close
Connect with us

Hi, what are you looking for?

သတင်း

မဟာမိတ် TNLAနှင့် ပဋိပက္ခဖြစ်ပွားမှု လက်နက်အင်အားသုံး ဖြေရှင်းခြင်း လုံး၀မလုပ်ရန် KIAတပ်ကို KIO ဗဟို ညွှန်ကြား

မဟာမိတ်KIA နှင့်မြေပြင်ပဋိပက္ခများထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန်လိုအပ်ကြောင်း TNLA စစ်ဦးစီးချုပ် တိုက်တွန်း

KIA နှင့် TNLA ​တပ်မှတာဝန်ရှိသူများ ဇန်နဝါရီ ၃၁ ရက်​နေ့က နှစ်ဖက်ညှိနှိုင်း​ဆွေး​နွေးသ​ဘောတူပြီး​နောက် စု​ပေါင်းဓါတ်ပုံရိုက်ကူးစဥ်။ ဓါတ်ပုံ-File Photo

ဟန်နွေ/People’s Spring

တအာင်းတပ်မတော်(TNLA) နှင့် လတ်တလော ဖြစ်ပွားနေသည့် ပဋိပက္ခနှင့်ပတ်သက်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ညွှန်ကြားစာထုတ်ပြန်ခဲ့ရာ ပြဿနာကို လက်နက်ဖြင့် မဖြေရှင်းရန် နှင့် လုံခြုံရေးစနစ်တိုးမြှင့်ထားရန် ဖော်ပြထားသည်။

ဖေဖော်ဝါရီ လ နောက်ဆုံးပတ်တွင် မန်တုံမြို့နယ်၌ KIA တပ် ဂိတ်စခန်းအချို့နှင့် KIO ရုံးအချို့ကို TNLA ဘက်က အင်အားသုံး စီးနင်းမှု အပါအဝင်နှစ်ဖက်အကြား ပဋိပက္ခများ ဖြစ်ကာ ထိုးကြိတ်ရိုက်နှက်မှု ကြောင့် KIA ရဲဘော်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အခြေအနေများကြောင့် တင်းမာနေသည့် အခြေအနေတွင် ဗဟိုက ယခုကဲ့သို့ ညွှန်ကြားစာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို KIO ဗဟိုက ညွှန်ကြားတာ။ ပြဿနာကို လက်နက်နဲ့ မဖြေရှင်းကြဖို့ပါ။ ကိုယ့်ဖက်က လုံခြုံရေးစနစ် တိုးမြှင့်ထားဖို့” ဟု ကချင်ဘာသာဖြင့် ထုတ်ပြန်သည့် အမိန့်စာကို KIA သတင်းရင်းမြစ်တစ်ဦးက ဘာသာပြန်ရှင်းပြပေးသည်။

Public Service Announcement

Public Service Announcement

အခြား ကချင်သတင်းရင်းမြစ်တစ်ဦးကလည်း ညွှန်ကြားစာ၌ အဓိက ပါဝင်သည့် အချက်မှာ ရှမ်းမြောက်တပ်မဟာ(၄)လက်အောက်ခံတပ်ရင်း(၃၄)နယ်မြေ၌ ဖြစ်ခဲ့သည့် TNLAနှင့် KIA စစ်သားများအကြား ထိုးကြိတ်မှု၊ ပွတ်တိုက်မှု ဖြစ်စဉ်ကို လက်နက်နှင့် မဖြေရှင်းရန် အဓိက ညွှန်ကြားခြင်းဖြစ်သည်ဟု ပြောပြသည်။

“ကိုယ့်ရဲ့ လုံခြုံရေးကို ပိုပြီးမှ ဒီထက်မက တိုးမြှင့်အောင် ဆောင်ရွက်ဖို့ရန်အတွက်လည်း အဲဒီမှာ ညွှန်ကြားထားတာရှိပါတယ်။ တားမြစ်ထားတာကတော့ မဟာမိတ်ကြားထဲ လက်နက်အားကိုးပြီးမှ ပွတ်တိုက်မှု ဖြစ်တာကို ရှောင်ရှားဖို့ရန်အတွက် KIA စစ်သားတွေကို ညွှန်ကြားတာ အဓိက ပြောသွားတာ” ဟု ကချင်သတင်းရင်းမြစ်တဦးက ပြောသည်။

KIO ဗဟို အနေဖြင့် ယခုကဲ့သို့ ညွှန်ကြားစာ မထုတ်ပြန်မီကတည်းက TNLAနှင့် KIA အကြား ပြဿနာများကို စိတ်ရှည်သည်းခံပြီး မဟာမိတ် စည်းကို ဆက်လက်စောင့်ထိန်းရန် ညွှန်ကြားခဲ့ဟု စစ်ရေး၊ နိုင်ငံရေးလေ့လာသူ ကချင်သတင်းရင်းမြစ် ဦးဇော်ဆန်က ပြောပြထားသည်။

KIA နှင့် TNLA တို့သည် မန်တုံမြို့နယ်တွင်သာ မက နမ့်ဖက်ကာ အပါအဝင် ရှမ်းမြောက်ဒေသ နေရာအချို့၌ ယခုနှစ်ဆန်းအတွင်း နယ်မြေဆိုင်ရာ အငြင်းပွားမှု နှင့်ပတ်သက်ပြီး အောက်ခြေတပ်များအကြားတင်းမာမှု၊ပဋိပက္ခဖြစ်ပွားမှုများ ဆက်

တိုက်ရှိခဲ့ရာ ထိုးကြိတ်ရိုက်နှက်သည့်အခြေအနေမျိုး ဖြစ်ပေါ်ခဲ့သော်လည်း နှစ်ဖက်တပ်များက လက်နက်အသုံးပြုပစ်ခတ်ခြင်း လုံး၀မရှိခဲ့ပေ။

တအာင်းတပ်မတော် (TNLA) ကလည်း KIA နှင့် ပဋိပက္ခကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန် လိုအပ်ကြောင်း PSLF/TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိုပလန် ၏ ပြောကြားချက်ကို ယနေ့ (မတ်လ ၁ ရက်)နေ့လည်တွင် ထုတ်ပြန်သည်။

မန်တုံမြို့နယ်အတွင်း TNLA နှင့် မဟာမိတ် KIA တို့အကြား ယခုရက်ပိုင်း၌ မြေပြင်တပ်ဖွဲ့ဝင်များ အပြန်အလှန် အငြင်းပွားမှုများ ဖြစ်ပွားလျက်ရှိရာမြေပြင်ပွတ်တိုက်မှုများ၊ပဋိပက္ခတင်းမာမှုများဆက်လက်မကြီးထွားစေရန်အတွက်PSLF/TNLA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်က မန်တုံမြို့သို့ ယမန်နေ့ ဖေဖော်ဝါရီလ ၂၈ ရက်တွင် သွားရောက်ကာ လူထုတွေ့ဆုံပွဲ ပြုလုပ် ပြောဆိုခဲ့ဟု ဖော်ပြသည်။

မဟာမိတ် KIA နှင့် မိမိတို့ TNLA အကြား ဆက်ဆံရေးတင်းမာမှုအခြေအနေများ မကြီးထွားလာစေရန် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်သွားရန် အပြင်မဟာမိတ်နှစ်ဖွဲ့အကြား အပြန်အလှန်အသိအမှတ်ပြုရန်နှင့် မဟာမိတ်တည်တံ့ခိုင်မြဲစေရန် နှစ်ဖက်တပ်က ပူးပေါင်းဆောင်ရွက်သွားရ

မည့်အချိန်ဖြစ်ကြောင်း စစ်ဦးစီးချုပ်ကပြောကြားခဲ့သည်ဟု ထုတ်ပြန်သည်။

မဟာမိတ်ကတိကဝတ်ကို ရှေးရှု၍ မဟာမိတ်ကြား မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားလာစေရန် မဟာမိတ်နှစ်ဖက်လုံးမှ သတိထားဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ဆက်ဆံရေးတင်းမာမှုများအား ညှိနှိုင်းဖြေရှင်းရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်ဟုပါရှိသည်။

KIAနှင့် TNLA တို့သည် မန်တုံမြို့နယ်တွင်သာ မက နမ့်ဖက်ကာ အပါအဝင် ရှမ်းမြောက်ဒေသ နေရာအချို့၌ ယခုနှစ်ဆန်းအတွင်း နယ်မြေဆိုင်ရာ အငြင်းပွားမှု နှင့်ပတ်သက်ပြီး အောက်ခြေတပ်များအကြား တင်းမာမှု၊ ပဋိပက္ခဖြစ်ပွားမှုများ ဆက်တိုက်ရှိခဲ့ရာ ထိုးကြိတ် ရိုက်နှက်သည့် အခြေအနေမျိုး ဖြစ်ပေါ်ခဲ့သော်လည်း နှစ်ဖက်တပ်များက လက်နက်အသုံးပြုပစ်ခတ်ခြင်း လုံး၀မရှိခဲ့ပေ။

ဆက်စပ်သတင်းများ

သတင်း

အပစ်ရပ်စဲရေးပြုလုပ်ရန် တဖက်သတ် ဖိအားပေးမှုရှိနေကြောင်းတအာင်းတပ်မတော်(TNLA) ခေါင်းဆောင်တဦးဖြစ်​သော ဗိုလ်ချုပ်တားဘုန်းကျော်ကအသိပေးခဲ့ပြီး တော်လှန်ရုန်းထွက်ရန်သာ နည်းလမ်းထပ်ရှာရမည်ဟုပြောကြားခဲ့သည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း ၊မန်တုံမြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် တအာင်းတပ်မတော်(TNLA) တပ်ဖွဲ့များကြား ဖေဖော်ဝါရီ ၂၇ရက်က ပဋိပက္ခ ထပ်မံဖြစ်ပွားခဲ့သည်။

ဆောင်းပါး

မနက်၄နာရီထိုးတာနဲ့ ဒေါင်းနီတပ်ဖွဲ့ကရဲဘော်တွေလှုပ်လှုပ်ရှားရှားဖြစ်ကြပါပြီ။ တပ်ဖွဲ့ကရဲဘော်တိုင်းမနက်ဆိုရင် ပြေးချိန် တစ်နာရီခွဲ နဲ့ ကာယလေ့ကျင့်ခန်း(PT)နာရီဝက် စုစုပေါင်း ၁ နာရီခွဲလေ့ကျင့်ခန်းပုံမှန်လုပ်ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီနှင့် တအာင်းတပ်မတော်(PSLF/TNLA) ကိုယ်စားလှယ်များ တွေ့ဆုံခဲ့မှုသည် တရုတ်အစိုးရ၏ အတင်းအကြပ်ဖိအားပေးမှုကြောင့်ဟု TNLA အထွေထွေအ တွင်းရေးမှူးချုပ် ဗိုလ်မှူးချုပ် တားဘုန်းကျော်က ပြောသည်။