close
Connect with us

Hi, what are you looking for?

သတင်း

ရေတာရှည်နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ သံဃာတစ်ပါး ဒဏ်ရာရ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ပြည်သူများနေထိုင်ရာနေရာများကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့၍ နေအိမ်ပျက်စီးမှုနှင့် သံဃာတစ်ပါးဒဏ်ရာရခဲ့ကြောင်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်(PDF) တော်ဝင်လျှပ်စီးစစ်ကြောင်းက အသိပေးသည်။

ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ပြည်သူများနေထိုင်ရာနေရာများအား စစ်ကောင်စီ လေကြောင်းတိုက်ခိုက်နေစဉ်

ဟန်နွေ/People’s Spring

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ပြည်သူများနေထိုင်ရာနေရာများကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့၍ နေအိမ်ပျက်စီးမှုနှင့် သံဃာတစ်ပါးဒဏ်ရာရခဲ့ကြောင်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်(PDF) တော်ဝင်လျှပ်စီးစစ်ကြောင်းက အသိပေးသည်။

ဖေဖော်ဝါရီ ၂၈ရက်နံနက် ၁၁နာရီ ၄၅ မိနစ်ခန့်တွင် မြစ်အရှေ့ဘက်ကမ်းရှိ ပိတောက်ကုန်းရွာကို တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ထို့ပြင် ညနေပိုင်း၌လည်း ဂူကြီးကျေးရွာကို လေကြောင်းမှ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ပိတောက်ကုန်းရွာ လေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူလူထု နေအိမ် ၅လုံး မီးလောင်ပျက်စီးခဲ့သော်လည်း လူထုထိခိုက်မှုမရှိဟု တော်ဝင်လျှပ်စီး စစ်ကြောင်းက အသိပေးသည်။

Public Service Announcement

Public Service Announcement

ဂူကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုတွင် ကျေးရွာဘုန်းကြီးကျောင်း ၊ ဓမ္မာရုံံနှင့်အတူ အရပ်သား နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့သည့်အပြင် သံဃာတစ်ပါးဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်သည်။ ဒဏ်ရာမှာ အသက်အန္တရာယ် မစိုးရိမ်ရဟုလည်း အသိပေးသည်။

စစ်ကောင်စီက ပြည်သူလူထုအပေါ် အကြောင်းမဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုများ ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်လာ၍ ပြည်သူလူထုအနေဖြင့်လည်း အစစအရာရာ ဂရုတစိုက်နေထိုင်သွားလာကြရန် အသိပေးထားသည်။

တော်ဝင်လျှပ်စီးစစ်ကြောင်းအနေဖြင့် ဖေဖော်ဝါရီ နောက်ဆုံးပတ်တွင် စစ်ကောင်စီ စိုးမိုးထားသည့် ရေတာရှည်မြို့အနီးရှိ စစ်ကောင်စီတပ်စွဲရာကို ပြောက်ကျားတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည်။

ဖေဖော်ဝါရီ ၂၄ရက်က ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုတွင် ရေတာရှည်မြို့နယ်၊ ကျွန်းတောကုန်းရွာအနီး စစ်ကောင်စီတပ်ကို နာရီဝက်ကြာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၃ဦး ထိခိုက်ခဲ့ပြီး ယင်းအနက် ၁ဦး သေဆုံးခဲ့ဟု တော်ဝင်လျှပ်စီးစစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ကိုအီဗယ်က အသိပေးထားသည်။

အဆိုပါ PDF စစ်ကြောင်းသည် ဇန်နဝါရီကလည်း ရေတာရှည်မြို့နယ် နှောပင်ရွာသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲံရာ စစ်ကောင်စီတပ် ထိခိုက်မှု ရှိခဲ့သည်။

ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းဒေသကို တော်လှန်ရေးတပ်ဖွဲ့များက စိုးမိုးထားပြီး အနောက်ဘက်ကမ်းဒေသ၌ စစ်ကောင်စီတပ်များ စိုးမိုးထားသည့် အခြေအနေတွင် PDF စစ်ကြောင်းများက အနောက်ဘက်ကမ်းရှိ စစ်ကောင်စီတပ်များကို ပြောက်ကျားတိုက်ခိုက်မှုများ ဖော်ဆောင်နေသည့် အခြေအနေ၌ စစ်ကောင်စီကလည်း အရှေ့ဘက်ကမ်းရှိ ပြည်သူနေထိုင်ရာ ကျေးရွာများကို လေကြောင်း တိုက်ခိုက်မှု ပြန်လည်ပြုလုပ်လာခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေကို စစ်ကောင်စီက ဖေဖော်ဝါရီ ၂၆ရက်တွင် လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်နှင့် သံဃာတော်အပါအဝင် ပြည်သူ ၁၄ဦး ဒဏ်ရာရခဲ့ကြောင်း KNUက ယနေ့(ဖေဖော်ဝါရီ ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသော မြောက်ဦးမြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ရွာအနီး လယ်ကွင်းအတွင်းကျ၍ ထိခိုက်သူမရှိခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။

သတင်း

စစ်တောင်းမြစ်အနောက်ခြမ်း စိုးမိုးနိုင်ရေးဆောင်ရွက်နေဟု တော်ဝင်လျှပ်စီးစစ်ကြောင်း ပြော

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကြား နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဘက်ထိခိုက်သေဆုံးမှုများရှိပြီး စစ်ရေးတင်းမာလျှက်ရှိကြောင်း တောင်ငူခရိုင်အခြေစိုက် ပုဝါနီစစ်ကြောင်းနှင့် နေပြည်တော် PDF တပ်ရင်း(၉၀၁)တို့ထံမှ သတင်းရရှိသည်။