အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၏ ဧရာဝတီတိုင်းမှ မြို့နယ်လူငယ်လုပ်ငန်းအဖွဲ့ တာဝန်ခံ ကိုချစ်ကိုသည် စစ်ကောင်စီတပ်အား တော်လှန်တိုက်ခိုက်ရင်း ယခုရက်ပိုင်းတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည်။
အသက်(၃၁)နှစ်အရွယ် ကိုချစ်ကိုသည် ပါတီလုပ်ငန်းများအား စိတ်ရောကိုယ်ပါနှစ်၍ လုပ်ကိုင်ခဲ့သူဖြစ်သလို စစ်အာဏာရှင်တော်လှန်ရေးကိုလည်း အလွန်အားစိုက်ခဲ့ကြောင်း ၎င်း၏သူငယ်ချင်းတစ်ဦးက ပြောသည်။
ဧရာဝတီတိုင်းတွင် ယခုရက်ပိုင်းအတွင်း သာပေါင်းနှင့်ရေကြည်မြို့နယ်တို့နှင့် ထိစပ်နေသော နေရာများ၌ တိုက်ပွဲများဖြစ်ပွားနေပြီး ကိုချစ်ကိုသည် မည်သည့်တိုက်ပွဲအတွင်းကျဆုံးသည်ကို မသိရသေးပေ။

Public Service Announcement
” စစ်အာဏာရှင်ကို ရဲရင့်စွာ တွန်းလှန်တိုက်ခိုက်ရင်း အသက်ပေးလှူသွားခဲ့ပြီဖြစ်တာကြောင့် မိမိတို့အနေဖြင့် အာဇာနည်တစ်ယောက်အဖြစ် ဂုဏ်ယူရင်း များစွာ ဝမ်းနည်း ပူဆွေးရပါသည်”ဟု ဧရာဝတီတိုင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လူငယ်လုပ်ငန်းအဖွဲ့က မတ်လ ၉ ရက်တွင် ထုတ်ပြန်ထားသည်။
