close
Connect with us

Hi, what are you looking for?

သတင်း

လပခ လုံခြုံ​ရေး​ကြောင့်ဆိုပြီး မန္တ​လေးမြို့လယ်မှာအထပ်မြင့်တိုက်​ဆောက်ခွင့် စစ်​ကောင်စီတားမြစ်

မန္တ​လေးနန်းတွင်းထဲကအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)လုံခြုံရေးအတွက် မန္တလေးမြို့လယ်ခေါင်ကို စစ်တပ်အမိန့်နဲ့အထပ်မြင့်အဆောက်အဦးဆောက်လုပ်ခွင့်ကန့်သတ်ထားတယ်လို့ ဆောက်လုပ်​ရေးလုပ်ငန်း​​တွေဆီကစုံစမ်းသိရပါတယ်။

ရှိန်း / People’s Spring

မန္တ​လေးနန်းတွင်းထဲက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) လုံခြုံရေးအတွက် မန္တလေးမြို့လယ်ခေါင်ကို စစ်တပ်အမိန့်နဲ့ အထပ်မြင့်အဆောက်အဦးဆောက်လုပ်ခွင့် ကန့်သတ်ထားတယ်လို့ ဆောက်လုပ်​ရေးလုပ်ငန်း​​တွေဆီကစုံစမ်းသိရပါတယ်။

မန္တလေးနန်းတွင်းရဲ့အရှေ့ဘက် ၆၆လမ်းကနေ ၅၆လမ်းအထိ၊အနောက်ဘက်လမ်း၈၀ကနေ လမ်း၉၀အထိ၊တောင်ဘက် ၂၆လမ်းကနေ ၃၅ လမ်းအထိ၊ မြောက်ဘက် ၁၂ လမ်းကနေ ၅ လမ်းအထိ အထပ်မြင့်တိုက်​ဆောက်လုပ်ခွင့်ကန့်သတ်ထားတာပါ။

မန္တ​လေးကျုံးအနီးဝန်းကျင်ကို Google Earth မှာ​တွေ့ရပုံ

မန္တလေးမြို့ရဲ့လမ်းတွေဟာ မြောက်ဘက်မြို့အဝင်ကို ၁ လမ်းအဖြစ်သတ်မှတ်ပြီးတောင်ဘက်ကို အစဥ်လိုက်နံပါတ်စဥ်ကြီးသွားတာပါ။

Public Service Announcement

Public Service Announcement

အလားတူ မြို့အရှေ့ဘက်မှာလည်း မြို့ပတ်လမ်း၊၅၁လမ်းကနေ အနောက်(ဧရာဝတီမြစ်ဘက်)ကို ၅၂၊၅၃အလိုက် နံပါတ်စဥ်ကြီးသွားတာပါ။

လက်ရှိအထပ်မြင့်အဆောက်အဦး ဆောက်လုပ်ခွင့်ပိတ်လိုက်တဲ့ လမ်းနံပါတ်တွေကိုကြည့်မယ်ဆိုရင် မြို့ရဲ့အဓိကအချက်အချာကျတဲ့နေရာတွေအားလုံးကို ပိတ်ထားတာဖြစ်ပြီး ကျုံးအရှေ့ဘက်နဲ့အနောက်ဘက်ဆိုရင် မြို့ပတ်လမ်းဘေးတွေသာ အဆောက်အဦးဆောက်လုပ်ခွင့်ရတော့မှာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး လူထုနွေဦးက ဒီလုပ်ငန်းစဥ်ကို သိတဲ့ ရင်းမြစ်​တဦးဆီ ​​မေးကြည့်တဲ့အခါ

“ဟုတ်တယ်။ဘယ်နေ့အထိပိတ်မယ်မသိဘူး “လို့​ပြောပါတယ်။

၂၀၂၄ခုနှစ်အတွင်း မန္တလေးနန်းတွင်း ရှော့တိုက်ဒုံးနဲ့အကြိမ်ကြိမ်ပစ်ခတ်ခံခဲ့ရပြီး နောက်ဆုံးအကြိမ်ကတော့ စက်တင်ဘာလက ပစ်ခတ်ခံခဲ့ရတာပါ။

အဲဒီနောက်ပိုင်း တနေ့ကို ၅ကြိမ်လောက်အထိ နေ့ရော၊ညပါ မန္တလေးကျုံးဘေးပတ်လည်လူနေရပ်ကွက်တွေကို ကင်းထောက်လေယာဥ်နဲ့ စစ်ဆေးတာတွေရှိတယ်လို့မြို့ခံတွေကပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမှာ ပျုစောထီးခေါင်းဆောင် ပေါက်ကိုယ်တော် ရဲ့ တပည့် အမျိုးသား ၂ ဦး ဇန်နဝါရီ ၂၆ ရက် မနက်ပိုင်းက ပစ်ခတ်ခံရ ပြီး ၁ ဦးသေဆုံးသွားတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

News Story

ဇန်နဝါရီလ ၂၂ ရက် ညနေ ၅ နာရီ မိနစ် ၂ဝ ခန့်ကဖြစ်သည်။ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ ၆၉Aလမ်း၊ ၁၁၅ လမ်းနှင့် ၁၁၆ လမ်းကြားသို့ အဖြူနှင့် လိမ္မော်ရောင်စပ်ကြား Honda Click ဆိုင်ကယ် မောင်းနှင်လာသော လူငယ်တစ်ဦး ဝင်ရောက်လာခဲ့သည်။

သတင်း

မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ်မှာ နေ့ခင်းအချိန် လူမြင်ကွင်းမှာ အုပ်စုဖွဲ့ပြီး ဆိုင်ကယ်လုယက်မှု မနေ့ ဇန်နဝါရီလ ၂၂ ရက် နေ့ခင်းပိုင်း ၃ နာရီ ခွဲ ဝန်းကျင်က ဖြစ်ပွားခဲ့ပါတယ်။

သတင်း

ပုဂံညောင်ဦးကအပြန် ရန်ကုန်ကိုတန်းမပြန်သေးဘဲ မြို့မန္တလာ​ဘက် ခရီးဆက်ဖြစ်တယ်။ ပုဂံအသွားတုန်းက ကြည့်မြင်ခွင့်မရတဲ့ မန္တ​လေးတိုင်းဘက်ခြမ်း အမြန်လမ်းအခြေ အနေကို သိလိုစိတ်စောနေခဲ့ပါတယ်။