close
Connect with us

Hi, what are you looking for?

သတင်း

ဟစ်ဟော့ပွဲပါဝင်သူများ ပြည်သူကိုတောင်းပန်ရန် ရေဘဝဲအဖွဲ့ တောင်းဆို

စစ်ကောင်စီထိပ်ပိုင်းအရာရှိ၏ သားဖြစ်သူပံ့ပိုးမှုဖြင့် ပြုလုပ်ခဲ့၍ ဝေဖန်ခံနေရသည့်ဟစ်ဟော့ ဖျော်‌ဖြေပွဲပါဝင်သော ရက်ပ်ပါများအနေဖြင့် ပြည်သူလူထုကို တောင်းပန်ရန် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)က တောင်းဆိုလိုက်သည်။

တေဇ/People’s Spring

စစ်ကောင်စီထိပ်ပိုင်းအရာရှိ၏ သားဖြစ်သူပံ့ပိုးမှုဖြင့် ပြုလုပ်ခဲ့၍ ဝေဖန်ခံနေရသည့်ဟစ်ဟော့ ဖျော်‌ဖြေပွဲပါဝင်သော ရက်ပ်ပါများအနေဖြင့် ပြည်သူလူထုကို တောင်းပန်ရန် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)က တောင်းဆိုလိုက်သည်။

“မြန်မာ့ဟစ်ဟော့လောက မဗြောင်းဆန်ခင်ဟစ်ဟော့အာဇာနည် Nitric Acid အပါအဝင် တော်လှန်ရေးကာလအတွင်း အသက်၊ သွေး၊ ချွေး၊ မိသားစုတွေကို စွန့်လွှတ်တိုက်ပွဲဝင်နေတဲ့ ရက််ပ်ပါတွေနဲ့ ပြည်သူလူထုကို အမြန် တောင်းပန် စေလိုပါကြောင်း။”ဟု မတ်လ ၉ ရက်တွင် ရေဘဝဲက တောင်းဆိုလိုက်သည်။

ဟစ်ဟော့(၂၅)နှစ်ပြည့်ဖျော်ဖြေပွဲအနေဖြင့် မတ်လ ၁ နှင့် ၂ ရက်တွင်ပြုလုပ်ခဲ့သည့် ဖျော်ဖြေပွဲကိုစီစဉ်သူများတွင် စစ်ကောင်စီ၏ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ) အရာရှိချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏သား ထက်ရဲနောင်ပါဝင်နေသောကြောင့် ယင်းဖျော်ဖြေပွဲတွင်ပါဝင်သူများကို ပြည်သူများက ပြင်းပြင်းထန်ထန် ဝေဖန်နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ရှင်းရှင်းလေးပါ။ရှိုးဆိုလို့လည်း ဒဏ်ခတ်တာမဟုတ်သလို၊ စိတ်ခံစားမှုအရပျော်နေလို့ ဒဏ်ခတ်တာလည်းမဟုတ်ပါဘူး၊ ငါတို့ကို မလှူလို့မထောက်ပံ့လို့ ဒဏ်ခတ်တာလည်းမဟုတ်သလို၊ တော်လှန်ရေးထဲမှာ တိုက်ရိုက်မပါဝင်လို့ ဒဏ်ခတ်တာလည်း မဟုတ်ပါဘူး။ စစ်တပ်နဲ့ ဆက်စပ်နေတဲ့အပြင် အန္တရာယ်ကြီးပြီး မအလအားကိုးရတဲ့ စရဖ သားနဲ့မှဆက်စပ်ပူးပေါင်းနေလို့ဖြစ်ပါတယ်။” ဟု ရေဘဝဲ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဟစ်ဟော့သည် ဂီတထက်ပိုသည့် ယဉ်ကျေးမှုတစ်ခုဖြစ်ပြီး ဖိနှိပ်မှုများကို တွန်းလှန်သည့် ယဉ်ကျေးမှုဖြစ်သည်ဟု ခေတ်အဆက်ဆက်တွင် အစိုးရ၏ ဖိနှိပ်မှုများကို ဟစ်ဟော့ပ်ဂီတဖြင့်တွန်းလှန်ခဲ့သည့်အကြောင်းအရာများကို ဥပမာပေး၍ ရေဘဝဲက ပြောထားသည်။

ယင်းပွဲတွင်ပါဝင်သော နာမည်ကြီးရက်ပ်ပါအများစုက ဖျော်ဖြေပွဲပုံရိပ်များကို ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်၌ ပြန်လည်ဝေမျှထားသည်ကိုတွေ့ရပြီး ဝေဖန်မှုများနှင့်ပတ်သက်၍ ပြန်လည်‌‌ ဖြေရှင်းထားသည်ကိုမတွေ့ရသော်လည်း အချို့ ရက်ပ်ပါများကပြည်တွင်း၌နေထိုင်ရသည့် အခက်အခဲများနှင့် မိသားစု စားဝတ်နေရေးကို အကြောင်းပြရှင်းလင်းထားသည်ကို တွေ့ရသည်။

နွေဦးတော်လှန်ရေး၌ပါဝင်နေသည့် ဟစ်ဟော့ပ်ဂီတ ကိုချစ်မြတ်နိုးသူတစ်ဦးဖြစ်သည့် ရက်ပ်ပါ PK က “ခင်ဗျားတို့ထဲက တစ်ချို့က စားဝတ်နေရေးအတွက်လုပ်နေရပါတယ်ပြောတော့လည်း သိပ်ရယ်ချင်မိပါတယ်။Art ဆိုတာမျိုးက ငွေကြေးတွေ အောင်မြင်မှုတွေအတွက်လုပ်ရတာမဟုတ်ဘူးလို့ ပါးစပ်က တတွင်တွင်ပြောခဲ့တဲ့သူတွေက အခုလိုအချိန်မှာ အခြား သမာအာဇီဝ ဘာမှ လုပ်မစားတတ်လောက်အောင် သိပ်ညံ့ဖျင်းသွားကြတာပဲလား။ ခြေတွေလက်တွေ ပြတ်ကုန်ကြတာပဲလား။ တကယ်တော့ ဒါက အကြောင်းပြချက်သက်သက်ပါ။” ဟု ၎င်း၏ဖေ့စ်ဘွတ်ခ်၌ ရေးသားထားသည်။

ဗိုလ်ချုပ်ကြီးရဲဝင်းဦး ဦးဆောင်သည့် စရဖသည် နေ့စဉ်နှင့်အမျှ ပြည်သူလူထုနှင့်တော်လှန်ရေးသမားများ ဖမ်းဆီးခြင်း၊ စစ်ကြောရေးစခန်းများတွင် နှိပ်စက်သတ်ဖြတ်ခြင်း၊ တော်လှန်သူများ၏ ကွန်ယက်များထဲကို ထိုးဖောက်ဝင်ရောက်ခြင်း စသည်များ လုပ်နေသူဖြစ်သည်။

ထို့အပြင် စစ်တပ်အာဏာသိမ်းသည့် အချိန်၌ စစ်တပ်၏ ၁၀ ဦးမြောက် တာဝန်ရှိသူ Lt Gen အနေဖြင့် စစ်ကောင်စီ၏ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဦးဆောင် တာဝန်ယူခဲ့သူ ဖြစ်ကာ ပြည်သူများ မတရားသတ်ဖြတ်ခံရမှုများတွင် အဓိက တာဝန်ရှိသူဖြစ်သည်ဟု တော်လှန်လူငယ်များကပြောကြားထားသည်။

“စည်းရုံးရေးဆန်ဆန်နဲ့ပဲ ဆက်ပြီးပြည်တွင်းပြည်ပ မခွဲခြားဘူး ။ နေရာဒေသမခွဲခြားဘူး၊ အသားရောင်မခွဲခြားဘူး ၊ဘာသာမခွဲခြားပဲ ရပ်ဝန်းတွေ မခွဲခြားပဲအတူဆက်သွားချင်ပါတယ်။” ဟု ရေဘဝဲအဖွဲ့၏ ဥက္ကဌက မေတ္တာရပ်ခံသည်။

ဆက်စပ်သတင်းများ

Facebook