close
Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီအမှတ်(၃)တပ်ရင်းမှ ရဲဘော်များ လမ်းပိုင်းစစ်ဆေး

ဧရာဝတီအမှတ်(၃)တပ်ရင်းမှ ရဲဘော်များသည် အဝေးပြေးလမ်းမတစ်ခုတွင် ယာဉ်များအား လမ်းပိုင်းစစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း အဆိုပါတပ်ရင်းက အသိပေးထုတ်ပြန်သည်။

မိထက်/People’s Spring

ဧရာဝတီအမှတ်(၃)တပ်ရင်းမှ ရဲဘော်များသည် အဝေးပြေးလမ်းမတစ်ခုတွင် ယာဉ်များအား လမ်းပိုင်းစစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း အဆိုပါတပ်ရင်းက အသိပေးထုတ်ပြန်သည်။

လမ်းပိုင်းအမည်ဖော်ပြမထားသော အဝေးပြေးလမ်းပိုင်းတစ်ခုတွင် စစ်ဆေးရေးလုပ်နေသည့်မှတ်တမ်းဓာတ်ပုံများကို ယ‌နေ့(မတ်လ ၁၃ရက်) ထုတ်ပြန်ခဲ့သည်။

” မြို့ပြတွေနဲ့အနီးဆုံးမှာ ကျွန်တော်တို့ ဧရာဝတီအမှတ် (၃)တပ်ရင်း အမြဲတမ်းရှိနေပါတယ်”ဟု ရေးသားထားပြီး ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့် ပတ်သက်ဆက်နွယ်ခြင်း၊ နီးနီးကပ်ကပ်နေထိုင်ခြင်းများအား ရှောင်ကျဥ်ကြရန် အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဧရာဝတီအမှတ်(၃)တပ်ရင်းသည် မူလက ဟင်္သာတခရိုင်အမှတ်(၂)တပ်ရင်းအဖြစ် ကရင်ပြည်နယ် လေးကေ့ကော်ဒေသတွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၃တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ကွပ်ကဲမှုအောက်သို့ ဝင်ရောက်ခဲ့သည်။ တပ်ရင်း အမည်ကိုလည်း ဧရာဝတီအမှတ်(၃)တပ်ရင်းအဖြစ် ကြေညာခဲ့သည်။

ပဲခူးရိုးမ၊ စစ်တောင်းမြစ်ဝှမ်းလွင်ပြင် မုန်းဒေသတွင်မဟာမိတ်ပူးပေါင်းစစ်ကြောင်းများနှင့် ပူးပေါင်း

လက်တွဲ၍ တိုက်ပွဲများဖော်ဆောင်လျက်ရှိကြောင်း ၂၀၂၄ နိုဝင်ဘာလတွင် သတင်းထုတ်ပြန်အသိပေးခဲ့သည်။

ဧရာဝတီတိုင်းသည် ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတို့နှင့် နယ်မြေချင်းထိဆက်‌နေသည်။

ရခိုင်ပြည်နယ်နှင့် နယ်စပ်ဒေသများဖြစ်သော ရွှေသောင်ယံ၊ သာပေါင်း၊ငါးသိုင်းချောင်းမြို့နယ်များတွင် အာရက္ခတပ်တော်(AA)၊ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများဖြစ်ပွားနေသည်။

ထို့အပြင် ဧရာဝတီမြစ်ခြားလျက်ဆက်စပ်တည်ရှိနေသည့် ပဲခူးတိုင်းအတွင်းရှိ မြို့နယ်အချို့တွင်လည်း စစ်ရေးတင်းမာနေသည်။ ဧရာဝတီတိုင်းမှ လူငယ်အချို့သည် အာရက္ခတပ်တော်(AA)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် အညာဒေသရှိ PDF တပ်ရင်းများအပြင် ‌တော်လှန်ရေးတပ်အချို့တွင် စစ်ရေးတာဝန်များထမ်းဆောင်နေသည်။

MOD၏ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲ၏ကွပ်ကဲအုပ်ချုပ်မှုကိုခံယူ၍ တိုင်းစစ်ဌာန(ဧရာဝတီ)ကို စစ်ကြောင်း၊ တပ်ရင်း၊ ဗျူဟာများ အဆင့်ဆင့် ဖွဲ့စည်းခဲ့ပြီး ဧရာဝတီတိုင်းသို့ ထိုးဖောက်ဝင်ရောက်ရေးအတွက် မဟာမိတ် (EROs) များနှင့်ပူးပေါင်း၍တိုက်ပွဲဝင်လျက်ရှိကြောင်း ၂၀၂၄ ဒီဇင်ဘာတွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မလေးရှားက လူမှုကွန်ရက် မီဒီယာ သုံးစွဲသူတွေကတော့ လေယာဉ် ပျက်ကျလာပြီး မီးလောင် ပေါက်ကွဲသွားတဲ့ လုံခြုံရေး ကင်မရာ မှတ်တမ်း ဗီဒီယို တော်တော်များများကို မျှဝေနေတယ်လို့လည်း သိရပါတယ်။

သတင်း

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးသည် ကီလိုမီတာ ၁၄၀၀ (မိုင် ၈၇၀ခန့်) ရှည်လျားသည့် နိုင်ငံဖြတ်ကျော် အဝေးပြေးလမ်းမကြီးဖြစ်ပြီး ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန်ဖြစ်သည်ဟု အိန္ဒိယနိုင်ငံကဆိုသည်။

Facebook