close
Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမြို့နယ် စာသင်ကျောင်းလေကြောင်းတိုက်ခိုက်မှု ရဲဘော်များအပါအဝင် ၁၈ဦးခန့် သေဆုံး၊ ၂၀ကျော် ဒဏ်ရာရ

မန္တလေး၊ မြင်းခြံမြို့နယ်၊ ဆင်းဂွတ်ကျေးရွာ စာသင်ကျောင်းအား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ရဲဘော်များအပါအဝင် ၁၈ ဦးခန့်သေဆုံးပြီး ၂၀ကျော်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

ဗုံးကြဲ ခံရ​သော ဆင်ဂွတ်ရွာနှင့် စာသင်​ကျောင်းကို Google Earth တွင်​တွေ့ရမှု

ကျော်ဇော/People’s Spring

မန္တလေး၊ မြင်းခြံမြို့နယ်၊ ဆင်းဂွတ်ကျေးရွာ စာသင်ကျောင်းအား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ရဲဘော်များအပါအဝင် ၁၈ ဦးခန့်သေဆုံးပြီး ၂၀ကျော်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

ယနေ့(ဇန်နဝါရီ ၂၆ရက်)နံနက် ၇နာရီခွဲခန့်က မြင်းခြံ-ဆီမီးခုံလမ်းပိုင်းရှိ ဆင်းဂွတ်ကျေးရွာစာသင်ကျောင်းအား စစ်ကောင်စီက ဂျက်ဖိုက်တာတစ်စီးဖြင့် ပေါင် ၂၀၀ဗုံးသီးနှစ်လုံးကြဲချခဲ့ပြီး MI-35 ဖြင့်လည်း စစ်သေနတ်များဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဟု ၎င်းတို့က ပြောသည်။

“စာသင်ကျောင်းက ရွာအဝင်ကားလမ်းဘေးလည်းဟုတ်သလို ရွာနဲ့လည်းအနီးကပ်ရှိနေတော့ ပြည်သူတွေပါ ထိသွားတာမျိုး”ဟု မြင်းခြံခရိုင် အမှတ်(၂)တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ဗုံးကြဲ ၊ ပစ်ခတ်ခံရ​ပြီး​နောက် အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ- ​CJ

လေကြောင်းတိုက်ခိုက်ခံရမှုတွင် မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ရဲဘော် ၁၀ဦးခန့်ကျဆုံးပြီး ကလေးငယ်တစ်ဦး အပါအဝင် ဒေသခံပြည်သူ ရှစ်ဦးခန့်သေဆုံးခဲ့ပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရသည့်အပြင် အိမ်မွေးတိရိစ္ဆာအချို့ပါ သေဆုံးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါ ဆင်းဂွတ်ကျေးရွာစာသင်ကျောင်း၌ CDM ကျန်းမာရေးဝန်ထမ်းအချို့ဖြင့် ကျေး လက်ဆေးပေးခန်းတစ်ခု ဖွင့်လှစ်ထားသည်။

လက်ရှိအခြေအနေတွင် ဆင်းဂွတ်ရွာစာ သင်ကျောင်းအား စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခံရမှုအပြီး နာရီဝက်အတွင်း ရှင်းလင်းရေးလုပ်ဆောင်၍ ကျဆုံးရဲဘော်များနှင့် ပြည်သူများအပါအဝင် ထိခိုက်ဒဏ်ရာရသူ များအား နေရာပြောင်းရွှေ့ကာ ကယ်ဆယ်ရေးလုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ဒေသတော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုတွင် စာသင်ကျောင်းအဆောင်ပေါ်သို့ ဗုံးသီးတစ်လုံး၊ ကျောင်းဆောင်ရှေ့သို့ ဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး၊ မြင်းခြံမြို့နယ်၊ ဆင်းဂွတ်ကျေးရွာ စာသင်ကျောင်းအား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ရဲဘော်များအပါအဝင် ၁၈ ဦးခန့်သေဆုံးပြီး ၂၀ကျော်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

ဆောင်းပါး

ရန်ကုန်၊ မန္တလေးက ခရီးသည်တင်ယာဥ်တွေဆိုက်ပြီး အနားယူချိန်ဆို ယာဥ်မောင်းအချင်းချင်း နှုတ်ဆက်တဲ့စကားက "ဒီနေ့ပါသေးလား"ဆိုတဲ့ စကားတောင် ဖြစ်နေပြီလို့​ စုံစမ်းသိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ အုမ္မသီးကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးရာ နေအိမ် ၂၀ခန့် ပျက်စီးခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က ယနေ့(ဇန်နဝါရီ ၂၆ရက်)တွင် သတင်းထုတ်ပြန်သည်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းကျေးရွာရှိ ဘိုကလေးကျောင်းတိုက်အနီးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား ဇန်နဝါရီ ၂၂ရက်တွင် တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသက ယနေ့(ဇန်နဝါရီ ၂၆ရက်) သတင်းထုတ်ပြန်သည်။

Facebook