သုည/People’s Spring
ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၉)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။
ရန်ကုန်မြို့ နေရာအနှံ့မှာ တော်လှန်လူငယ်တွေက စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်တပ်ကိုလက်ခံတဲ့ရုရှားသမ္မတပူတင်တို့ကို ဖမ်းဝရမ်းထုတ်ကြောင်း၊ ယူကရိန်းနဲ့အတူ မြန်မာပြည်သူတွေ အတူတကွ ရပ်တည်ကြောင်း စာရွက်ကပ် လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။
အဲဒီလှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ – Yangon 4 brother ( Y4B ) ပူးပေါင်းအဖွဲ့များဖြစ်တဲ့ LinnYaungNiYouthOrganization_LYNYO၊ MayangoneDemocraticFront_MDF၊ KyimyindaingNetworks_KMD18 နဲ့ OwlCommunity တို့က လှုပ်ရှားဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာလည်း ရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီ တော်လှန်ရေး (၄)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အောင်လံလွှင့်မည် ရွှေရေကြည် လူထုသပိတ်စစ်ကြောင်းနဲ့ ဒေသတွင်းသပိတ်စစ်ကြောင်းတွေ ပူးပေါင်းကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ပါတယ်။
ရွှေဘိုမြို့နယ်မှာလည်း သပိတ်အင်အားစုက ဦးဆောင်ပြီး အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်းရဲ့ ပုဒ်မ (၃၃)အရ စစ်ကောင်စီကို ချက်ချင်းအရေးယူနိုင်ရေးအတွက် “ILO implement Article 33 On Myanmar Now 2025” ဘန်နာကိုင်ဆောင်ကာ လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ KMD18
