close
Connect with us

Hi, what are you looking for?

သတင်း

ပျောက်ဆုံးနေတဲ့ မန္တလေးမြို့ခံကလေးငယ်နှစ်ဦးကို သေဆုံးလျှက် တွေ့ရှိ

ပျောက်ဆုံးနေတဲ့ မန္တလေးမြို့ခံ အသက်မပြည့်သေးတဲ့ ကလေးငယ်နှစ်ဦးကို သေဆုံးလျှက် ပြန်လည်တွေ့ရှိခဲ့ပြီး ကျူးလွန်သူတွေကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။

ကလေးငယ်နှစ်ဦးပျောက်ဆုံးစဥ်က လူပျောက်ကြော်ငြာကို တွေ့ရစဥ်

ရှိန်း/People’s Spring

ပျောက်ဆုံးနေတဲ့ မန္တလေးမြို့ခံ အသက်မပြည့်သေးတဲ့ ကလေးငယ်နှစ်ဦးကို သေဆုံးလျှက် ပြန်လည်တွေ့ရှိခဲ့ပြီး ကျူးလွန်သူတွေကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။

မတ်လ ၂ရက်က မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်က ညီအကိုဝမ်းကွဲတော်စပ်တဲ့ အသက် ၁၀နှစ်အရွယ် မောင်ပြည့်စုံကျော်နဲ့ အသက် ၁၃နှစ်အရွယ် မောင်အောင်ခန့်ဦးတို့ကို သူတို့နဲ့ပေါင်းသင်းနေသူ လူငယ်တစုက သတ်ဖြတ်ခဲ့တာလို့ သိရပါတယ်။

အဲဒီနောက် သီတင်းတပတ်ကျော်အကြာ မတ်လ ၁၀ရက်မှာတော့ စဉ့်ကိုင်မြို့နယ်က ကျေးရွာတခုရဲ့ တောင်ပေါ်မှာ ကလေးငယ်တွေရဲ့ ရုပ်အလောင်းတွေကိုတွေ့ရှိခဲ့ပြီး ရုပ်တွေမပီပြင်တော့ဘူးလို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ကလေးတစ်ယောက်ဆို ခေါင်းတောင်ပါမလာဘူး။ ဖုန်းလိုချင်လို့သတ်တယ်လို့လည်း ပြောတယ်။ အခုထိတော့ အကြောင်းအရင်းကို သေချာမသိသေးဘူး”လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

ကလေးငယ်နှစ်ဦးရဲ့ အလောင်းတွေကို မန္တလေးဆေးရုံကြီးမှာ သွားရောက်ကြည့်ရှုခဲ့ရတာလို့ သိရပါတယ်။

ကလေးငယ်နှစ်ဦးသတ်ဖြတ်ခံရမှုနဲ့ပတ်သက်လို့ သံသယတရားခံ လူငယ် ၄ဦးကို စစ်ကောင်စီ ရဲတွေကဖမ်းဆီးထားတယ်လို့လည်း မိသားစုဝင်တစ်ဦးက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဆိုင်းမင်း/People’s Spring မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ ဆောက်လုပ်ရေးအိမ်ရာဝင်း ထဲမှာ ဒီနေ့ မတ်လ ၁၀ ရက်ညပိုင်း ၈ နာရီဝန်းကျင်က မီးလောင်မှုဖြစ်ပွားတယ်လို့သိရတယ် ။ လေယာဥ်ကွင်းဟောင်းအနီး ၇၈ လမ်းပေါ်ရှိ ဆောက်လုပ်ရေး၊ တံတားအထူး (၁၄) ဝင်း ထဲက အိမ်တွေ မီးလောင်ခဲ့တာလို့...

ဆောင်းပါး

ပူစပြုလာတဲ့ မန္တလေးမြို့ရဲ့ နွေဦး နေ့လယ်ခင်းတခုမှာ မန္တလေးမြို့၊ ဧရာဝတီမြစ်ကမ်းနားလမ်းတနေရာမှာ အသက် ၂၄ နှစ်အရွယ် ကိုအောင်အောင်နဲ့ သူ့ဇနီးတို့ အထုပ်အပိုးတွေနဲ့ ကားစောင့်နေကြတယ်။ လင်မယားနှစ်ယောက်လုံး မျက်နှာတွေလည်း မကောင်းကြဘူး။

သတင်း

မန္တလေးမြို့ပေါ် စစ်ကောင်စီတပ်ဘေးရှိ ကမ္ဘောဇဘဏ်(KBZ Bank)ကို ဒုတိယအကြိမ် ဓားပြတိုက်ခံရပြီး ကျပ်သိန်း ၁,၅၀၀ ပါသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊စျေးချိုပတ်လည်အနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်​တွေကကဖွင့်၊ဖောက်၊စစ်အမည်နဲ့ အဖွဲ့ဖွဲ့ကာ ပစ္စည်းပို့သူတွေနဲ့ကားတွေကို ငွေကြေးအများအပြားတောင်းနေတယ်လို့ မြို့ခံတချို့က​ပြောတယ်။

Facebook