close
Connect with us

Hi, what are you looking for?

သတင်း

ကျိုက်မရောရှိ ရဲစခန်းနှစ်ခုအား မွန်ပြည်သစ် ပါတီAD တိုက်ခိုက်၊ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ရဲစခန်း နှစ်ခုကို မွန်ပြည်သစ်ပါတီ -စစ်အာဏာရှင်တိုက် ဖျက်ရေး(NMSP-AD)တပ်ဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့သည်ဟု NMSP-ADက ယနေ့(ဇန်နဝါရီ ၁၃ရက်)တွင် သတင်းထုတ်ပြန်သည်။

မွန်ပြည်သစ်ပါတီ -စစ်အာဏာရှင်တိုက် ဖျက်ရေး(NMSP-AD)တပ်ဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - NMSP-AD

ဟန်နွေ/People’s Spring

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ရဲစခန်း နှစ်ခုကို မွန်ပြည်သစ်ပါတီ -စစ်အာဏာရှင်တိုက် ဖျက်ရေး(NMSP-AD)တပ်ဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့သည်ဟု NMSP-ADက ယနေ့(ဇန်နဝါရီ ၁၃ရက်)တွင် သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၁၂ရက်တွင် ကျိုက်မရောမြို့နယ် တောင်ကလေးရဲစခန်း၊ ဇန်နဝါရီ ၁၀ရက်တွင် ကဒါရွာရဲစခန်း တို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

အဆိုပါ ရဲစခန်းများအား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၆ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရခဲ့သည်ဟု NMSP-ADက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ကဒါကျေးရွာရဲစခန်းကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်သား ၅ဦး သေဆုံးကာ ၄ဦး ဒဏ်ရာရခဲ့ပြီး တောင်ကလေးရဲစခန်း တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့ဟု အသိပေးထားသည်။

လက်ရှိဒေသတွင်း စစ်ရေးအခြေအနေများနှင့်ပတ်သက်ပြီး မေးမြန်းရန် NMSP_AD တာဝန်ရှိသူ ထံ ဆက်သွယ်ထားခြင်းဖြစ်သည်။

NMSP-ADသည် မွန်ပြည်သစ်ပါတီ(NMSP)မှ ခွဲထွက်ပြီး ၂၀၂၄ နှစ်ဆန်းမှစ၍ စစ်ကောင်စီကို တိုက်ခိုက်နေခြင်း ဖြစ်သည်။

ထိုသို့ တိုက်ခိုက်ရာ နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသည့် မွန်လက်နက်ကိုင်တပ်များ နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) အပါအဝင် ဒေသတွင်းတော်လှန်ရေးတပ်များဖြင့် ပူးပေါင်း၍ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းမှ နှစ်လုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်း

တနင်္သာရီမြို့နယ်၊ တကူတိုက်နယ်ဆေးရုံအနီးကို စစ်ကောင်စီက ယနေ့(ဇန်နဝါရီ ၁၃ရက်) နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူအချို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက လူထုနွေဦးသို့ ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ မဇွပ်ယာန်ကျေးရွာနှင့် ဆန်ခါကျေးရွာကို ယနေ့ (ဇန်နဝါရီ ၁၃ ရက်)နံနက် ၁၁နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် သံလွင်(စံလွင်) ရွှေမှော်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာတွင် (၁)နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၁၈ဦးသေဆုံးခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။