မိထက်/People’s Spring
ရန်ကုန် – မန္တလေး အမြန်လမ်းတွင် သံဃာတော်နှစ်ပါးလိုက်ပါလာသော ကားတစ်စီးတိမ်းမှောက်ပြီး အဆိုပါ သံဃာတော်နှစ်ပါး ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။
ယာဉ်မောင်းနှင့် သံဃာတော်နှစ်ပါးလိုက်ပါလာသည့် ကားတစ်စီးသည် ယနေ့ (ဇန်နဝါရီ ၂၃ရက်) ညနေ ၃နာရီခန့်တွင် အမြန်လမ်းမိုင်တိုင် (၁၅၁)အနီး၌ နောက်ဘီးပေါက်ပြီး လမ်းဘေးထိုးကျသွားခြင်းဟု အဆိုပါယာဉ်တိမ်းမှောက်မှုအား ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတစ်ဦးက ပြောသည်။
ဒဏ်ရသည့် သံဃာတော်နှစ်ပါးကို တောင်ငူဆေးရုံသို့ပို့ဆောင်ကုသပေးနေပြီး အခြေအနေမစိုးရိမ်ရကြောင်း သတင်းရရှိသည်။

Public Service Announcement
” ပုဂံကနေဘုရားဖူးပြီးပြန်လာတာ။ အမြန်လမ်းပေါ်မှာ ဒီရက်ပိုင်းတွေ ကားအက်စီးဒင့်မကြာခဏဖြစ်တဲ့သတင်းတွေကြားရတယ်။ သတိရှိရင်တော့ကောင်းတာပေါ့ဗျာ”ဟု တောင်ငူမြို့ခံတစ်ဦးကပြောသည်။
ထို့အပြင် ဇန်နဝါရီ ၂၂ရက်ကလည်း ရန်ကုန် – နေပြည်တော်အမြန်လမ်း၊ မိုင်တိုင် (၁၀၈)အနီးတွင် ကားတစ်စီးတိမ်းမှောက်မှုဖြစ်ပြီး လူတစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရခဲ့သည်။
