close
Connect with us

Hi, what are you looking for?

သတင်း

နေရပ်ပြန်ပို့ဖို့ တရုတ်အပါအဝင် နိုင်ငံခြားသား ၆ထောင်ကျော် ထိန်းသိမ်းထားတယ်လို့ BGFပြော

ကရင်ပြည်နယ်၊ မြဝတီဒေသမှာ လူကုန်ကူးခံရတဲ့ နိုင်ငံခြားသားတွေနေရပ်ပြန်ပို့ပေးဖို့ လက်ရှိမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အရေအတွက် တရုတ်အပါအဝင် နိုင်ငံခြားသား ၆ထောင်ကျော်ရှိနေလို့ ကရင်နယ်ခြားစောင့်တပ်(BGF) ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောပါတယ်။

မြဝတီဒေသမှာ လူကုန်ကူးခံရတဲ့ နိုင်ငံခြားသားတွေကို နေရပ်ပြန်ပို့ဖို့ BGFတပ်ဖွဲ့က စစ်ဆေးနေစဉ်။ ဓာတ်ပုံ - BGF

ကရင်ပြည်နယ်၊ မြဝတီဒေသမှာ လူကုန်ကူးခံရတဲ့ နိုင်ငံခြားသားတွေနေရပ်ပြန်ပို့ပေးဖို့ လက်ရှိမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အရေအတွက် တရုတ်အပါအဝင် နိုင်ငံခြားသား ၆ထောင်ကျော်ရှိနေလို့ ကရင်နယ်ခြားစောင့်တပ်(BGF) ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောပါတယ်။

ဖမ်းဆီးထိန်းသိမ်းပြီး စစ်ဆေးမှုပြီးစီးတာရော စစ်ဆေးမှုမလုပ်ရသေးတာရော စုစုပေါင်းအရေအတွက် ၆ထောင်ကျော်ရှိနေပြီး လက်ခံရေးရုံးမှာ တစ်ထောင်ကျော်ထားရှိကာ အခြား ဆိုက်တွေမှာလည်း စုဝေးထားရှိထားတယ်လို့ ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောပါတယ်။

အဲဒီ ၆ထောင်ကျော်ကို နေရပ်ပြန်ခေါ်ယူဖို့ တရုတ်နဲ့ ထိုင်းအစိုးရက စီစဉ်ဆောင်ရွက်တာ မလုပ်သေးတာကြောင့် သူတို့ရဲ့ စားဝတ်နေရေးနဲ့ နေထိုင်ရေးအတွက် အခက်အခဲတွေ ရှိနေတယ်လို့လည်း BGFက ပြောပါတယ်။

” ဆိုက်တွေမှာ ဖော်ထုတ်ထားတာ တနေရာတည်းမှာ စုထားတာ။ အရှိန်နဲ့လုပ်တယ်။ ပြန်ခေါ်မယ်ဆိုပြီး လုပ်တယ်။ ဖမ်းမိသလောက်လက်ခံမယ်ဆိုပြီး ထိန်းသိမ်းထားတာ”လို့ ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြဝတီဒေသမှာ လူကုန်းကူးခံရတဲ့ တရုတ်နိုင်ငံသားတွေကို တရုတ်အစိုးရက တိုက်ရိုက်လေယာဉ်နဲ့ နေရပ်ပြန်ခေါ်နေရာ သုံးရက်အတွင်း ၆၀၀ကျော် ပြန်ပို့ပေးထားတယ်လို့ BGFက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၀ရက်မှာ စတင်ခေါ်ဆောင်ရာ ပထမဆုံရက်မှာ ၂၀၀ဦီး၊ ဒုတိယရက်မှာ ၃၀၀ဦးနဲ့ ဖေဖော်ဝါရီ ၂၂ရက် မှာ ၁၁၂ဦး နေရပ်ပြန်ပို့ပေးတာလို့ ဆိုပါတယ်။ အဲဒီနောက် ဖေဖော်ဝါရီ ၂၃ရက်နဲ့ ဒီကနေ့ ၂၄ရက်မှာ နေရပ်ပြန်ခေါ်တာတွေ ရပ်နားထားပါတယ်။

လက်တလော နေရပ်ပြန်ပို့ပေးတဲ့သူတွေဟာ လူကုန်ကူးမှုနဲ့ပတ်သက်တဲ့သူ မပါသေးဘဲ နေရပ်ပြန်ချင်တဲ့သူတွေသာဖြစ်တယ်လို့ ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပထမဆုံးရက် နေရပ်ပြန်ပို့ပေးတဲ့နေ့မှာ ပြောထားပါတယ်။

မြဝတီဒေသက ကျားဖြန့်အရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လက်​ထောက် ဝန်ကြီး Mr. Liu Zhongyi ဟာ ဖေဖော်ဝါရီ၁၇ရက်က မြဝတီမြို့ကို ရောက်လာပြီး တရုတ်နိုင်ငံသားတွေ ပြန်လည်ခေါ်ဖို့ ဆွေးနွေးပြီး သုံးရက်အကြာမှာ ပထမဆုံးအသုတ်အနေနဲ့ စတင်ခေါ်ယူခဲ့တာဖြစ်ပါတယ်။

မြဝတီဒေသမှာရှိနေတဲ့ လူကုန်ကူးခံနေရတဲ့ တရုတ်နိုင်ငံသားတွေနဲ့ နေရပ်ပြန်ချင်သူတွေ အားလုံးကို ပြန်ပို့ပေးမှာလို့လည်း ကရင်နယ်ခြားစောင့်တပ်(BGF)က ပြောထားပါတယ်။

ဖေဖော်ဝါရီ ၁၂ရက်က BGFထိပ်ပိုင်းခေါင်းဆောင်တွေ အရေးပေါ် အစည်းအဝေး ခေါ်အပြီး ကျားဖြန့်/ လူမှောင်ခို ပပျောက်နှိမ်နင်းရေးအထူးအဖွဲ့ လေးဖွဲ့ ဖွဲ့စည်းပြီးနောက် စစ်ဆေး၊ ဖမ်းဆီးမှုတွေစတင်ပြီး လူကုန်ကူးခံရတဲံသူတွေကို နေရပ်ပြန်ပို့ဖို့ လုပ်ဆောင်လာတာဖြစ်ပါတယ်။

မြဝတီဒေသမှာ ကျားဖြန့်လူကုန်ကူးမှုဂိုဏ်းတွေရှိနေတာကြောင်း ထိုင်းအစိုးရက မြဝတီမြို့အပါအဝင် နေရာငါးခုကို လျှပ်စစ်မီးနဲ့ လောင်စာဆီပေးပို့မှုတွေ ဖေဖော်ဝါရီ ၅ရက်က စတင်ဖြတ်တောက်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြဝတီဒေသမှာ လူကုန်ကူးခံရတဲ့ တရုတ်နိုင်ငံသားတွေကို တရုတ်အစိုးရက တိုက်ရိုက်လေယာဉ်နဲ့ နေရပ်ပြန်ခေါ်နေရာ သုံးရက်အတွင်း ၆၀၀ကျော် ပြန်ပို့ပေးထားတယ်လို့ ကရင်နယ်ခြားစောင့်တပ်(BGF) ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဒေါနတောင်ပေါ်၌ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား KNLA ၊ ကော်ဘရာ နှင့် PDFပူးပေါင်းစစ်ကြောင်းတို့က ယနေ့(ဖေဖော်ဝါရီ ၂၁ရက်​နေ့)တွင်တနေကုန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းမှ စစ်ကြောင်းမှူးတစ်ဦးက ပြောသည်။

သတင်း

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေမှာ ခိုင်းစေခံခဲ့ရတဲ့ တရုတ်နိုင်ငံသား ဝန်ထမ်းတွေကို လေကြောင်းကနေ တရုတ်နိုင်ငံဆီ ပြန်လည်ပို့ဆောင်မှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

သတင်း

မြန်မာဖက်ခြမ်း နယ်စပ်ဒေသတွေကို ဓါတ်အား၊ အင်တာနက်နဲ့လောင်စာဆီဆက်လက်ဖြတ်တောက်ထားဖို့ ထိုင်းအစိုးရကို တရုတ်က တိုက်တွန်း တောင်းဆိုထားပါတယ်။