close
Connect with us

Hi, what are you looking for?

သတင်း

ဘီးလင်းမြို့နယ်ရှိ စာသင်ကျောင်းကို စစ်ကောင်စီအသေခံဒရုန်းဖြင့် တိုက်ခိုက်ဟု KNU ပြော

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ စာသင်ကျောင်းတစ်ခုကို စစ်ကောင်စီက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း KNU ဗဟိုက ယနေ့(ဇန်နဝါရီ ၁၇ရက်)သတင်းထုတ်ပြန်သည်။

ဘီးလင်းမြို့နယ်ရှိ စာသင်ကျောင်းကို စစ်ကောင်စီအသေခံဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ။ ဓာတ်ပုံ - KNU

ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ စာသင်ကျောင်းတစ်ခုကို စစ်ကောင်စီက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း KNU ဗဟိုက ယနေ့(ဇန်နဝါရီ ၁၇ရက်)သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဇန်နဝါရီ ၁၆ရက်) ညနေပိုင်းက ဘီးလင်းမြို့နယ် တဂေးလောင်းကျေးရွာ စာသင်ကျောင်းကို လက်လုပ်အသေခံဒရုန်း(Suicide Drone) ၂စင်းဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ရာ စာသင်ကျောင်း ထိခိုက်ပျက်စီးခဲ့ဟု ဆိုသည်။

တိုက်ခိုက်မှုကြောင့် လူထိခိုက်သေဆုံးရှိမရှိ ဖော်ပြမထားသော်လည်း တဂေးလောင်းရွာနှင့် အနီးဝန်းကျင် ကျေးရွာများရှိ ပြည်သူများ ကြောက်ရွံ့ထိတ်လန့်ခဲ့ရပြီး စာသင်ကျောင်းကိုလည်း ပိတ်ထားရကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက အသေခံဒရုန်းအသုံးပြုပြီး ကျေးရွာ စာသင်ကျောင်းနှင့် လူနေထိုင်ရာ နေရာများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်းဖြစ်သည်ဟုလည်း ဖော်ပြသည်။

စစ်ကောင်စီတပ်သည် KNU နယ်မြေများရှိကျေးရွာများကို ပစ်မှတ်ထားသည့် ဒရုန်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။

ဇန်နဝါရီ ၁၄ရက်ကလည်း KNU ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် ကမိုင်ကုန်းရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ အသက် ၅၇ နှစ်အရွယ် အမျိုးသား တစ်ဦး သေဆုံးကာ အသက် ၂၇နှစ်အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ခမ်းပါတ်မြို့နှင့် အင်းတော်မြို့နယ်၊ မော်လူးမြို့တို့တွင် ယမန်နေ့ညပိုင်းက စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သား ငါးဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် ဆ/ကရပ်ကွက်ကို စစ်ကောင်စီက ပိိုက်စိပ်တိုက်စစ်ဆေးရာ လူငယ် ၁၀ ဦးထက်မနည်း ဖမ်းဆီးခေါ်ဆောင်ခံရကြောင်း အဆိုပါမြို့နယ်ဒေသခံအချို့က လူထုနွေဦးသို့ ပြောသည်။

သတင်း

ဧရာဝတီတိုင်း၌ တစ်နှစ်ကျော်ကြာပိတ်သိမ်းထားသည့် မြို့အဝင်၊အထွက်စစ်ဆေး ရေးဂိတ်များကို ယခု ဇန်နဝါရီလဆန်းကစ၍ စစ်ကောင်စီကပြန်ဖွင့်ထားပြီး ပျူစောထီးနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များဖြင့် စစ်ဆေးမှုများပြုလုပ်နေသည်။

သတင်း

နေ့ညမရွေးလိုက်ဖမ်းနေဟု မန်းသပိတ်အင်အားစု အသိပေး

Facebook