close
Connect with us

Hi, what are you looking for?

သတင်း

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံရုံးသို့ ကိုထိန်လင်းသွားရောက်တွေ့ဆုံ

Suu 80th Birthday Campaign အတွက် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကိုထိန်လင်းသည် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံရုံးသို့ ယနေ့ သွားရောက်ခဲ့သည်။

ဓာတ်ပုံ - Kyaw Soe Latt , Terry Win

People’s Spring

Suu 80th Birthday Campaign အတွက် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကိုထိန်လင်းသည် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံရုံးသို့ ယနေ့ သွားရောက်ခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံရုံးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် တွေ့ဆုံခဲ့ပြီး ကိုထိန်လင်းက သံအမတ်ကြီးအတွက် Suu 80th Birthday အမှတ်တရထုတ်ဝေသော ပြက္ခဒိန်ကိုလက်ဆောင်ပေးအပ်ခဲ့သည်။

ကိုထိန်လင်းသည် မတ်လ ၁၃ ရက်က နယူးယောက်ရှိ ကုလသမဂ္ဂရုံးချုပ်တွင်ကျင်းပခဲ့သော UN Event ၌ မြန်မာနိုင်ငံမှာရှိသည့် စစ်ဘေးသင့်အမျိုးသမီးများ၊ ကလေးများခံစားရတဲ့ Post Trauma Stress Disorder (PTSD) အကြောင်းကို အလေးပေး ဆွေးနွေးခဲ့ကြောင်းသိရသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ လိုအပ်လျက်ရှိသည့် လူဦးရေနှင့် လက်ရှိမြန်မာနိုင်ငံ၏ အသေးစိတ်အခြေအနေကိုလည်း တင်ပြဆွေးနွေးခဲ့ကြောင်းသိရသည်။

Suu 80th Birthday Campaign အတွက် မြန်မာပြည်သူများနှင့်တွေ့ဆုံပွဲကို မတ်လ ၁၅ ရက်တွင်ကျင်းပမည်ဖြစ်ပြီး ကိုထိန်လင်းနှင့်အတူ၊ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုး၊ ဒေါ်အောင်ဆန်းစုကြည်၏စီးပွါးရေးအကြံပေး Sean Turnell တို့ တက်ရောက်ကြမည်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်ရောက် မြန်မာပြည်သူများနှင့် တွေ့ဆုံပွဲကို တက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ KimAris (ခေါ်) ကိုထိန်လင်း နယူးယောက်သို့ ယနေ့ရောက်ရှိလာပြီဖြစ်သည်။

သတင်း

လီလီယန်/People’s Spring မျက်မှောက်အခြေအနေများအရ မြန်မာနိုင်ငံတွင် ပြည်သူများအတွက် လူမှုလုံခြုံရေးလုံးဝ မရှိဘဲ နိုင်ငံတကာအသိုက်အဝန်းက မြန်မာ့အရေးကိစ္စအား ပိုမိုအလေးထား အာရုံစိုက်ဖြေရှင်းသင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောကြားသည်။ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပလျက်ရှိသော (၆၃) ကြိမ်မြောက်လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်အစည်းအဝေးတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောကြားခဲ့ပြီး...

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ပြည်ပရောက်မြန်မာများက ပင်လုံစာချုပ် ချုပ်ဆိုခြင်း (၇၉) နှစ်မြောက် အခမ်းအနားကို ယနေ့ (ဖေဖော်ဝါရီ ၉) ပြုလုပ်ခဲ့သည်။

သတင်း

အီယိုရီ/People’s Spring မြန်မာကလေးငယ်များနှင့် ၎င်းတို့၏ အနာဂတ်အား ကယ်တင်ပေးကြရန် နိုင်ငံတကာအသိုက်အဝန်းနှင့် ကုလသမဂ္ဂအေဂျင်စီများက စစ်ကောင်စီအား လေယာဥ်ဆီဖြတ်တောက်ရန် သံအမတ်ကြီးဦးကျော်မိုးထွန်းက တောင်းဆိုသည်။ ကုလသမဂ္ဂကလေးငယ်များရန်ပုံငွေအဖွဲ့ (UNICEF)၏ အမှုဆောင်ဘုတ်အဖွဲ့ ၂၀၂၅ ပထမအကြိမ် ပုံမှန်အစည်းအဝေးကို ကျင်းပလျက်ရှိရာ အာဏာသိမ်းစစ်ကောင်စီလက်အောက်တွင် မြန်မာနိုင်ငံရှိ ကလေးငယ်များအပေါ် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ...

Facebook