သုည/People’s Spring
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်တွင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC) အဖွဲ့ဝင်အချို့မှ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးနှင့်အရပ်သားပြည်သူများ သွားလာလှုပ်ရှားနေသည့် နေရာများ၌ မြေမြှုပ်မှိုင်းအသုံးပြုမှုကို ကန့်ကွက်ရှုတ်ချကြောင်း ယနေ့ (ဇန်နဝါရီ ၂၃) ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
“ပြည်သူအာဏာ ပြည်သူပြန်ပေး” ၊ “စားကျက်ပြည်သူ မဟုတ်ရပေ၊ အကြမ်းဖက်နေတာ ငါတို့မလိုဘူး” ဆိုသည့် ပိုစတာများ ကိုင်ဆောင်ပြီး ထားဝယ်မြို့နယ်၊ ရှေ့တောဒေသတစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
လက်ရှိပဋိပက္ခကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့များအပြင် တော်လှန်ရေးတပ်ဖွဲ့အချို့ကပါ အရပ်သားပြည်သူများ သွားလာလှုပ်ရှားမှုရှိသည့်နေရာများ၌ မြေမြှုပ်မှိုင်းအသုံးပြုပြီး တိုက်ခိုက်နေကြသည့်အတွက် ကိုယ်အင်္ဂါချို့ယွင်းခဲ့ရသည့် ပြည်သူများနှင့် အသက်ဆုံးရှုံးခဲ့ရသူ အများအပြားရှိလာကြောင်း DDMSC က ဖော်ပြထားသည်။

Public Service Announcement
