close
Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်ရှိ ကတိုင်တိစစ်ကောင်စီတပ်စခန်းအား ယနေ့ ဝင်ရောက်ရှင်းလင်းနိုင်ဟု KNLA တပ်မဟာ(၅) ပြော

ကရင်ပြည်နယ် ဖာပွန်မြို့နယ်ရှိ ကတိုင်တိစစ်ကောင်စီတပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့က ယနေ့ (ဇန်နဝါရီ ၂၃ရက်)တွင် ဝင်​ောက်ရှင်းလင်းခဲ့ကြောင်း KNLA တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောသည်။

ဖာပွန်ရှိ ကတိုင်တိစစ်ကောင်စီတပ်စခန်းအား တွေ့ရစဉ်။ (ဓာတ်ပုံ − KIC)

ဟန်နွေ/People’s Spring

ကရင်ပြည်နယ် ဖာပွန်မြို့နယ်ရှိ ကတိုင်တိစစ်ကောင်စီတပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့က ယနေ့ (ဇန်နဝါရီ ၂၃ရက်)တွင် ဝင်​ောက်ရှင်းလင်းခဲ့ကြောင်း KNLA တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောသည်။

အဆိုပါ ကတိုင်တိစခန်းကို ၂၀၂၄ ဒီဇင်ဘာ ၂၉ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့ရာ သုံးပတ်ကျော်အကြာတွင် စခန်းကို ရှင်းလင်းနိုင်သည့် အခြေအနေဖြစ်သည်။

“ကတိုင်တိရှိစကစတပ်စခန်းတော့ ဒီနေ့ပူးပေါင်းတပ်ဘက်က တက်ရှင်းလို့ရပြီနော်။ဒါပေမဲ့စကစတပ်တွေက BGF (1013)တပ်ရင်းစခန်း ပြန်စုပြီးခုခံနေတယ်။ ဒါကြောင့် ကတိုင်တိကိုသိမ်းလို့ရပြီလို့တော့ပြောလို့ မရသေးဘူး” ဟု ဗိုလ်မှူးကြီးစောကလယ်ဒိုက ယနေ့ ညပိုင်း၌ ပြောပြသည်။

Public Service Announcement

Public Service Announcement

ကတိုင်တိစခန်းတိုက်ခိုက်စဉ် စစ်ကောင်စီ လက်အောက်ခံ BGF (၁၀၀၃) တပ်ရင်းက တော်လှန်ရေး ပူးပေါင်းတပ်နှင့်အတူ ပူးပေါင်းပြီး စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း ကနဦးတွင် သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယင်းသို့ ပူးပေါင်းမှု ရှိ၊မရှိကို KNLAက အတည်ပြုပေးခြင်းမရှိပေ။

“BGFက သူများစတိုက်တဲ့အချိန်မှာ တပ်ရင်းလုံးရှောင်ထွက်သွားပြီး တလာအောခိုဘက်မှာ သွားပြန်နေတယ်။ BGFစခန်းက ကတိုင်တိရွာထဲမှာဘဲရှိတယ်။ ရွာရဲ့အနောက်ဘက်ခြမ်းမှာ တည်ဆောက်ထားတယ်”ဟု ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပြသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များသည် BGF (၁၀၀၃) တပ်ရင်းစခန်း၌ ပြန်လည်စုစည်း ခုခံနေမှု အခြေအနေနှင့်ပတ်သက်၍ မြေပြင်အခြေအနေများကို ဆက်လက်မေးမြန်းစုံစမ်းနေဆဲဖြစ်သည်။ ထို့အပြင် စခန်းအား ရှင်းလင်းမှုနှင့်ပတ်သက်ပြီး လက်နက်ခဲယမ်းများရရှိမှုနှင့်ပတ်သက်ပြီးလည်း ထပ်မံ စုံစမ်းနေဆဲ ဖြစ်ပါသည်။

သို့သော် လက်နက်ခဲယမ်းရရှိမှုနှင့် စစ်သုံ့ပန်း ဖမ်းဆီးရရှိမှုအ‌ခြေအနေများ တင်ပြလာခြင်း မရှိသေးဟု ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောသည်။

ကတိုင်တိစခန်းသည် ဖာပွန်နှင့် ကမမောင်းကြားရှိ စစ်ကောင်စီတပ်စခန်းဖြစ်သည်။ KNLA ပူးပေါင်းတပ်သည် ၂၀၂၄ နှစ်ကုန်ပိုင်းတွင် ဖာပွန်-ကတိုင်တိ-ကမမောင်းလမ်းရှိစစ်ကောင်စီတပ်စခန်းများကို တစ်ခုပြီးတစ်ခု တိုက်ခိုက်ခဲ့ရာ မထောစခန်း၊ ကူးဆိပ်စခန်း၊ တောင်သုံးလုံး စခန်းများ သိမ်းပိုက်ထားနိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)၊တပ်မဟာ(၃) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ရှိ စစ်ကောင်စီ၏ မူသယ်စစ်ကောင်စီစခန်းကို ဇန်နဝါရီလဆန်းပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းများသိမ်းရခဲ့သည်ဟု သတင်းရင်းမြစ်က အသိပေးသည်။

သတင်း

ဖာပွန်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်က ထိန်းချုပ်ထားပြီး မြို့အနီး စစ်ကောင်စီ ဗျူဟာကို ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်လျက်ရှိသည်။

သတင်း

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့များအား တိုက်ခိုက်ရှင်းလင်းမှုနှင့်ပတ်သက်၍ KNU ဗဟိုမှ သတင်းရင်းမြစ်အား မေးမြန်းရာ ဖြစ်စဉ်ကို မသိရသေးဟု ပြောသည်။

သတင်း

ဆင်စွယ်စခန်းနှင့်တောင်သုံးလုံးစခန်းက်ို ပူးပေါင်းတပ်များက အပြီးသတ်ရှင်းလင်းခဲ့ကြောင်းတောင်ပိုင်းတိုင်း စစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲမှူး ရဲဘော်တင်ဦးကလည်း​ဖေစ်ဘွခ်မှတဆင့် အသိပေးထားသည်။