close
Connect with us

Hi, what are you looking for?

သတင်း

မြိတ်နှင့် တနင်္သာရီတွင် စစ်ရေးတင်းမာ

မြိတ်မြို့နယ်နှင့် တနင်္သာရီမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ စစ်ရေးတင်းမာနေပြီး တနင်္သာရီမြို့နယ် ပဝကျေးရွာနှင့် အရှေ့သာရဖုံကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ရာ အရပ်သား၁၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း - ၁ မှ ရဲဘော်များအား တွေ့ရစဉ်။ (ဓာတ်ပုံ − ပူးပေါင်းစစ်ကြောင်း ၁)

အိမ်သွင်၊ကျော်ဇောPeople’s Spring

မြိတ်မြို့နယ်နှင့် တနင်္သာရီမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ စစ်ရေးတင်းမာနေပြီး တနင်္သာရီမြို့နယ် ပဝကျေးရွာနှင့် အရှေ့သာရဖုံကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ရာ အရပ်သား၁၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၂၂ရက် ည ၁၀ နာရီခန့်တွင် ပဝကျေးရွာနှင့် ယနေ့ ဇန်နဝါရီ၂၃ရက် နံနက်အစောပိုင်းတွင် အရှေ့သာရဖုံကျေးရွာတို့ကို ၁၂၀ မမ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း(၂)က ထုတ်ပြန်ထားသည်။

ဒဏ်ရာရသူများအနက် အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု တော်လှန်ရေးရဲဘော်တစ်ဦးက‌ ပြောသည်။

Public Service Announcement

Public Service Announcement

” စစ်ကောင်စီက လေကြောင်းကလည်း ပစ်တယ်။လက်နက်ကြီးလည်း ပစ်တယ်။ဒေသခံတွေ ရှောင်ကြပေမယ့် တချို့လည်း ကျန်နေသေးတယ်ဗျ။ ဒီရက်တွေကတော့ အစစအရာရာ သတိထားကြဖို့ လိုတယ်”ဟု အဆိုပါ ရဲဘော်က ပြောသည်။

လက်နက်ကြီးကျည်စမှန်ပြီး ထိခိုက်ဒဏ်ရာရသူများတွင် အသက် (၁၆)နှင့် (၁၇)နှစ်အရွယ် ကလေးနှစ်ဦးပါဝင်ပြီး အသက်(၄၇)ဦးစိုးထိုက်ထွေးမှာ အမျိုးသားအင်္ဂါ လက်နက်ကြီးစမှန်သည့်ဒဏ်ရာဖြင့် အသက်သေဆုံးသွားကြောင်း မြိတ်ခရိုင် တပ်ရင်း(၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်နက်ကြီးပစ်ခတ်မှုများကို တနင်္သာရီမြို့နယ်၊ မော်တုန်းရွာအခြေစိုက် စစ်ကောင်စီအမြှောက်တပ် အမတ(၃၀၆)တပ်ရင်းမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီးကျရောက်ခဲ့သည့် ပဝနှင့် အရှေ့သရဖုံကျေးရွာများတွင် ယခုရက်ပိုင်း ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ပစ်ခတ်ခြင်းဟု ၎င်းတာဝန်ရှိသူက ရှင်းပြသည်။

“အရှေ့သာရဖုံက ထိန်းချုပ်နယ်မြေထဲကရွာလေးတစ်ရွာပါ။ တိုက်ပွဲဖြစ်ထားတာ မရှိပါဘူး”ဟု တပ်ရင်း(၂)မှ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီသည် ၎င်းတို့စစ်ကြောင်းထိုးလှုပ်ရှားရာတွင် အရပ်သား ပြည်သူများအား အဓမ္မဖမ်းဆီးပေါ်တာဆွဲခြင်း ၊ အရပ်သားပြည်သူများ အကာအကွယ်ယူ၍ စစ်ရေးလှုပ်ရှားခြင်းများပြုလုပ်ဆောင်ရွက်နေပြီး ပြည်သူများ၏ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခြင်းများလုပ်ဆောင်နေကြောင်းတိုင်းစစ်ဌာန(တနင်္သာရီ)က ထုတ်ပြန်ထားသည်။

တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်‌နေပြီး သိန်ခွန်းရွာအနီးဖြတ်သွားသည့် မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမကြီးရှိ ခရီးသွားပြည်သူများ၏ ကားများအား စစ်ကောင်စီက အကာအကွယ်ယူထားသည်ဟု ဆိုသည်။

တိုက်ပွဲသည် မြိတ်-တနင်္သာရီပြည်ထောင်စုလမ်းမကြီးအပေါ်တွင် အချိန်မရွေးဖြစ်ပွားလာနိုင်သဖြင့် ပြည်သူများ ထိခိုက်နစ်နာမှု မရှိစေရန် ခရီးသွားလာခြင်းကိုတားမြစ်ထားသည်ဟု တိုင်းစစ်ဌာန (တနင်္သာရီ)က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက်က တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စုကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဒေသခံ အမျိုးသမီးသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁)က သတင်းထုတ်ပြန်ထားသည်။

တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များကြား တိုက်ပွဲပြင်းထန်နေ၍ တနင်္သာရီ – မောတောင်လမ်းပိုင်းအား အသုံးမပြုရန် BLACK COBRA COLUMNက ဇန်နဝါရီ ၅ရက်တွင် သတိပေးချက် ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်က တနင်္သာရီမြို့နယ်အတွင်း ဒီဇင်ဘာဒုတိယလပတ်မှစတင်ကာ စစ်ကြောင်းထိုးလာပြီးနောက် တိုက်ပွဲများပြင်းထန်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မတ္တရာမြို့နယ်အရှေ့ခြမ်းကို စစ်​ကောင်စီတပ်ကပြန်လည်ထိုးစစ်ဆင်ဖို့အင်အားအများအပြားပို့ဆောင်​နေပါတယ်။

သတင်း

ရေနံချောင်း-မကွေးလမ်းပိုင်းတစ်နေရာတွင် ခရီးသွားယာဥ်များတားဆီး၍ လမ်းပိုင်းစစ် ဆေးမှုလုပ်ဆောင်ခဲ့ကြောင်း မကွေးတိုင်း ပကဖ လက်အောက်ခံမြေလတ်လင်းပိုင်စစ် ကြောင်းမှတာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။