close
Connect with us

Hi, what are you looking for?

သတင်း

ရန်ပုံငွေ မလုံလောက်လို့ မြန်မာပြည်သူ တစ်သန်းအတွက် စားနပ်ရိက္ခာထောက်ပံ့မှု WFP ရပ်ဆိုင်း

ကမ္ဘာ စားနပ်ရိက္ခာအဖွဲ့ကြီး(WFP) ဟာ ရန်ပုံငွေ မလုံလောက်တာကြောင့် မြန်မာနိုင်ငံ က လူဦးရေတစ်သန်းအတွက် စားနပ်ရိက္ခာ အထောက်အပံ့တွေကို လာမယ့် ဧပြီလကစတင်ပြီး ရပ်ဆိုင်းရတော့မယ်လို့ ဒီနေ့ (မတ်လ ၁၄) ရက်မှာ ထုတ်ပြန်အသိပေးလိုက်ပါတယ်။

People’s Spring

ကမ္ဘာ စားနပ်ရိက္ခာအဖွဲ့ကြီး(WFP) ဟာ ရန်ပုံငွေ မလုံလောက်တာကြောင့် မြန်မာနိုင်ငံ က လူဦးရေတစ်သန်းအတွက် စားနပ်ရိက္ခာ အထောက်အပံ့တွေကို လာမယ့် ဧပြီလကစတင်ပြီး ရပ်ဆိုင်းရတော့မယ်လို့ ဒီနေ့ (မတ်လ ၁၄) ရက်မှာ ထုတ်ပြန်အသိပေးလိုက်ပါတယ်။

နိုင်ငံအတွင်း ပဋိပက္ခတွေ ၊ နေရပ်စွန့်ခွာ ရွေ့ပြောင်းမှုတွေနဲ့ သွားရောက်ကူညီခွင့် ကန့်သတ်ချက်တွေတိုးမြင့်လာတာတွေကြောင့် စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေချိန်မှာပဲ အခုလို အထောက်အပံ့ ရပ်ဆိုင်းမှုနဲ့ ကြုံရတာလို့ WFP ကဆိုပါတယ်။

အခုလို အကူအညီ ရပ်ဆိုင်းတာက WFP ရဲ့ ထောက်ပံ့မှုကိုသာအားပြုနေရတဲ့ နိုင်ငံတဝှမ်းက ထိခိုက်လွယ် လူထုအတွက် ပြင်းပြင်းထန်ထန် ဆိုးဆိုးရွား ရိုက်ခတ်နိုင်တယ်လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မိုက်ကယ်ဒန်ဖို့ဒ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အထောက်အပံ့ရပ်ဆိုင်းမှုဟာ ရိုဟင်ဂျာ အသိုင်းအဝိုင်းအပါအဝင် ရခိုင်ပြည်နယ်အလယ်ပိုင်းက နေရပ်စွန့်ခွာသူဦးရေ တစ်သိန်းကိုပါ ထိခိုက်မယ်လို့ WFP ကအသိပေးပါတယ်။

အခုနှစ် အတွင်း မြန်မာပြည်သူတွေအတွက် ရိက္ခာအထောက်အပံ့တွေ ဆက်လက်ပေးအပ်ဖို့ WFP အနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၆၀ ကိုအရေးတကြီးလိုအပ်နေတယ်လို့ သိရပါတယ်။

ရန်ပုံငွေအသစ်မရရင် ထိခိုက်လွယ်တဲ့ အသက် ၅ နှစ်အောက် ကလေးငယ်တွေ ၊ ကိုယ်ဝန်ဆောင်မိခင်တွေ ၊ နို့တိုက်မိခင်တွေနဲ့ မသန်စွမ်းသူတွေ ပါဝင်တဲ့ လူဦးရေ သုံးသောင်းခွဲကိုသာ ကူညီထောက်ပံ့ပေးသွားနိုင်တော့မယ်လို့ WFP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ လူဦးရေ ၁၅ ဒဿမ ၂ သန်းဟာ တစ်နေ့တာ စားနပ်ရိက္ခာ လိုအပ်ချက်ကို မပြည့်မီတဲ့ အခြေအနေကို ကြုံနေရပါတယ်။ အဲဒီလူဦးရေ ထဲက ၂ ဒဿမ ၃ သန်းကတော့ ဆာလောင်မွတ်သိပ်မှု ဒဏ်ကို ရင်ဆိုင်နေရတယ်လို့ WFP က ဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ အခုနှစ် ၂၀၂၅ အတွင်း နိုင်ငံ့လူဦးရေရဲ့ ၁၅ သန်းဟာ ဆာလောင်မွတ်သိပ်မှု ဒဏ်ကို ရင်ဆိုင်ရမယ်လို့ ကမ္ဘာ့ စားနပ်ရိက္ခာ ထောက်ပံ့မှုအဖွဲ့ကြီး (WFP ) က ဇန်နဝါရီလ ၂၉ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ဆိုင်ကယ်ဖြင့် နောက်တွင် တစ်ထုပ်၊ ရှေ့တွင် တစ်ထုပ်သာ ခွင့်ပြုထားပြီး အိမ်စီးကား၊စက်ဘီး၊ လက်တွန်းလှည်းများဖြင့် ကုန်ပစ္စည်းတင်ဆောင်ခွင့် မပြုဟုဆိုသည်။

ဘာသာပြန်ဆောင်းပါး

၂၀၂၃ ခုနှစ်တုန်းက မြန်မာ့ စိုက်ပျိုးရေး ကဏ္ဍဟာ ၂ ရာခိုင်နှုန်း တက်ရိပ်ပြခဲ့ဖူးတယ်။ အဲဒါကလည်း နောက်ကွယ်က အကြောင်းတရား တချို့ကြောင့် ဖြစ်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ကျေးရွာအချို့မှ ပြည်သူများမှာ စစ်ဘေးရှောင်နေရသည့်ကာလ တစ်လကျော်လာ၍ စားနပ်ရိက္ခာအခက်အခဲများရှိနေကြောင်း သတင်းရရှိသည်။

Facebook