close
Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ(၆)နယ်မြေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ အမျိုးသမီး တစ်ဦးသေဆုံး၊ ကလေးငယ်နှင့် သံဃာတော်အပါအဝင် ပြည်သူ ၁၄ဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေကို စစ်ကောင်စီက ဖေဖော်ဝါရီ ၂၆ရက်တွင် လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်နှင့် သံဃာတော်အပါအဝင် ပြည်သူ ၁၄ဦး ဒဏ်ရာရခဲ့ကြောင်း KNUက ယနေ့(ဖေဖော်ဝါရီ ၂၈ရက်) သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ ဗုံးကြဲပစ်ခတ်မှုကြောင့် ဝင်းရေးမြို့နယ်၊ ပန်းအောင် (တိုခေါဖူး) ကျေးရွာဘုန်းကြီးကျောင်း ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေကို စစ်ကောင်စီက ဖေဖော်ဝါရီ ၂၆ရက်တွင် လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်နှင့် သံဃာတော်အပါအဝင် ပြည်သူ ၁၄ဦး ဒဏ်ရာရခဲ့ကြောင်း KNUက ယနေ့(ဖေဖော်ဝါရီ ၂၈ရက်) သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂၆ရက် မွန်းလွဲပိုင်းက စစ်ကောင်စီ၏ နေပြည်တော်လေတပ်မှ Yak-130 Jet Fighter တစ်စီးဖြင့် ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်၊ ခွန်နဝါ (မောထီး) ကျေးရွာသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၄၂ နှစ်အရွယ် အမျိုးသမီး တစ်ဦး သေဆုံးပြီး (၄)နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူ (၆)ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးသည်။

ထို့ပြင် စစ်ကောင်စီသည် ဝင်းရေးမြို့နယ်၊ ပန်းအောင် (တိုခေါဖူး) ကျေးရွာဘုန်းကြီးကျောင်းသို့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သံဃာတော် သုံးပါးနှင့် (၅)နှစ် အရွယ်ကလေးငယ်အပါအဝင် ပြည်သူ ၅ဦး ဒဏ်ရာရခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်မှ စစ်ရေးပစ်မှတ်မဟုတ်သည့် ဘာသာရေးအဆောက်အဦးများ၊ ပြည်သူ့ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်းများ နှင့် အပြစ်မဲ့ အရပ်သားပြည်သူနေထိုင်သည့်နေရာများအားပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိဖြင့် ဗုံးကြဲပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံဃာတော်များအပါအဝင် အပြစ်မဲ့ပြည်သူထိမှန်ခဲ့ပြီး သာသနာပိုင် ဘုန်းတော်ကြီးကျောင်း နှင့် ပြည်သူပိုင် အိုးအိမ်များလည်း ထိမှန်ပျက်စီး ဆုံးရှုံးခဲ့ရသည်ဟု အသိပေးသည်။

စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၂၇ရက်ကလည်း KNU တပ်မဟာ(၇)နယ်မြေ နယ်စပ်အနီးတနေရာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဒေသခံများ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးခဲ့ကြရကြောင်း ကရင်သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီသည် KNU အုပ်ချုပ်နယ်မြေများကို လေကြောင်း ၊ ဒရုန်း၊ လက်နက်ကြီးတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ပြည်သူလူထုသေဆုံးထိခိုက်မှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသော မြောက်ဦးမြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ရွာအနီး လယ်ကွင်းအတွင်းကျ၍ ထိခိုက်သူမရှိခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။

သတင်း

ထိုင်း - မြန်မာ နယ်စပ်အနီး ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ထဲမှာ KNU တပ်မဟာ (၇) နဲ့ စစ်ကောင်စီတပ်ကြား ဒီနေ့ ဖေဖော်ဝါရီ ၂၇ ရက်မနက်အစောပိုင်းက တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ နယ်စပ်သတင်းရင်းမြစ်ထံကသိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ ဘီးလင်းမြို့နယ် မဲပလီ စစ်ကောင်စီဗျူဟာစခန်းအား တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေကြောင်း KNU သထုံခရိုင် တပ်မဟာ(၁)တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

စစ်ကောင်စီတပ်မှ မတရားဖမ်းဆီးပြီး ပြည်သူ့စစ်မှုထမ်းခိုင်းစေခံရသည့် တပ်သားသစ် သုံးဦး လက်နက်များနှင့်အတူ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ယနေ့(ဖေဖော်ဝါရီ ၁၇ရက်) သတင်းထုတ်ပြန်သည်။