close
Connect with us

Hi, what are you looking for?

သတင်း

အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ်က စစ်ရှောင်ပြည်သူများအား ပြည်သူ့စစ်အဖြစ်ခေါ်ဆောင်နေဟု PDF ပြော

ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသတွင် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့ စစ် (PNA)က စစ်ရှောင်ပြည်သူများအား ပြည်သူ့စစ်အဖြစ်ခေါ်ဆောင်ပြီး စစ်ရေးလေ့ကျင့်ပေးနေကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်မတော်(IPDF)က ယနေ့(မတ်လ ၉ရက်) အသိပေး ထုတ်ပြန်သည်။

အင်းလေးဒေသတွင် စစ်ကြောင်းထိုးခဲ့သည့် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် PNA ပူးပေါင်းအဖွဲ့များကို ဖေဖော်ဝါရီ ၁၂ ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - IPDF

ရဲခေါင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသတွင် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့ စစ် (PNA)က စစ်ရှောင်ပြည်သူများအား ပြည်သူ့စစ်အဖြစ်ခေါ်ဆောင်ပြီး စစ်ရေးလေ့ကျင့်ပေးနေကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်မတော်(IPDF)က ယနေ့(မတ်လ ၉ရက်) အသိပေး ထုတ်ပြန်သည်။

ပအိုဝ်းပြည်သူ့စစ်သည် ဘုရားတောင်စစ်ဘေးရှောင်စခန်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ကာ ညောင်ရွှေမြို့နယ်ရှိ ရေပူကျေးရွာသားများအား စစ်ရှောင်ရန်ဖိအားပေးခဲ့သည့်အပြင် ၎င်းတို့ကို ပြည်သူ့စစ်အတွင်းထည့်သွင်းကာ စစ်ရေးလေ့ကျင့်ပေးနေသည်ဟု ဆိုသည်။

ထို့အပြင် ဖေဖော်ဝါရီ ၁၇ရက်က ရေပူကျေးရွာလာရောက်သည့် စစ်ကောင်စီတပ်စစ်ကြောင်းတွင်လည်း ဆရာဆောင် ဦးဆောင်သည့် ရေပူကျေးရွာသား ၁၀ဦးပါဝင်ကြောင်း ဖမ်းဆီးခံပအိုဝ်းပြည်သူ့စစ်များမှ ထုတ်ဖော်ပြောဆိုကြောင်း IPDF က အသိပေးသည်။

Public Service Announcement

Public Service Announcement

“ဆရာဆောင် ဆိုတာရေပူရွာသားပဲ။စကစသစ္စာခံ PNA အဖွဲ့ဝင်”ဟု IPDF တာဝန်ရှိသူက လူထုနွေဦး သို့ ပြောသည်။

ထို့ကြောင့် ရေပူကျေးရွာခံများအနေဖြင့် PNA နှင့် လုံးဝပတ်သက်ခြင်းမပြုရန်နှင့် PNA အတွင်း သင်တန်းတက်ရောက်သူများကိုလည်း စိစစ်ပြီး အရေးယူမည်ဟု သတိပေးသည်။

ထို့အပြင် အင်းလေးဒေသရှိ ထီရီး၊နမ့်ပွန်၊ထီဟန်းတား၊ရန်ကင်း၊ဟူးရမ်း နှင့် လွယ်ခေါ် ကျေးရွာရှိပြည်သူများအပါအဝင် ညီနောင်ပအိုဝ်းတိုင်းရင်းသားများနေထိုင်သော ကျေးရွာများအားလုံးလည်း ယခုထုတ်ပြန်ချက်ကို သတိပြုရန် IPDFက တိုက်တွန်းသည်။

“သူတို့(စစ်ကောင်စီနှင့် PNA)ဘက်ကတော့ ဒရုန်းတွေနဲ့ဆက်တိုက်ပုံးကြဲနေတာပဲ”ဟု IPDF ပြောရေးဆိုခွင့်ရှိသူကိုအင်းသွေးနီက လက်ရှိ အင်းလေးဒေသစစ်ရေးအခြေအနေကို ပြောသည်။

လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲသည် ပြည်သူလူထုဆန္ဒ မျက်ကွယ်ပြု၍ စစ်တပ်၏ မတရားအာဏာသိမ်းမှုကို ဆန့်ကျင်တိုက်ခိုက်ခုခံနေရသောတိုက်ပွဲဖြစ်ကာ စစ်ကောင်စီနှင့် မပတ်သက်၊ခိုင်းသမျှ မလုပ်ပါက PNAကို ရန်သူအဖြစ်သတ်မှတ်တိုက်ခိုက်မည်မဟုတ်သည့်အပြင် ယခုအချိန်ထိလည်း PNA ကို စတင်တိုက်ခိုက်ခဲ့ခြင်းမရှိဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

စစ်ကောင်စီသည် ဖယ်ခုံနှင့် အင်လေးဒေသကြားရှိ တော်လှမ်ရေးအင်အားစုများ စိုမိုးထားသောနေရာများ ရရှိရန် ပအိုဝ်းပြည်သူ့စစ်ကိုအသုံးချ၍ တိုက်ခိုက်နေပြီး ယခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်က ရေပူကျေးရွာအနီး တိုက်ပွဲအတွင်း ပအိုဝ်း ပြည်သူ့စစ်လေးဦးကို တော်လှန် ရေးပူးပေါင်းတပ်က ဖမ်းဆီးရရှိခဲ့သည်။

ဖေဖော်ဝါရီအတွင်း ရှမ်းပြည်တောင်ပိုင်း ၊ ညောင်ရွှေမြို့နယ် ၊ အင်းလေးဒေသ ရှိကျေးရွာများနှင့် ဘီလူးချောင်း အရှေ့ဖက်ခြမ်းရှိကျေးရွာ တို့ကို စစ်ကောင်စီနှင့် PNA ပြည်သူ့စစ်တို့က လက်နက်ကြီး ၊လေကြောင်း နှင့် ဒရုန်းပစ်ခတ်မှု (၁၃၉)ကြိမ် ပစ်ခတ်ခဲ့ကြောင်း အင်းလေးဒေသလူ့အခွင့် အရေးအဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ ပစ်ခတ်မှုများကြောင့် (၁၀)နှစ်ကလေးငယ်တစ်ဦး အပါအဝင် အရပ်သား ငါးဦး သေဆုံးကာ ၊ ကိုးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မီးလောင်ဗုံးကျ‌၍ နေအိမ်များမီးလောင်ကျွမ်းမှုများ ရှိခဲ့‌သည်။

ဆက်စပ်သတင်းများ

သတင်း

ပင်လောင်း-ဖယ်ခုံ-မိုးဗြဲ နှင့် လွိုင်ကော်လမ်းပိုင်း ကို ထိန်းချုပ်ရန် စစ်ကောင်စီက စက်တင်ဘာလဆန်းပိုင်းကစ၍ စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုရှိနေသည်။

သတင်း

ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီခြေမြန်တပ်ရင်း အမှတ်(၃၃၆)နှင့် (၄၂၁)တပ်ရင်းများရှိပြီး အမှတ်(၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ)လည်း အခြေစိုက်ထားသည်။

သတင်း

ပအိုဝ်းပြည်သူ့စစ်(PNA) ဒုစစ်ဦးစီးချုပ် နေဝင်းထွန်းသည် စစ်ကောင်စီ အလိုကျ စစ်ကောင်စီ အကျိုးစီးပွားအတွက် ပအိုဝ်းဒေသခံများကို အသုံးချနေကြောင်း ပအိုဝ်း သတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNA)က စစ်သင်တန်း ၅ ရက်ပေးထားသူများဖြင့် အင်အားပြခဲ့ကြောင်း ပအိုဝ်းစစ်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

Facebook