close
Connect with us

Hi, what are you looking for?

သတင်း

မဲပလီဗျူဟာစခန်းကြီးကို မဟာမိတ်တပ်​တွေကသိမ်းပိုက်ပြီး အာဏာသိမ်းမှု ၄ နှစ်ပြည့်​နေ့မှာ ပြည်သူ့အတွက်လက်​ဆောင်​ပေး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မဲပလီကျေးရွာအနီးက စစ်ကောင်စီတပ်ရဲ့ မဲပလီဗျူဟာစခန်းကြီးကို ဒီက​နေ့ (ဖေဖော်ဝါရီ ၁ ရက်နေ့)မှာ KNLA ဦး​ဆောင်တဲ့ မဟာမိတ်တပ်​တွေက သိမ်းပိုက်လိုက်ပါတယ် ။

(မဲပလီဗျူဟာစခန်းသိမ်းပြီး​နောက်​ စစ်တပ်ထံကသိမ်းရတဲ့ ​ဟောင်ဝစ်ဇာနဲ့အောင်ပွဲခံ​နေတဲ့ ​တော်လှန်​ရေးတပ်ဖွဲ့​ဝင်​တွေ။ဓါတ်ပုံ-Maung Saung Kha's FB)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မဲပလီကျေးရွာအနီးက စစ်ကောင်စီတပ်ရဲ့ မဲပလီဗျူဟာစခန်းကြီးကို ဒီက​နေ့ (ဖေဖော်ဝါရီ ၁ ရက်နေ့)မှာ KNLA ဦး​ဆောင်တဲ့ မဟာမိတ်တပ်​တွေက သိမ်းပိုက်လိုက်ပါတယ် ။

“အာဏာသိမ်းမှု(၄)နှစ်ပြည့်တဲ့နေ့မှာ မဟာမိတ်ပူးပေါင်းအဖွဲ့ရဲ့ ညီညွတ်စွာကြိုးပမ်းအားထုတ်မှုနဲ့ မဲပလီဗျူဟာစခန်းကြီးကို အပြီးသတ်သိမ်းပိုက်ကာ ပြည်သူလူထုထံ လက်ဆောင်အဖြစ်ပေးလိုက်ပါတယ်” လို့ BPLA ကွပ်ကဲ​ရေးမှူး ကို​ဆောင်းခက​ဖေစ်ဘွခ်လူမှုကွန်ယက်မှာ ​ရေးသားထားပါတယ်။

စစ်တပ်ထံက သိမ်းဆည်းရရှိတဲ့ ​ဟောင်ဝစ်ဇာ အ​မြောက် နဲ့ မဟာမိတ်တပ်ဖွဲ့က ရဲ​ဘော်​တွေ​အောင်ပွဲခံ​​နေတဲ့ ဓါတ်ပုံ နဲ့ “ငါတို့ခေတ်မှာ အာ

ဏာရှင်စနစ် အဆုံးသတ်ဖြစ်စေရမယ်”လို့လည်း​ရေးသားထားပါတယ် ။

Public Service Announcement

Public Service Announcement

ဗျူဟာစခန်းကို စစ်ကောင်စီတပ်ရဲ့ အမှတ် ၄၀၅​ခြေမြန်တပ်ရင်(၄၀၅) ကနေ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူ​ပေး​နေတဲ့ကြားကနေ KNLA ဦး​ဆောင်တဲ့ မဟာမိတ်တပ်တွေက သိမ်းပိုက်ရရှိခဲ့တာလို့ စုံစမ်းသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေ၌ စစ်ကောင်စီတပ်ကို အထိနာအောင် တိုက်ခိုက်နိုင်ခဲ့သည့် ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်မှူးစောဒါဘောအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဗဟိုစစ်ဌာနချုပ်က သူရဘွဲ့တံဆိပ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း KNUဗဟိုက သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးထောင်ကျော်သေဆုံးပြီး တော်လှန်ရေးရဲဘော် ၁၀၀ခန့်ကျဆုံးဟု အသိပေး

သတင်း

ကရင်ပြည်နယ် ဖာပွန်မြို့နယ်ရှိ ကတိုင်တိစစ်ကောင်စီတပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့က ယနေ့ (ဇန်နဝါရီ ၂၃ရက်)တွင် ဝင်​ောက်ရှင်းလင်းခဲ့ကြောင်း KNLA တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ စာသင်ကျောင်းတစ်ခုကို စစ်ကောင်စီက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း KNU ဗဟိုက ယနေ့(ဇန်နဝါရီ ၁၇ရက်)သတင်းထုတ်ပြန်သည်။