close
Connect with us

Hi, what are you looking for?

သတင်း

နယ်စပ်မျဉ်းအနီး မြန်မာစစ်ကောင်စီ ဗုံးကြဲ ပြီးနောက် ထိုင်းလေတပ်ကင်းပတ်ပျံသန်း

ထိုင်း – မြန်မာ နယ်စပ်အနီး ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ထဲမှာ KNU တပ်မဟာ (၇) နဲ့ စစ်ကောင်စီတပ်ကြား ဒီနေ့ ဖေဖော်ဝါရီ ၂၇ ရက်မနက်အစောပိုင်းက တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ နယ်စပ်သတင်းရင်းမြစ်ထံကသိရပါတယ်။

နယ်စပ်မျဉ်းအနီး မြန်မာစစ်ကောင်စီ ဗုံးကြဲ ပြီးနောက် ထိုင်းလေတပ်ကင်းပတ်ပျံသန်း နိုင်ပကောင်း/People' Spring ထိုင်း - မြန်မာ နယ်စပ်အနီး ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ထဲမှာ KNU တပ်မဟာ (၇) နဲ့ စစ်ကောင်စီတပ်ကြား ဒီနေ့ ဖေဖော်ဝါရီ ၂၇ ရက်မနက်အစောပိုင်းက တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ နယ်စပ်သတင်းရင်းမြစ်ထံကသိရပါတယ်။ နယ်စပ်အနီးမှာ ရှိတဲ့ စစ်တပ်စခန်းကို KNU တပ်မဟာ (၇) ဘက်က ဒရုန်းနဲ့ လာရောက်တိုက်ခိုက်ရာကနေ နှစ်ဖက် တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။ နယ်ခြားမြစ် သောင်ရင်းမြစ်အနီး တိုက်ပွဲ ဖြစ်တာဖြစ်ပြီး စစ်ကောင်စီလေတပ်က ဗုံးကြဲ တိုက်ခိုက်လာတာကြောင့် ဒေသံ ၁၀၀ ခန့် ထိုင်း ဘက်ခြမ်းကိုထွက်ပြေး တိမ်းရှောင်နေရပါတယ်။ မနက် ၈ နာရီခွဲခန့်မှာ စစ်ကောင်စီလေတပ်က ဂျက်တိုက်လေယာဉ်သုံးပြီး ဗုံးကြဲလာတာကြောင့် ဒေသခံတွေ ထိုင်းဘက် ထွက်ပြေးသလို ထိုင်းဘက်က တိုက်လေယာဉ် ပျံတက်လာပြီး နယ်စပ်အနီး ကင်းလှည့် ခဲ့တယ်လို့ နယ်စပ်သတင်းရင်းမြစ် ကပြောပါတယ်။ မြန်မာဘက်ခြမ်းက ဒေသခံတွေဟာ ထိုင်းနိုင်ငံ တာ့ခရိုင် ၊ ထာ့ဆောင်ယန်းမြို့ ထဲ ထွက်ပြေးရတာဖြစ်ပြီး ထိုင်းဘက်က စားစရာ တွေ ၊ သောက်ရေ တွေ ဝေငှ ခဲ့တယ်လို့သိရပါတယ်။ ထိုင်းသတင်းဌာန Khaosod မှာ လည်း မြန်မာဘက်က တိုက်ပွဲတွေကြောင့် ထိုင်းဘက်ကို ကရင်တိုင်းရင်းသား ၁၀၀ ခန့် ထွက်ပြေးတိမ်းရှောင်လာတယ်လို့ ဖော်ပြပါတယ်။ ဒါအပြင် နယ်စပ်မျဉ်းအနီး မြန်မာစစ်ကောင်စီလေတပ်က ဗုံးကြဲ ပြီးနောက် ထိုင်းလေတပ် ရဲ့ F-16 တိုက်လေယာဉ် တစ်စီးက ထိုင်းလေပိုင်နက် တာ့ခရိုင်ထဲ ကင်းပတ် ပျံသန်းခဲ့တယ်လို့ Khaosod သတင်းဌာနက ဆိုထားပါတယ်။ ဒီမနက်ပိုင်းတိုက်ပွဲဖြစ်ပွားရာ တဝိုက် ကို နေရာကိုတွေ့ရစဉ် ဓာတ်ပုံ - เอก เกียรติศักดิ์ แม่สอด/FB

နိုင်ပကောင်း/People’ Spring

ထိုင်း – မြန်မာ နယ်စပ်အနီး ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ထဲမှာ KNU တပ်မဟာ (၇) နဲ့ စစ်ကောင်စီတပ်ကြား ဒီနေ့ ဖေဖော်ဝါရီ ၂၇ ရက်မနက်အစောပိုင်းက တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ နယ်စပ်သတင်းရင်းမြစ်ထံကသိရပါတယ်။

နယ်စပ်အနီးမှာ ရှိတဲ့ စစ်တပ်စခန်းကို KNU တပ်မဟာ (၇) ဘက်က ဒရုန်းနဲ့ လာရောက်တိုက်ခိုက်ရာကနေ နှစ်ဖက် တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။

နယ်ခြားမြစ် သောင်ရင်းမြစ်အနီး တိုက်ပွဲ ဖြစ်တာဖြစ်ပြီး စစ်ကောင်စီလေတပ်က ဗုံးကြဲ တိုက်ခိုက်လာတာကြောင့် ဒေသံ ၁၀၀ ခန့် ထိုင်း ဘက်ခြမ်းကိုထွက်ပြေး တိမ်းရှောင်နေရပါတယ်။

Public Service Announcement

Public Service Announcement

မနက် ၈ နာရီခွဲခန့်မှာ စစ်ကောင်စီလေတပ်က ဂျက်တိုက်လေယာဉ်သုံးပြီး ဗုံးကြဲလာတာကြောင့် ဒေသခံတွေ ထိုင်းဘက် ထွက်ပြေးသလို ထိုင်းဘက်က တိုက်လေယာဉ် ပျံတက်လာပြီး နယ်စပ်အနီး ကင်းလှည့် ခဲ့တယ်လို့ နယ်စပ်သတင်းရင်းမြစ် ကပြောပါတယ်။

မြန်မာဘက်ခြမ်းက ဒေသခံတွေဟာ ထိုင်းနိုင်ငံ တာ့ခရိုင် ၊ ထာ့ဆောင်ယန်းမြို့ ထဲ ထွက်ပြေးရတာဖြစ်ပြီး ထိုင်းဘက်က စားစရာ တွေ ၊ သောက်ရေ တွေ ဝေငှ ခဲ့တယ်လို့သိရပါတယ်။

ထိုင်းသတင်းဌာန Khaosod မှာ လည်း မြန်မာဘက်က တိုက်ပွဲတွေကြောင့် ထိုင်းဘက်ကို ကရင်တိုင်းရင်းသား ၁၀၀ ခန့် ထွက်ပြေးတိမ်းရှောင်လာတယ်လို့ ဖော်ပြပါတယ်။

ဒါအပြင် နယ်စပ်မျဉ်းအနီး မြန်မာစစ်ကောင်စီလေတပ်က ဗုံးကြဲ ပြီးနောက် ထိုင်းလေတပ် ရဲ့ F-16 တိုက်လေယာဉ် တစ်စီးက ထိုင်းလေပိုင်နက် တာ့ခရိုင်ထဲ ကင်းပတ် ပျံသန်းခဲ့တယ်လို့ Khaosod သတင်းဌာနက ဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လက်နက်ခဲယမ်းများနှင့်ရိက္ခာများတင်ဆောင်လာသည့် စစ်ကောင်စီတပ်ယာဉ်နှစ်စီးတိုက်ခိုက်ခံရပြီးနောက် ပေါက်ခေါင်းမြို့အနီး ကျေးရွာအချို့ကို စစ်ကောင်စီက ​ဖေ​ဖော်ဝါရီ ၁၉ ရက်ည ၁၀နာရီခန့်မှာ လေကြောင်းမှတိုက်ခိုက်ရာ ဒေသခံအမျိုးသမီး တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ ဘီးလင်းမြို့နယ် မဲပလီ စစ်ကောင်စီဗျူဟာစခန်းအား တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေကြောင်း KNU သထုံခရိုင် တပ်မဟာ(၁)တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

စစ်ကောင်စီတပ်မှ မတရားဖမ်းဆီးပြီး ပြည်သူ့စစ်မှုထမ်းခိုင်းစေခံရသည့် တပ်သားသစ် သုံးဦး လက်နက်များနှင့်အတူ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ယနေ့(ဖေဖော်ဝါရီ ၁၇ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မူး(မုန်း)မြို့နယ်တွင် စစ်ကောင်စီတပ်သား ၁ဦး လက်နက်နှင့်အတူ အလင်းဝင်လာကြောင်း KNU ဗဟိုက ယနေ့(ဖေဖော်ဝါရီ ၁၆ရက်) ညပိုင်း၌ သတင်းထုတ်ပြန်သည်။