People’s Spring
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အခုလ မော်စကို ခရီးစဉ် အတောအတွင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ မြန်မာ စစ်တပ်အတွက် ထောက်လှမ်းရေးဆိုင်ရာ အကူအညီပေးဖို့ ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။
Lowy Institute ရဲ့ဖော်ပြချက်မှာတော့ မင်းအောင်လှိုင်နဲ့ ပူတင်တို့ တွေ့ဆုံခဲ့မှုမှာ တခြား ကဏ္ဍတွေနဲ့ ပတ်သက်ပြီး အာရုံစိုက် ဆွေးနွေးမှုတွေ ရှိနေပေမယ့် ရုရှားက ထောက်လှမ်းရေး နည်းပညာဆိုင်ရာ အကူအညီပေးဖို့ ကမ်းလှမ်းခဲ့တာကိုတော့ အများစုက မျက်ကွယ်ပြုထားကြောင်း ထောက်ပြထားပါတယ်။
ပူတင်ရဲ့ ကမ်းလှမ်းမှုကတော့ လက်ရှိ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မှာ တော်လှန်ရေး အင်အားစုတွေကိုထောက်လှမ်းဖို့အတွက်ရုရှားဆီကအရမ်းကြည်
လင်ပြတ်သားတဲ့ ဂြိုဟ်တု ဓာတ်ပုံတွေကို ချိတ်
ဆက် ရယူနိုင်ဖို့ ဖြစ်တယ်လို့ Lowy Instituteက ဆိုပါတယ်။

Public Service Announcement
မြန်မာစစ်တပ်ဟာအိန္ဒိယနဲ့ တရုတ်ဆီကနအရည်
အသွေး မြင့်မားတဲ့ ဂြိုဟ်တု ထောက်လှမ်းရေး ဓာတ်ပုံတွေ ရရှိဖို့ စစ်ရေးဆိုင်ရာ လျှို့ဝှက် ပူး
ပေါင်း ဆောင်ရွက်မှုတွေ ရှိနေနိုင်ကြောင်း ခန့်မှန်းမှုတွေ ထွက်ပေါ်နေပေမယ့် ၂၀၀၈ ခုနှစ်၊ နာဂစ် မုန်တိုင်း တိုက်ခတ်ပြီးချိန်တုန်းက ထိခိုက်ပျက်စီးမှု အခြေအနေတွေကို ဆန်းစစ်ဖို့ မြန်မာ စစ်အစိုးရနဲ့ ကုလသမဂ္ဂကို အမေရိကန်က ဂြိုဟ်တု ဓာတ်ပုံတွေ ထောက်ပံ့ခဲ့ရပါတယ်။ ဒါကြောင့် မြန်မာစစ်
တပ်ဟာ အရမ်း ကြည်လင်ပြတ်သားတဲ့ ဂြိုဟ်တု ထောက်လှမ်းရေး ဓာတ်ပုံတွေကို လက်လှမ်းမီနိုင်စွမ်းကင်းကွာနေဆဲလို့ ကောက်ချက်ချလို့ ရခဲ့ပါတယ်။
အာဏာသိမ်းပြီး နောက်ပိုင်းမှာ စစ်တပ်ဟာ Google Erath ၊ Digital Globe နဲ့ Landsatတို့လို စီးပွားဖြစ် ဂြိုဟ်တု ဓာတ်ပုံ ရောင်းချတဲ့ ဝန်
ဆောင်မှုတွေကို အသုံးပြုလို့ ရနိုင်ခဲ့ပေမယ့် အဲဒီ အရင်းအမြစ်တွေကို ထိထိရောက်ရောက် အသုံးချနိုင်ဖို့ လေ့ကျင့်မှု စွမ်းရည်တွေနဲ့ သီးခြား အဆင့်မြင့် ကိရိယာတွေ လိုအပ်ခဲ့ပါတယ်။
ရုရှားကသာ ပံ့ပိုးကူညီလာမယ်ဆိုရင်စစ်တပ်ရဲ့လက်ရှိ ထောက်လှမ်းရေး နည်းပညာကို ပိုပြီး အား
ဖြည့် မြှင့်တင်ပေးနိုင်ဖွယ် ရှိတယ်လို့လည်း Lowy Instituteက ထောက်ပြ သတိပေးထားခဲ့ပါတယ်။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (AI)နဲ့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)တို့လို နိုင်
ငံတကာ အဖွဲ့အစည်းတွေက ဂြိုဟ်တုတွေကနေ ရိုက်ကူးထားပြီး စီးပွားဖြစ် ရောင်းချတဲ့ ဓာတ်ပုံတွေဟာ ထောက်လှမ်းရေး ရည်ရွယ်ချက်အတွက် အသုံးချလို့ ရနေတယ် ဆိုတာကို ဆန်းစစ် တင်ပြခဲ့ကြပြီး ဖြစ်ပါတယ်။
လုံလောက်တဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကျွမ်းကျင်မှုသာ ရှိမယ်ဆိုရင် မြန်မာစစ်တပ်ဟာ အဲဒီ အရင်းအမြစ်တွေကို အသုံးချပြီး နိုင်ငံရဲ့ ပြောင်းလဲနေတဲ့ စစ်ရေး၊ နိုင်ငံရေး ကဏ္ဍတွေကို စောင့်ကြည့်နိုင်စွမ်း ရှိလာနိုင်ပါတယ်။ စစ်တပ်ဟာ ၂၀၂၁ ခုနှစ်မှာ အာ
ဏာသိမ်းပြီးချိန် ကတည်းက ဒရုန်းတွေနဲ့ ကင်း
ထောက်မှုကိုလည်း အရှိန်မြှင့် လုပ်ဆောင်လာခဲ့ပါတယ်။
ရုရှားနဲ့သာ ထောက်လှမ်းရေး နည်းပညာ ကဏ္ဍမှာ ပူးပေါင်းမှုတွေ ရှိလာမယ်ဆိုရင် စစ်တပ်ရဲ့ စစ်ရေးဆိုင်ရာ ထောက်လှမ်းမှု စွမ်းရည်ကို နောက်တစ်
ဆင့် မြင့်တက်သွားစေနိုင်တာကို အလေးအနက် စိုးရိမ်ရမှာပါ။ မင်းအောင်လှိုင်ရဲ့ ခရီးစဉ် အတော
အတွင်း ရုရှားဟာ မြန်မာနိုင်ငံမှာ ဂြိုဟ်တု မှတ်
တမ်း ဓာတ်ပုံတွေ ဆန်းစစ်တဲ့ ဌာနတစ်ခု ဖွင့်လှစ်ထားတဲ့ အကြောင်းကိုပါ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။
အသေးစိတ် အချက်အလက်တွေကို မသိရသေးပေမယ့် ရုရှားဟာ ထောက်လှမ်းရေး ဂြိုဟ်တုတွေကနေ ရရှိထားတဲ့ အချက်အလက်တွေကို မြန်မာစစ်တပ်အတွက်စစ်ရေးကဏ္ဍမှာ အသုံးချနိုင်အောင်ကမ်းလှမ်းထားတာ သေချာတယ်လို့ Lowy Institueက ဆိုပါတယ်။ နိုင်ငံအနှံ့မှာ ကွဲပြားတဲ့ လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေနဲ့ ရင်ဆိုင် တိုက်ပွဲတွေမှာ ရုန်းကန်နေရတဲ့ မြန်မာစစ်တပ်ဟာ အဲဒီ ထောက်လှမ်းရေး စွမ်းရည်မျိုးကို လက်လှမ်းမီလာရင် တော်လှန်ရေး အင်အားစုတွေရဲ့ လှုပ်ရှားမှုတွေကို ပိုပြီး ထိထိရောက်ရောက် စောင့်ကြည့်လာနိုင်ဖွယ် ရှိတယ်လို့လည်း သိရပါတယ်။
ကိုးကား-Lowy Institute
