close
Connect with us

Hi, what are you looking for?

သတင်း

ထန်းတပင်မြို့နယ်တွင် စစ်ကောင်စီတပ်အား KNLA/PDF ပူးပေါင်းတပ် တိုက်ခိုက်၊ လက်နက် ၅လက်ရ

ကရင်အမျိုးသားအစည်းအရုံး(KNU) တောင်ငူခရိုင် တပ်မဟာ(၂)နယ်မြေ ထန်းတပင်မြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းအား ကရင်အမျိုးသားလွတ်မြောက်ရေတပ်မတော် (KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်က ယနေ့(မတ်လ ၉ရက်)နံနက်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း တပ်မဟာ(၂) စစ်ရေးလှုပ်ရှားမှုအတွက် ရန်ပုံငွေ ရှာဖွေပေးလျက်ရှိသည့် စစ်တောင်းကမ်ပိန်းက အသိပေးသည်။

တောင်ငူခရိုင် တပ်မဟာ(၂)နယ်မြေ ထန်းတပင်မြို့နယ်ရှိ စစ်ကောင်စီတပ် စစ်ကြောင်းအား တိုက်ခိုက်ပြီးနောက် သိမ်းရသော လက်နက်များ။ ဓာတ်ပုံ - စစ်တောင်းကမ်ပိန်း

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တောင်ငူခရိုင် တပ်မဟာ(၂)နယ်မြေ ထန်းတပင်မြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းအား ကရင်အမျိုးသားလွတ်မြောက်ရေတပ်မတော် (KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်က ယနေ့(မတ်လ ၉ရက်)နံနက်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း တပ်မဟာ(၂) စစ်ရေးလှုပ်ရှားမှုအတွက် ရန်ပုံငွေ ရှာဖွေပေးလျက်ရှိသည့် စစ်တောင်းကမ်ပိန်းက အသိပေးသည်။

မတ်လ ၉ရက် နံနက်စောတွင် ထန်းတပင်မြို့နယ် ရေသုတ်ကြီးစစ်ကောင်စီတပ်စခန်းမှ တပ်သားများသည် နောစိုးစစ်ကောင်စီတပ်စခန်းသို့ ရိက္ခာလက်နက်ခဲယမ်းများ သွားရောက်ပို့ဆောင်စဉ် နောစိုး တပ်စခန်းနှင့် ခူလောင်ကျေးရွာအကြား၌ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်များ ကစဉ့်ကလျားဖြင့် ဆုတ်ခွာထွက်ပြေးသွားဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ထံမှ MA-3 (၁) လက်နှင့် MA-1 (၄)လက် သိမ်းရခဲ့ဟု စစ်တောင်းကမ်ပိန်းက ဓာတ်ပုံမှတ်တမ်းနှင့်အတူ ထုတ်ပြန်သည်။

စစ်တောင်းကမ်ပိန်း လှုပ်ရှားမှု၌ ပါဝင်သည့် ကရင်သတင်းရင်းမြစ်က ထန်းတပင်တိုက်ပွဲ ဖြစ်ပွားမှုကို အတည်ပြုပေးသော်လည်း တိုက်ပွဲအခြေအနေ အသေးစိတ်ကိုမူ မသိဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့် စစ်ရေးအခြေအနေများ မေးမြန်းရန် တပ်မဟာ(၂)တာဝန်ရှိသူအချို့ထံ ဆက်သွယ်နေဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

KNLA တပ်မဟာ(၂)သည် မတ်လ ၈ရက်ကလည်း တောင်သူခရိုင် သံတောင်ကြီးမြို့နယ်ရှိ သပြေညွန့် စစ်ကောင်စီ တပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KNU ဗဟို ဌာနချုပ်က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ သပြေညွန့် စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးခန့် သေဆုံးသည်ဟု သိရကြောင်း စစ်တောင်းကမ်ပိန်း၌ ပါဝင်သည့် ကရင်သတင်းရင်းမြစ်က ပြောသည်။

သပြေညွန့်စခန်းသိမ်းတိုက်ပွဲတွင်လည်း စစ်ကောင်စီထံမှ လက်နက်မျိုးစုံ ၈လက်ထက်မနည်းနှင့် ခဲယမ်း၊ ကျည်များ သိမ်းပိုက်ရရှိခဲ့ဟုလည်း ကရင်သတင်းရင်းမြစ်က ပြောသည်။

စစ်တောင်းကမ်ပိန်းသည် တပ်မဟာ(၂) နယ်မြေ စစ်တောင်းဒေသရှိ စစ်ကောင်စီတပ်စခန်းများအားလုံး တိုက်ခိုက်မည့် စစ်ဆင်ရေး၌ အသုံးပြုရန် ရန်ပုံငွေ ရှာဖွေနေခြင်းဖြစ်ပြီး ကမ်ပိန်း၌ ပါဝင်ကြရန် တပ်မဟာ(၂) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဩဂုတ်စတီးက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မုန်း(မူး)မြို့နယ်ကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ သုံးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ကျောက်ကွင်းကျေးရွာ ဘုန်းကြီးကျောင်းအား စစ်ကောင်စီ လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ သံဃာတစါပါး ပျံလွန်တော်မူခဲ့ပြီး ၂ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေ ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာများအား စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ ပြည်သူ ထိခိုက်မှု၊ နေအိမ်နှင့် စာသင်ကျောင်း ပျက်စီးမှုများရှိကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၇)နယ်မြေ လှိုင်းဘွဲ့မြို့နယ်ရှိစစ်ကောင်စီတပ် စခန်းတစ်ခုကို ယနေ့ (မတ်လ ၂ရက်) ညပိုင်း၌ အပြီး သတ်သိမ်းပိုက်နိုင်ပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

Trending

Facebook