မိသားစုခံစားခဲ့ရတဲ့ ဆိုးဝါးတဲ့အတွေ့အကြုံတွေ ဖြစ်တယ်။ မေမေဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီလမ်းကြောင်းအတွက် နောက်ဆုံးမျှော်လင့်ချက်ဖြစ်တယ်။ မေမေလွတ်ကို လွတ်မြောက်ရမယ်။ မီးတောက်လို ပြင်းပြတဲ့ ဆန္ဒဟာ ဘာကြောင့်မှ မငြိမ်းစေရဘူး” လို့ ကိုထိန်လင်းက ပြောပါတယ်။

စစ်တပ်ဟာ လွန်ခဲ့တဲ့ ၄နှစ် စစ်အာဏာသိမ်းချိန်ကစလို့ ပြည်သူရွေးချယ်တင်မြှောက်ခံ အရပ်သားအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး မတရားတဲ့ ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ လာမယ့် ဇွန်လ ၁၉ရက်မှာ အသက် ၈၀ ပြည့်တော့မယ့် ဒေါ်အောင်ဆန်းစုကြည်ကို မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်ကောင်စီက နှစ်ပေါင်း ၂၀ ကျော် မတရားတဲ့ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်ထားပါတယ်။

စစ်အာဏာသိမ်းမှု ၄နှစ်အတွင်း ကိုထိန်လင်းဟာ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ထံမှ စာတစ်စောင်သာ အဆက်အသွယ်ရရှိခဲ့ပြီး လက်ရှိမှာ ဘယ်နေရာမှာ၊ ဘယ်လိုထားရှိသလဲ ဆိုတာနဲ့ ၎င်းမိခင်ရဲ့ ကျန်းမာရေးအခြေအနေကိုလည်း မသိရှိရဘဲ လပေါင်းများစွာ အဆက်အသွယ်ပြတ်တောက်နေတယ်လို့ သိရသည်။

ကုလသမဂ္ဂက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်အပါအဝင် တရားလက်လွှတ်မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားအားလုံးကို လွှတ်ပေးဖို့ အာဏာသိမ်းစစ်ကောင်စီကို တောင်းဆိုထားပေမယ့် စစ်ကောင်စီကတော့ အခုအချိန်အထိ လျစ်လျူရှုထားပါတယ်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က မနေ့(ဇန်နဝါရီ ၃၁ရက်)ထုတ်ပြန်ချက်အရ မတရားအာဏာလုမှုဖြစ်စဉ်နှင့်ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈၄၄၄) ဦးရှိပြီး ထိုအထဲမှ (၂၁၇၂၂) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၂၀၉) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ ဖော်ပြပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ အကြမ်းဖက်စစ်အုပ်စုနဲ့ ၎င်းရဲ့လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူများနဲ့ ပြည်သူစုစုပေါင်းမှာ (၆၂၃၉) ဦး ရှိခဲ့ပြီလို့ AAPP က မှတ်တမ်းတင်ထားပါတယ်။

ဆက်စပ်သတင်းများ

ရသ

သုည/People’s Spring ရန်ကုန်မြို့တစ်နေရာတွင် စစ်တပ် အာဏာသိမ်း မှု(၄) နှစ်ပြည့်သည့်​နေ့တွင် စစ်ဖိနပ်​အောက်တွင်ပင် ရှိ​နေ​သေး​ကြောင်း စာတန်းချိတ်၍ လှုံ့ဆော်ဆန္ဒပြခဲ့သည်။ တော်လှန်လူငယ်များက “We Are Still Under the Military’s Boots”၊ “ကျွန်ုပ်တို့သည် စစ်ဖိနပ်အောက်တွင် ရှိနေဆဲဖြစ်သည်” စာတန်းကို ချိတ်ဆွဲပြီး...

သတင်း

ကုလလုံခြုံရေးကောင်စီမှ ထိရောက်သည့် အရေးယူဆောင်ရွက်မှု မရှိသည့်အပေါ် မြန်မာပြည်သူများက အလွန်အမင်း စိတ်ပျက်နေဟု ရှင်းလင်း

သတင်း

နိုင်ငံ​တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို ကျပ်သုံးဘီလီယံ လျော့၍ ရောင်းချရန် ရန်ကုန်မြို့ ၊ကမာရွတ်မြို့နယ်တရားရုံးက အမိန်ချမှတ်လိုက်ကြောင်း စုံစမ်း သိရှိရသည်။

သတင်း

ယနေ့ (ဇန်နဝါရီ ၁၃) ကျရောက်သည့် ကမ္ဘာ့အမေများနေ့တွင် စစ်တပ်၏ မတရားဖမ်းဆီး​ထောင်ချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အမြန်လွတ်မြောက်ပါစေကြောင်း ဖားကန့်မြို့နယ်ရှိ မှော်လှည့်သပိတ်က တောင်းဆိုဆန္ဒပြခဲ့ကြသည်။