မန္တလေးမြို့၊ မဟာအောင်မြေကျောက်မျက်ရောင်းဝယ်ရေးစခန်း (မန္တလေးကျောက်ဝိုင်း)မှာ တရုတ်ဝယ်လက်က စျေးကောင်းပေးမဝယ်တဲ့အတွက် အရောင်းအဝယ်အေးနေတယ်လို့ ကျောက်အရောင်းအဝယ်ပြုလုပ်သူတွေကပြောပါတယ်။
တရုတ်နှစ်သစ်ကူး အပြီးကစပြီး ယနေ့ အထိ ကျောက်ဝိုင်းအတွင်းမှာ အရောင်း အဝယ်အေးနေတာလို့ သိရပါတယ်။
“ဗိုက်နာတဲ့သူရောင်းဆိုတဲ့သဘောဖြစ်နေတာ၊ အရောင်းဝယ်တော့ရှိတယ် ကျောက်ကောင်းကျတော့ အရောင်းအဝယ်လုပ်မရတော့ဘူး ” လို့ မန္တလေးကျောက်ဝိုင်းမှာ အပွင့်လိုင်းအရောင်းအဝယ်ပြုလုပ်နေသူတစ်ဦးကပြောပါတယ်။

Public Service Announcement
တရုတ်ဝယ်လက်ဆင်းပေမယ့် အရင်လို စျေးမပေးတော့ဘဲတရုတ်ကုန်သည်ရဲ့ သတ်မှတ်စျေးနဲ့သာ ဝယ်နေတာလို့ သိရပါတယ်။
“ဝိုင်းထဲကတော့ အလုပ်မဖြစ်ဘူး တော်တော်ပါးသွားတာ”လို့ ကျောက်အရောင်းအဝယ်လုပ်သက် ၁၅ နှစ်ရှိတဲ့ ကျောက်သမားတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တရုတ် နှစ်သစ်ကူး မတိုင်ခင်အထိ မန္တလေးကျောက်ဝိုင်းအတွင်းမှာ အရောင်းအဝယ်ကောင်းခဲ့တယ်လို့ ဆိုပါတယ်။
မန္တလေးကျောက်ဝိုင်းမှာ တရုတ်ကုန်သည်တွေကို ရောင်းချရတဲ့ စျေးကွက်ကိုအဓိက ထား လုပ်ကိုင်နေရတာပါ။
တရုတ်ဘက်ကစျေးကောင်းပေးမဝယ်တာ၊နိုင်ငံရေးမတည်ငြိမ်တာ၊ တရုတ်ဝယ်လက် မလာတာတွေက အရောင်းအဝယ်အေးစေပြီးတယ်လို့ကျောက်အရောင်းအဝယ်ပြုလုပ်သူတွေကပြောပါတယ်။
