close
Connect with us

Hi, what are you looking for?

သတင်း

အပစ်ရပ်ရန် တဖက်သတ်ဖိအားပေးမှုရှိသော်လည်း နည်းလမ်းရှာ တော်လှန်ရုန်းထွက်ရမည်ဟု TNLA ခေါင်းဆောင်ပြော

အပစ်ရပ်စဲရေးပြုလုပ်ရန် တဖက်သတ် ဖိအားပေးမှုရှိနေကြောင်းတအာင်းတပ်မတော်(TNLA) ခေါင်းဆောင်တဦးဖြစ်​သော ဗိုလ်ချုပ်တားဘုန်းကျော်ကအသိပေးခဲ့ပြီး တော်လှန်ရုန်းထွက်ရန်သာ နည်းလမ်းထပ်ရှာရမည်ဟုပြောကြားခဲ့သည်။

TNLA အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော် နှင့် TNLA မှာအရာရှိများ၊တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-TNLA

ထားမြတ်/People’s Spring

အပစ်ရပ်စဲရေးပြုလုပ်ရန် တဖက်သတ် ဖိအားပေးမှုရှိနေကြောင်းတအာင်းတပ်မတော်(TNLA) ခေါင်းဆောင်တဦးဖြစ်​သော ဗိုလ်ချုပ်တားဘုန်းကျော်ကအသိပေးခဲ့ပြီး တော်လှန်ရုန်းထွက်ရန်သာ နည်းလမ်းထပ်ရှာရမည်ဟုပြောကြားခဲ့သည်။

“ယူကရိန်း နဲ့ ငါတို့တော်လှန်ရေး “ ဟု ခေါင်းစဉ်ပါ စာစုကို TNLA အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်က မတ်လ ၁ရက်မနက်တွင် ၎င်း၏ ဖေစ်ဘွတ်ခ်တွင်ရေးသား ကာ ယခုကဲ့သို့ အသိပေးခဲ့ခြင်းဖြစ်သည်။

ယူကရိန်းသမ္မတ ဇီလန်စကီးနှင့် အမေရိကန်သမ္မတ ထရမ့် တို့ ဖေဖော်ဝါရီ ၂၈ရက်က အိမ်ဖြူတော်၌ တွေ့ဆုံစဉ် ထရမ့်က ယူကရိန်း အနေဖြင့် စစ်ပွဲကိုနိုင်ရန်မရှိဘဲ စစ်ပွဲရပ်ဆိုင်းရန် ရုရှားနှင့် ညှိနှိုင်းရန် ဖိအားပေးခဲ့သည်။ ယူကရိန်းထံမှ ​အဖိုးတန်မြေရှားသတ္ထု ​ဒေါ်လာဘီလီယံ ၅၀၀ ​ကျော်ဖိုးကို ထရန့်၏ အ​မေရိကန်အစိုးရက ဝယ်ယူလို​သော်လည်း စာချုပ်တွင် အနာဂါတ်၌ ရုရှားက ယူကရိန်းအ​ပေါ် မကျူး​စေရန် လုံခြုံ​ရေး အာမခံချက်ကို ယူကရိန်းက ရလို​သော်လည်း ထရန့်အစိုးရက အာမ မခံ၍ ဇန်လန်းစကီးက​လက်မခံ၍ အ​​​ရောင်းအဝယ်စာချုပ်မချုပ်ဖြစ်ဘဲ ​တွေ့ဆုံမှု ပြီးဆုံခဲ့သည်။

Public Service Announcement

Public Service Announcement

အလားတူပင် မြန်မာ့​နွေဦး​တော်လှန်​ရေးတွင်လည်းအင်အားကြီး တရုတ်နိုင်ငံအစိုးရက အတင်းအကြပ် ဖိအားပေးခဲ့၍ စစ်ကောင်စီနှင့် တွေ့ဆုံမှု ပြုလုပ်ခဲ့ရကြောင်း အသိပေးထားသည့် TNLA ခေါင်းဆောင်ကလည်း ယူကရိန်းနဲ့ ငါတို့ တော်လှန်ရေး ဟု ရေးသားထားသည့် စာစုကို ယနေ့ ​ရေးသားခဲ့ခြင်းဖြစ်သည်။

“ကိုယ့်ပြည်သူလူထု တရပ်လုံးကို စစ်ရာဇဝတ်မှုအမျိုးမျိုး ရက်ရက်စက်စက်ကျူးလွန်ပြီး ဖိနှိပ်ချေမှုန်းနေတဲ့ စစ်အာဏာရှင်-စစ်တပ် ကို လက်နက်ကိုင်တော်လှန်နေတာ ချက်ချင်းအပစ်ရပ်ဖို့နဲ့ ငြိမ်းချမ်းရေးစကား တဖက်သတ်ဖိပြောခံနေရတာ…ကိုယ့်နိုင်ငံကျူးလွန်နယ်ချဲ့လာသူကို တွန်းလှန်တိုက်ခိုက်နေတာကို ချက်ချင်းအပစ်ရပ်ဖို့နဲ့ ငြိမ်းချမ်းရေးစကား တဖက်သတ်ဖိပြောခံနေရတာ…ကမ္ဘာကြီးကိုတော့ အပြစ်မတင်ချင်တော့ပါ… တို့တွေ တော်လှန်ရုန်းထွက်ဖို့ နည်းလမ်းတွေ ထပ်ရှာဖို့ပါပဲ” ဟု ဗိုလ်ချုပ်တားဘုန်းကျော်က ​ရေးသားထားသည်။

TNLA အနေဖြင့် တရုတ်ဖိအားကြောင့် စစ်ကောင်စီနှင့် တွေ့ဆုံမှု ပြုလုပ်ခဲ့ရသော်လည်း အဖွဲ့၏ နိုင်ငံရေး ရပ်တည်ချက်ဖြစ်သော တအာင်းပြည်နယ်ရရှိရေးကို စစ်ကောင်စီက အသိအမှတ်ပြုရဲလျှင်ပင် လက်ခံရန်မရှိကြောင်း ဗိုလ်ချုပ်တားဘုန်းကျော်က ပြတ်သားစွာ အသိပေးထားသည်။

“ဆွေးနွေးဖို့ဆို ဝေးပါသေးတယ်”ဟု ဗိုလ်ချုပ်တားဘုန်းကျော်က အင်အားကြီးတရုတ်၏ ဖိအားမရှိပါက စစ်ကောင်စီနှင့်ဆွေးနွေးရန် လုံး၀မရှိကြောင်း ပြောကြားထားသည်။

TNLA ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်တားဂျုတ်ဂျား ဦးဆောင်သည့် ကိုယ်စားလှယ်များနှင့် စစ်ကောင်စီ ကိုယ်စားလှယ်များသည် တရုတ်အစိုးရ၏ စီစဉ်ပေးမှုဖြင့် ဖေဖော်ဝါရီ ၁၆ရက်နှင့် ၁၇ရက်နေ့များက တရုတ်နိုင်ငံ ကူမင်းမြို့၌ တွေ့ဆုံခဲ့သော်လည်း မည်သည့် သဘောတူညီချက်မှ မရဘဲ ဆွေးနွေးပွဲ ရပ်ဆိုင်းခဲ့ရကြောင်း TNLAက ထုတ်ပြန်ထားသည်။

အဆိုပါ တွေ့ဆုံပွဲ၌ TNLAက အချက် ၃ချက်ကို သာဆွေးနွေးခဲ့ပြီး နှစ်ဖက်တပ်ဖွဲ့များ ရောက်သည့် နေရာ၌ ရပ်ထားပြီး အပစ်ရပ်စဲရန်၊ နှစ်ဖက်အပြန်အလှန် လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းတိုက်ခိုက်မှုများ မလုပ်ရန်နှင့် ထိုးစစ်ဆင်ခြင်းမပြုလုပ်ရန် ၊ နှစ်ဖက်ထိန်းချုပ်ဒေသရှိ ပြည်သူများ စားဝတ်နေရေး၊ ဆေးဝါး သယ်ဆောင်နိုင်ရေး ဖြတ်သန်းသွားလာခွင့်ပြုရန် အချက်များဖြစ်ကြောင်း အသိပေးထားသည်။ စစ်ကောင်စီဘက်က မည်သည့်အချက်များ ဆွေးနွေးသည်ကို ဖော်ပြမထားပေ။

TNLA သည် မဟာမိတ်များနှင့်အတူ ၁၀၂၇ စစ်ဆင်ရေးကို ၂၀၂၃ အောက်တိုဘာ ၂၇ရက်က ဖော်ဆောင်ခဲ့ရာ စစ်ဆင်ရေး တစ်နှစ်ကျော်အတွင်း မြို့ ၁၂ မြို့နှင့် စစ်ကောင်စီ တပ်စခန်း ရာချီ တိုက်ခိုက်သိမ်းပိုက်ထားသည်။ TNLA ကဲ့သို့ပင် MNDAA၊ AA ညီ​နောင်မဟာမိတ်များကလည်း စစ်​ကောင်စီကို ထိုးစစ်ဆင်ရင် AA ကမြို့နယ်​ပေါင်း ၁၅ မြို့နယ် ၊ MNDAA က မြို့​​ပေါင်း ၁၀ မြို့​ကျော် သိမ်းပိုက်ထိန်းချုပ်ထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့် အာဏာရလာပြီးနောက်ပိုင်း အလုပ်ထုတ်ခံရလိုက်ရတဲ့၊ ဒါမှမဟုတ် အလုပ်ထုတ်ခံရနိုင်ခြေ ရှိနေတဲ့ အမေရိကန် အစိုးရ ဝန်ထမ်းတွေကို ရုရှားနဲ့ တရုတ်တို့ အပါအဝင် ပြိုင်ဘက် နိုင်ငံတွေက သွေးဆောင် စည်းရုံးနေကြောင်း အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာ တစ်စောင် ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

နိုင်ငံတကာ အရေးကိစ္စတွေ ကိုင်တွယ် ဆောင်ရွက်ရာမှာ တရုတ်နဲ့ ရုရှားကြား ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုမို မြှင့်တင်သင့်တယ်လို့ တရုတ် သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့ပါတယ်။

သတင်း

ကော့နွှဲ့ရွာတိုက်ပွဲ စစ်ကောင်စီတပ် ၁၀ဦးထက်မနည်း သေဆုံး၊ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရဟု SOGစစ်ကြောင်း ပြော

သတင်း

ဓာတ်ဆီလောင်းမီးရှို့ခံရသည့် ရာအိမ်မှူးသေဆုံးပြီးနောက် စစ်ကောင်စီက ဒေါပုံမြို့နယ်ကို ပုဒ်မ ၁၄၄အမိန့် ဖေ‌ဖော်ဝါရီ ၂၇ရက်တွင် ထုတ်ပြန်လိုက်သည်။