close
Connect with us

Hi, what are you looking for?

သတင်း

KNU ပူးပေါင်းတပ်ထိုးစစ်ဆင်နေသည့် ပူလူတူစခန်းမှ စစ်သားများထိုင်းဘက်ထွက်ပြေး

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၇)နယ်မြေ လှိုင်းဘွဲ့မြို့နယ် ပူလူတူ စစ်ကောင်စီစခန်းမှ စစ်ကောင်စီတပ်သားများ ထိုင်းနိုင်ငံဘက်သို့ ဆုတ်ခွာထွက်ပြေးသွားကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

ပူလူတူစခန်းမီး​လောင်​နေစဥ် နှင့် ထိုင်းဘက်ခြမ်းတွင် ထိုင်းစစ်သားများ လုံခြုံ​ရေး​ဆောင်ရွက်​နေစဥ်။ ဓါတ်ပုံ- မဲ​ဆောက်မီဒီယာ

■စစ်သုံ့ပန်းအချို့ ဖမ်းမိ၊ အချို့သေဆုံးဟု KNU သတင်းရင်းမြစ်ပြော

■ပူလူတူစစ်စခန်းကို KNLA ​အောင်မြင်စွာသိမ်းပိုက်နိုင်ပြီဟု ထိုင်းသတင်းဌာန​ဖော်ပြ

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၇)နယ်မြေ လှိုင်းဘွဲ့မြို့နယ် ပူလူတူ စစ်ကောင်စီစခန်းမှ စစ်ကောင်စီတပ်သားများ ထိုင်းနိုင်ငံဘက်သို့ ဆုတ်ခွာထွက်ပြေးသွားကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

မြန်မာ-ထိုင်းနယ်စပ်ရှိ အဆိုပါ ပူလူတူစစ်ကောင်စီစခန်းကို ဖေဖော်ဝါရီ ၂၆ရက်က စတင်၍ KNU ဦး​ဆောင်​သောပူးပေါင်းတပ်က ထိုးစစ်ဆင်လျက်ရှိရာ တိုက်ပွဲ နှစ်ပတ်ကျော်အကြာမတ်လ ၁၄ရက်တွင် စစ်ကောင်စီတပ်သားများ စခန်းစွန့်ထွက်ပြေးကြခြင်းဖြစ်သည်။KNLA တပ်မဟာ ၇ က ဦး​ဆောင်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

“ခုဏက ပြောတာကတော့ ကျနော်တို့လူနဲ့တိုးတော့ နှစ်ယောက်သေသွားတယ်။ လေးယောက်ဖမ်းမိတယ် အဲဒီလိုမျိုးတော့ပြောတယ်။ ၁၁

ယောက်က ထိုင်းဘက်ကိုကူးသွားတယ်။စခန်းက ရလိုက်ပြီလို့ပြောတယ်။ ဒါပေမဲ့ မသေချာသေးဘူး” ဟု KNU သတင်းရင်းမြစ်က ပြောသည်။ထိုင်းသတင်းဌာနအချို့၏ ဖော်ပြချက်တွင်ပူလူတူ စစ်ကောင်စီစခန်းကို KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၇)က အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်ဟု​ဖော်ပြထားသည်။ထို့ပြင် မြန်မာစစ်သား(စစ်ကောင်စီတပ်ဖွဲ့ဝင်)များ ထိုင်းဘက်ခြမ်းသို့ ဖြတ်ကျော်ထွက်ပြေးလာရာ ထိုင်းတပ်ဖွဲ့က လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပံ့ပိုးပေးထားသည်ဟုလည်း ထိုင်းနိုင်ငံအ​ခြေစိုက် မဲ​ဆောက်သတင်းဌာနက​ဖော်ပြထားသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ဘက်က ပူလူတူစခန်းသိမ်းတိုက်ပွဲနှင့်ပတ်သက်ပြီး တရားဝင် သတင်းထုတ်ပြန်မှု မရှိသေးပေ။တိုက်ပွဲဖြစ်ပွားသည့်တ​လျှောက်လုံးတွင် ထိုင်းဘက်ခြမ်း၌ ထိုင်းစစ်တပ်ကလုံခြုံ​ရေးမြှင့်ထားသည်။

KNUသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်များကိုတိုက်ခိုက်လျက်ရှိရာအာဏာသိမ်းပြီး နောက်ပိုင်း KNU ခရိုင် နှင့်တပ်မဟာ၇ ခုရှိ စစ်ကောင်စီတပ်စခန်း ၁၅၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့သည်။

ပြီးခဲ့သည့်​ဖေ​ဖော်ဝါရီလကလည်း KNLA ဦး​ဆောင်သည့် ပူး​ပေါင်းတပ်များက နှစ် ၃၀.ကြာစစ်တပ်လက်​အောက်​ရောက်ခဲ့​သော သမိုင်းဝင် မဲသ​ဝေါစခန်းကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။

ထိုသို့ တိုက်ခိုက်ရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF)အပါအဝင် တော်လှန်ရေးအင်အားစုများဖြင့် ပူးပေါင်းစစ်ရေးဖော်ဆောင်နေခြင်းဖြစ်သည်။ ထို့ပြင် ယခု၂၀၂၅ အတွင်း စစ်ရေးအရှိန်မြှင့်တင်သွားမည်ဖြစ်ကြောင်းလည်း KNU တာဝန်ရှိသူအချို့က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၇)နယ်မြေ လှိုင်းဘွဲ့မြို့နယ်ရှိစစ်ကောင်စီတပ် စခန်းတစ်ခုကို ယနေ့ (မတ်လ ၂ရက်) ညပိုင်း၌ အပြီး သတ်သိမ်းပိုက်နိုင်ပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

သတင်း

ထိုင်းနယ်စပ်အနီးရှိ ကရင်ပြည်နယ် ၊ လှိုင်းဘွဲ့မြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ ပူလူတူ စခန်းကို KNU ဦးစီးတဲ့ ပူးပေါင်းတပ်က တိုက်ခိုက်ရာမှာ နှစ်ဖက်တိုက်ပွဲတွေ နေ့စဉ် ဖြစ်ပွားနေတယ်လို့ နယ်စပ်သတင်းရင်းမြစ်ထံကသိရပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၁)နယ်မြေအတွင်း KNU/KNLA ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့ဝင်များ အစည်းအဝေးပြုလုပ်နေစဥ် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့၍ ရဲဘော်သုံးဦးကျဆုံးခဲ့ရကြောင်း အစည်းအဝေးတက်ရောက်ခဲ့သည့် ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုက လူထုနွေဦးသို့ ပြောသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေ၌ စစ်ကောင်စီတပ်ကို အထိနာအောင် တိုက်ခိုက်နိုင်ခဲ့သည့် ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်မှူးစောဒါဘောအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဗဟိုစစ်ဌာနချုပ်က သူရဘွဲ့တံဆိပ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း KNUဗဟိုက သတင်းထုတ်ပြန်သည်။

Facebook