close
Connect with us

Hi, what are you looking for?

သတင်း

ရေးရဲစခန်းမှ ရဲများပစ်ခတ်ထွက်ပြေးသူများအား ကယ်ထုတ်နိုင်ဟု ရေးဘီလူးခေါင်ဆောင်ပြော

မွန်ပြည်နယ်၊ ရေး​မြို့မရဲစခန်း အချုပ်ခန်း၌ ရဲများအား ပစ်ခတ်ထွက်ပြေးသွားသူများကို ကယ်ထုတ်နိုင်ပြီဖြစ်ကြောင်း ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောသည်။

ရဲခေါင်/People’s Spring

မွန်ပြည်နယ်၊ ရေး​မြို့မရဲစခန်း အချုပ်ခန်း၌ ရဲများအား ပစ်ခတ်ထွက်ပြေးသွားသူများကို ကယ်ထုတ်နိုင်ပြီဖြစ်ကြောင်း ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောသည်။

ယနေ့(ဖေဖော်ဝါရီ ၁ရက်) နံနက် ၉နာရီခန့်က ရဲအုပ်နိုင်လွင်ဦး ဦးစီးသည့်အဖွဲ့မှာ အချုပ်သားများအား ထမင်းပုံးများပေးအပ်စဉ် အချုပ်သားများမှ ဒုရဲအုပ်နိုင်လွင်ဦး၊ ရဲတပ်ကြပ်မြင့်ထွန်း၊ ရဲတပ်သား ကျော်စွာထက်တို့ထံမှ လက်နက်များအား လုယူခဲ့သည်ဟု ဆိုသည်။

ထို့နောက် လုယူခဲ့သည့် လက်နက်ဖြင့်ပစ်ခတ်ရာ ဒုရဲအုပ်နိုင်လွင်ဦး ရဲတပ်ကြပ် မြင့်ထွန်း၊ ရဲတပ်သား ကျော်စွာထက်တို့မှာ အချုပ်ခန်းအတွင်း၌ သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းဌာနဖြစ်သော ရာမညတိုင်မ်းက ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်ဦးလည်း ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

“မနက် ၉ နာရီကတည်းက မြို့တွင်းမှာသေနတ်ဖောက်သံတွေ ညံသွားတာပဲ။ငါးဦးပြေးတာ၊ သုံးဦးကို ပြန်မိသွားတယ်။နှစ်ဦးကတော့ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ သိရတယ်”ဟု ရေးမြို့ခံတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ယနေ့ ရေးမြို့မရဲစခန်းမှ ထွက်ပြေးနိုင်ခဲ့သူအချို့နှင့်ပတ်သက်၍ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာမှတဆင့်”ရေးမြို့ရဲစခန်းက ထွက်ပြေးတဲ့ညီလေးတွေ မင်းတို့လိုက်မမိတော့ဘူး ခေါင်းစိမ်းတို့။ရေးဘီလူးတပ်ရင်းက မြန်တယ်ကွ”ဟု အသိပေးဖော်ပြထားသည်။

ဖြစ်စဥ်နှင့် အသေးစိတ်အချက်အလက်ကိုမူ ရေးဘီးလူးတပ်ဖွဲ့ထံ လူထုနွေဦးက ဆက်သွယ်မေးမြန်းဆဲ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းကို စစ်ကောင်စီက ယနေ့(ဇန်နဝါရီ ၂၁ရက်) မွန်းလွဲပိုင်း ၂နာရီခွဲတွင် လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။

သတင်း

■စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများဟု ဒေါနစစ်ကြောင်း ပြော

သတင်း

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ရဲစခန်း နှစ်ခုကို မွန်ပြည်သစ်ပါတီ -စစ်အာဏာရှင်တိုက် ဖျက်ရေး(NMSP-AD)တပ်ဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့သည်ဟု NMSP-ADက ယနေ့(ဇန်နဝါရီ ၁၃ရက်)တွင် သတင်းထုတ်ပြန်သည်။

သတင်း

မန္တလေးတိုင်း၊ငါးဇွန်မြို့နယ်၊မင်းနေကုန်းရွာရဲစခန်းကို တော်လှန်ရေးတပ်တွေဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုဘက်ကအထိခိုက်အကျဆုံးများခဲ့တယ်လို့ မြင်းခြံနဂါးနီပျောက်ကြားတပ်ဖွဲ့ ​ပြော​ရေးဆိုခွင့်ရှိသူက​ပြောပါတယ်။