close
Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်တော်လှန်ရေးတွင်ပါဝင်နေသည့်ကူကီး နှင့် ထာဒိုအဖွဲပူးပေါင်း

​၂၀၂၃ ဒီဇင်ဘာလတွင် စစ်တပ် ၊ကသည်းသူပုန် ၊ရှမ်းနီတပ်(SNA)၊ ပျူ​စောထီတို့ စု​ပေါင်းတပ်စခန်းကို​တော်လှန်​ရေးတပ်များကသိမ်းပိုက်ရာ ပါဝင်တိုက်ခိုက်ခဲ့​သော KNA (B)တပ်ဖွဲ့ဝင်များ / ပူး​ပေါင်း​ကြောင်းသ​ဘောတူစာချုပ်နှင့် TCA/TDA တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ- KNO၊ TCA ​ဖေ့စ်ဘွခ်​ပေ့ချ်

ကဖေး/People’s Spring

စစ်ကိုင်းတိုင်းအတွင်း အိန္ဒိယ-မြန်မာနယ်စပ်၌ အခြေစိုက်ပြီး စစ်အာဏာရှင်တော်လှန်ရေးတွင်ပါဝင်နေသည့် ကူကီးအမျိုးသားတပ်မတော်-မြန်မာပြည်(KNO/KNA-B ) နှင့် ထာဒိုလက်နက်ကိုင်တပ်ဖွဲ့(TCA/TDA)တို့ပူးပေါင်းလိုက်သည်။

ဖေဖော်ဝါရီ ၂၆ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၌ နှစ်ဖက်တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ပူးပေါင်းလိုက်ကြောင်း သတင်းထုတ်ပြန်သည်။

“ကူကီးနဲ့ ထာဒိုက မျိုးနွယ်တူတယ်။ တစ်မိသားစုတည်းတောင် သဘောထားကွဲလွဲတာရှိတယ်။ အခုပေါင်းစည်းလိုက်တာ အံ့ဩရသလို ဒါက သတင်းကောင်းဖြစ်တယ်” ဟု တမူးဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

အမျိုးသားရေးဆောင်ရွက်ရာ၌ ရည်မှန်းချက်တူညီသောကြောင့် ပူးပေါင်းလိုက်ခြင်းဟု ထုတ်ပြန်ထားပြီး စစ်အာဏာရှင်တော်လှန်ရေး၌ အကျိုးရှိမည်ဟု ယုံကြည်ကြောင်း တမူးဒေသခံက‌ပြောသည်။

“KNA(B) က 2021 စစ်အာဏာမသိမ်းခင်ကတည်းကဖွဲ့စည်းခဲ့ပြီး TDA က စစ်အာဏာသိမ်းနွေဦးတော်လှန်ရေးက စဖွဲ့တာ။ နှစ်ဖွဲ့စလုံးက စစ်အာဏာရှင်တော်လှန်ရေးမှာ ပူးပေါင်းတိုက်ခိုက်နေတာပါ”ဟု တမူးမြို့မှ ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

KNA(B) တပ်ဖွဲ့သည် မြန်မာ-အိန္ဒိယနယ်စပ်​ဒေသတွင် စစ်တပ်စခန်းနှင့် စစ်တပ်လက်​အောက်ခံပြည်သူ့စစ်စခန်းများကို ​တော်လှန်​ရေးအဖွဲ့များကတိုက်ခိုက်​သောတိုက်ပွဲများတွင်ပါဝင်တိုက်ခိုက်​နေသည်။

တမူးမြို့နယ်အထက်ပိုင်း အောင်ဇေယျကျေးရွာရှိ စစ်ကောင်စီနှင့်စစ်တပ်လက်​အောက်ခံ ကသည်းသူပုန် ၊ရှမ်းနီတပ်(SNA) နှင့် ပျူ​စောထီးများ၏

အခြေစိုက်တပ်စခန်းအား ​တော်လှန်​ရေးတပ်များကထိုးစစ်ဆင်သိမ်းပိုက်ရာတွင်လည်း KNA (B)တပ်ဖွဲ့ဝင်များပါဝင်တိုက်ခိုက်ခဲ့သည်။ အလားတူ ၂၀၂၃ နိုဝင်ဘာလတွင် တမူးခရိုင် မြို့သစ်မြို့နယ် ရှိ အကျဥ်းဦးစီး ၏ အကျဥ်းစခန်းကိုတိုက်ခိုက်သိမ်းပိုက်ရာတွင်လည်း ပါဝင်တိုက်ခိုက်ခဲ့သည်။

ကူကီးနှင့် ထာဒိုတိုင်းရင်းသားမျိုးနွယ်စုများသည်စစ်ကိုင်းတိုင်း၊ ကလေး၊ တမူး၊ ဟုမ္မလင်း၊ လေရှီးနှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ နေထိုင်ကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့တိုက်ပွဲ​တွေဆက်တိုက်ပွဲ​တွေဖြစ်ပွား​နေပြီး စစ်‌ကောင်စီတပ်ထိခိုက်သေဆုံးမှုများသလို စစ်သုံ့ပန်း ၇ ဦးဖမ်းမိထားတ‌‌ယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်​တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ILOရဲ့ ပုဒ်မ (၃၃)အရ စစ်ကောင်စီကို အရေးယူဖို့ တောင်းဆိုတဲ့ ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၆)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်​ကောင်စီက စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်မှာ စက်တပ်‌ လေထီး တွေကြီးကြပ်မယ့် အထိုင်စခန်းတခုချထားပြီး စစ်ကိုင်းတိုင်းအတွင်းကို လေကြောင်းတိုက်ခိုက်မှု ပိုမိုလုပ်ဖို့ စစ်​ကောင်စီက စီစဥ်​နေတယ်လို့ စစ်တပ်သတင်းအရင်းမြစ်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ILOရဲ့ ပုဒ်မ (၃၃)အရ စစ်ကောင်စီကို အရေးယူဖို့ လှုံ့ဆော်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၅)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

Facebook