သုည/People’s Spring
ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ပြည်ပရောက်မြန်မာများက ပင်လုံစာချုပ် ချုပ်ဆိုခြင်း (၇၉) နှစ်မြောက် အခမ်းအနားကို ယနေ့ (ဖေဖော်ဝါရီ ၉) ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားကို ဗြိတိန်ရောက်တိုင်းရင်းသား အဖွဲ့အစည်းများ၊ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သူ ကင်မ်နှင့် ဗြိတိန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဒေါက်တာသက်ကိုကိုတို့လည်း တက်ရောက်ခဲ့ကြသည်။
ယင်းပွဲတွင် ပင်လုံနေ့အထိမ်းအမှတ် တော်လှန်ရေးရန်ပုံငွေရှာဖွေပွဲအဖြစ် တိုင်းရင်းသားရိုးရာ အစားအစာများ ရောင်းချခဲ့ကာ ရန်ပုံငွေများကို ပြည်တွင်းရှိ လိုအပ်သည့်နေရာများသို့ တိုက်ရိုက် ထောက်ပို့သွားမည်ဖြစ်ကြောင်း မြန်မာအဖွဲ့အစည်းများက ဆိုသည်။

Public Service Announcement
