close
Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီတိုင်း တည်ငြိမ်သည်ဟု ပြသလိုသည့်စစ်ကောင်စီက ဝန်ထမ်းများအား အတင်းအကြပ်သင်တန်းပေးပြီး အပြင်ထွက်လျှင် ယူနီဖောင်းမဖြစ်မနေ ဝတ်ခိုင်း

ဧရာဝတီတိုင်းအတွင်း တည်ငြိမ်အေးချမ်းနေသည်ဟု ပြသလိုသည့်စစ်ကောင်စီက ဌာနဆိုင်ရာဝန်ထမ်းများအား ပုသိမ်နှင့်ဟင်္သာတမြို့သို့ခေါ်၍ သင်တန်းများပေးနေသည်။

ကဖေး/People’s Spring

ဧရာဝတီတိုင်းအတွင်း တည်ငြိမ်အေးချမ်းနေသည်ဟု ပြသလိုသည့်စစ်ကောင်စီက ဌာနဆိုင်ရာဝန်ထမ်းများအား ပုသိမ်နှင့်ဟင်္သာတမြို့သို့ခေါ်၍ သင်တန်းများပေးနေသည်။

” အကြောင်းမရှိအကြောင်းရှာပြီး သင်တန်းတွေခေါ်နေတယ်။ တိုင်းထဲကမြို့နယ်တွေက ဌာနဆိုင်ရာဝန်ထမ်းတွေကို ပုသိမ် တစ်လှည့်၊ ဟင်္သာတမှာ တစ်လှည့် သင်တန်းတွေခေါ်နေတာ။သင်တန်းလာရင် ယူနီဖောင်းမဖြစ်မနေဝတ်ရတယ်။ တည်ငြိမ်အေးချမ်းနေတယ်ဆိုတာကိုပြချင်နေတာ”ဟု ဇန်နဝါရီ၂၄ရက်က ပုသိမ် တက္ကသိုလ်တွင် သင်တန်းတက်ခဲ့သည့် ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ပုသိမ်နှင့် ဟင်္သာတတက္ကသိုလ် တွင် G12 အောင်ချက်မြင့်မားရေး စွမ်းရည်မြှင့်သင်တန်းဟုဆိုကာ ဇန်နဝါရီတတိယပတ်ကစ၍ သင်တန်းပေးခဲ့သည်။

Public Service Announcement

Public Service Announcement

“ယူနီဖောင်းကို ကျွန်မတို့က မဝတ်ချင်ဘူး။ ဒါပေမဲ့ မဝတ်မနေရဝန်ခိုင်းတယ်။ လူတွေက ကျမတို့ကို အထင်သေးတဲ့မျက်လုံးနဲ့ကြည့်တာ မခံချင်လို့ မဝတ်ရဖို့ပြောလည်းမရဘူး”ဟု ဧရာဝတီတိုင်း ဇလွန်မြို့မှ ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

ဟင်္သာတမြို့တွင်ကျုံပျော်၊မြန်အောင် နှင့် ဟင်္သာတခရိုင်မှ ပညာရေးဝန်ထမ်းများအား ဆင့်ခေါ်၍ G12 အောင်ချက်မြင့်မားရေး စွမ်းရည်မြှင့်သင်တန်း ပေးနေသည်။

လက်ရှိတွင် ဧရာဝတီတိုင်းအတွင်း ရွှေသောင်ယံ၊ ကေကြည်နှင့် သာပေါင်းမြို့နယ်တို့၌ အာရက္ခတပ်တော်(AA) ဦးဆောင်သည့်ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ် တိုက်ပွဲများဖြစ်ပွားနေသည်။

စစ်ကောင်စီက ပုသိမ်၊ ရေကြည်၊ ငါးသိုင်းချောင်းမြို့တို့တွင် ခံစစ်ပြင်ဆင်ထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

"မိန်းကလေးတွေလည်းဆွဲတယ်။ မိန်းကလေးတွေဆွဲပြီးတော့မှ မောင်ရှိရင် မောင်နဲ့လဲ။ အကိုရှိရင် အကိုနဲ့လဲ။ ​ယောကျာ်းရှိရင် ယောကျာ်းနဲ့လဲခိုင်းတာ"

သတင်း

စစ်ကောင်စီတပ်အား တော်လှန်ရေးတပ်ဖွဲ့များ ခုခံတိုက်ခိုက်နေ

သတင်း

မန္တလေးတိုင်း ၊ မိတ္ထီလာခရိုင် ၊ မလှိုင်မြို့နယ်ထဲက ရွာတန်းရှည်ရွာကို စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ ဇန်နဝါရီလ ၂၈ ရက်က တိုက်ခိုက်လာတာကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

သတင်း

စစ်ကောင်စီက စစ်သမီးတွေကိုစစ်မတိုက်ခိုင်းဘဲ အရပ်သားအမျိုးသမီးတွေကို စစ်မှုထမ်းဖို့အတွက် စတင်စာရင်းကောက်ယူနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။