close
Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်တိုက်ပွဲ စစ်​ကောင်စီတပ် ​သေဆုံးထိခိုက်မှုများပြီး ​တော်လှန်​ရေးအဖွဲ့​တွေက စစ်သုံ့ပန်း ၇ ဦးဖမ်းမိ

စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့တိုက်ပွဲ​တွေဆက်တိုက်ပွဲ​တွေဖြစ်ပွား​နေပြီး စစ်‌ကောင်စီတပ်ထိခိုက်သေဆုံးမှုများသလို စစ်သုံ့ပန်း ၇ ဦးဖမ်းမိထားတ‌‌ယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်​တွေက ပြောပါတယ်။

တန့်ဆည် PDF နှင့် တန့်ဆည် ပကဖ တပ်ဖွဲ့ဝင်များ / ပျူဘုန်ကြီး ဝါသဝ နှင့် ပျူ​စောထီးများ။ ဓါတ်ပုံ-တန့်ဆည် ပကဖ၊ စစ်​ကောင်စီ

ဝါသဝ ၏ ပျူ​များထဲမှ စစ်သား၊ရဲ နှင့် ပျူများကိုဖမ်းမိဟု PDF ​ပြော

ရှိန်း/People’s Spring

စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့တိုက်ပွဲ​တွေဆက်တိုက်ပွဲ​တွေဖြစ်ပွား​နေပြီး စစ်‌ကောင်စီတပ်ထိခိုက်သေဆုံးမှုများသလို စစ်သုံ့ပန်း ၇ ဦးဖမ်းမိထားတ‌‌ယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်​တွေက ပြောပါတယ်။

မတ်လ ၃ရက် နေ့ မနက်၄နာရီ ဝန်းကျင်ကတည်းက တန့်ဆည်မြို့နဲ့ အနီးဝန်းကျင်က စစ်​ကောင်စီတပ်စခန်း​တွေကို တော်လှန်ရေးတပ်တွေကတိုက်ခိုက် နေတာဖြစ်ပါတယ် ။

Public Service Announcement

Public Service Announcement

မြို့အနီးက ဆင်ငယ်ပျူစောထီးရွာအပါအဝင်စစ်တပ်တပ်စွဲ​နေတဲ့ရွာအချို့ နဲ့တန့်ဆည်မြို့ရဲ့​နေရာအချို့ကို ​တော်လှန်​ရေးတပ် တွေကိုသိမ်းယူထားနိုင်ပြီလို့သိရပါတယ်။

မတ်လ၄ရက် နေ့ညပိုင်းက ဆင်ငယ်ရွာကိုအထိုင်ချထားတဲ့ကန့်ဘလူ သဃ်န်းဝတ် ဝါသဝစစ် ကြောင်းက ရဲ နဲ့ ပျူစောထီး၊စစ်သား စုစုပေါင်း၇‌‌ဦးကိုဖမ်းဆီးရရှိခဲ့တယ်လို့ တိုက်ပွဲမှာပါဝင်တဲ့ PDF တဦးက ပြောပါတယ်။

စစ်ကောင်စီဘက်ကလည်းလေယာဉ်နဲ့ ​ဆက်တိုက်လာရောက်တိုက်ခိုက်တာ​နေတာလို့ သိရပါတယ်။

“တိုက်ပွဲကပျောက်ကြားပုံစံမျိုးတော့ ဆက်ဖြစ်နေတ‌‌ယ်။စကစအ လောင်း ၁၅ လောင်းထပ်ရထားတယ်။တချို့နေရာတွေကိုလည်း စီးနိုင်ထားတယ်လို့ပြောလို့ရပါတယ်”လို့ အဲဒီရဲဘော်ကဆက်ပြောပါတယ်။

မတ်လ ၅ ရက်​ညပိုင်းက စစ်တပ်ဘက်က Y-12နဲ့လက်နက်ပစ္စည်းနဲ့ ရိက္ခာ တွေထောက်ပံ့ထားသလို မတ်လ ၆ ရက်​နေ့ မနက်ပိုင်းမှာကန့်ဘလူမြို့နယ် ကာဘိုးရွာအနီး ရွှေလမ်းဆုံရွာက ပျူစောထီး၁၀၀လောက် တန့်ဆည်မြို့ကို အင်အားထပ်တိုးထားတယ်လို့သိရပါတယ်။

မတ်လ ၆ ရက်ည နဲ့ ဒီ​နေ့ (မတ် ၇ )မှာလည်းတိုက်ပွဲ​ ဆက်လက်ပြင်းထန်​နေပြီး​တော့ စစ်တပ်က ​လေ​ကြောင်းပစ်ကူသုံးခုခံတိုက်ခိုက်​နေတယ်လို့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်အချို့က​ပြောပါတယ် ။

​တော်လှန်​ရေးတပ်​တွေက မြို့ရဲ့ အရှေ့ဘက်နဲ့ တောင်ဘက်ခြမ်း ကစစ်တပ် တပ်စွဲရာ​နေရာ​တွေကိုလက်သိမ်းယူဖို့ကျန်‌နေပြီး စစ်ကောင်စီဘက်ကမြို့တွင်းက ဘောလုံးကွင်း၊ကြံ့ခိုင်ရေးရုံး၊ထွေအုပ်ရုံးနဲ့ရဲစခန်းတွေမှာအထိုင်ချခုခံ​နေတာလို့သိရပါတယ်။

​ဒေသတွင်းတော်လှန်ရေးတပ်တွေကတန့်ဆည်မြို့ကစစ်တပ်စခန်း​တွေကိုအရင်ကလည်း ၂ကြိမ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ဖူးပါတယ် ။

​ဒေသခံပြည်သူ​တွေဟာ အရင်ကတည်းက ​ဘေးလွတ်မယ်ထင်ရာကို ထွက်​ပြေးတိမ်း​ရှောင် ​နေကြတယ်လို့ ​ဒေသခံ အချို့က​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကဖေး/People’s Spring စစ်ကိုင်းတိုင်းအတွင်း အိန္ဒိယ-မြန်မာနယ်စပ်၌ အခြေစိုက်ပြီး စစ်အာဏာရှင်တော်လှန်ရေးတွင်ပါဝင်နေသည့် ကူကီးအမျိုးသားတပ်မတော်-မြန်မာပြည်(KNO/KNA-B ) နှင့် ထာဒိုလက်နက်ကိုင်တပ်ဖွဲ့(TCA/TDA)တို့ပူးပေါင်းလိုက်သည်။ ဖေဖော်ဝါရီ ၂၆ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၌ နှစ်ဖက်တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ပူးပေါင်းလိုက်ကြောင်း သတင်းထုတ်ပြန်သည်။ “ကူကီးနဲ့ ထာဒိုက မျိုးနွယ်တူတယ်။ တစ်မိသားစုတည်းတောင် သဘောထားကွဲလွဲတာရှိတယ်။ အခုပေါင်းစည်းလိုက်တာ အံ့ဩရသလို...

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ILOရဲ့ ပုဒ်မ (၃၃)အရ စစ်ကောင်စီကို အရေးယူဖို့ တောင်းဆိုတဲ့ ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၆)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်​ကောင်စီက စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်မှာ စက်တပ်‌ လေထီး တွေကြီးကြပ်မယ့် အထိုင်စခန်းတခုချထားပြီး စစ်ကိုင်းတိုင်းအတွင်းကို လေကြောင်းတိုက်ခိုက်မှု ပိုမိုလုပ်ဖို့ စစ်​ကောင်စီက စီစဥ်​နေတယ်လို့ စစ်တပ်သတင်းအရင်းမြစ်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ILOရဲ့ ပုဒ်မ (၃၃)အရ စစ်ကောင်စီကို အရေးယူဖို့ လှုံ့ဆော်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၅)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

Facebook