close
Connect with us

Hi, what are you looking for?

သတင်း

ပေါက်မြို့နယ် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူ ၃ဦးသေဆုံး၊ ၃ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သရက်ကန်ကျေးရွာကို မနေ့ညပိုင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူ ၃ဦးသေဆုံးပြီး ၃ဦးထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဒေသခံတွေဆီက ပြောပါတယ်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် သရက်ကန်ကျေးရွာနေအိမ်များ ပျက်စီးနေသည်ကို တွေ့ရစဉ်။(ဓာတ်ပုံ - CJ)

မေ/People’s Spring

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သရက်ကန်ကျေးရွာကို မနေ့ညပိုင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူ ၃ဦးသေဆုံးပြီး ၃ဦးထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဒေသခံတွေဆီက ပြောပါတယ်။

ဇန်နဝါရီ ၃၁ရက် ည၁၂နာရီ၃၉မိနစ်လောက်မှ ာမိတ္ထီလာလေတပ်ကနေတက်လာတဲ့ လေယာဉ်ဟာ သရက်ကန်ကျေးရွာမြောက်ပိုင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်ပေါ်တည့်တည့်ကျပြီး ကိုဇော်လင်းစိုးနဲ့ဇနီးဖြစ်သူတို့ သေဆုံးခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် ပခုက္ကူမြို့နယ်၊သံဘိုရွာကနေ သရက်ကန်ရွာကို အလုပ်လာလုပ်တဲ့ ကိုဝက်ကြီးဆိုသူလည်းထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲလည်းမရှိဘူး။သက်သက်မဲ့လာကြဲသွားတာ။ကိုဇော်လင်းစိုးတို့လင်မယားက အိမ်ပါပြိုသွားပြီး အလောင်းတွေကိုတစဆီလိုက်ကောက်ရတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် သရက်ကန်ရွာက နေအိမ်၈လုံးလည်း ပျက်စီးသွားတယ်လို့လည်းသိရပါတယ်။

သရက်ကန်ရွာဟာ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်မှာရှိတဲ့ ကျေးရွာဖြစ်ပါတယ်။

ဇန်နဝါရီ၂၉ရက်နဲ့၃၀ရက်တွေမှာလည်း မြိုင်မြို့နယ်အနောက်ခြမ်းက အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ အောင်ဆန်းတက္ကသိုလ်ကို စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာမို့ ကျောင်းသူတစ်ဦးသေဆုံးကာ ပြည်သူ၆ဦး ထိခိုက်ဒဏ်ရာတွေရခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ် ပြိုလဲအောင်အစွမ်းကုန်တိုက်ထုတ်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသ စစ်ဆင်ရေးတာဝန်ခံ ရဲဘော်စောရှားက တိုက်တွန်းပြောကြားသည်။

သတင်း

“ကျနော်တို့ဟာ စစ်တပ်အာဏာရှင်စနစ် အဆုံးတိုင် ပြိုလဲချိန်အထိ ဆက်လက်တိုက်ပွဲဝင်ကြရအုံးမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်”

သတင်း

စစ်ရှောင်ကလေးငယ်များနှင့် အမျိုးသမီးများအပါအဝင် ၉ ဦးသေဆုံးပြီး ၃၀ခန့် ဒဏ်ရာရ

သတင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့လည်ခေါင်က ပြည်သူ့ဆေးရုံကို စစ်ကောင်စီက မနေ့ကညပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့ရာ မိခင်နဲ့ကလေးစောင့်ရှောက်ရေးအဆောက်အဦး သုံးလုံးပျက်စီးသွားတယ်လို့ ဒေသခံတွေက ပါတယ်။