close
Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့၌ ယနေ့ တိုက်ပွဲပြင်းထန်နေ

ရှမ်း – ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့၌ ယနေ့(ဇန်နဝါရီ ၁၉ရက်) နေ့လည်ပိုင်းကစ၍ တိုက်ပွဲ ပြင်းထန်နေကြောင်း ကရင်နီစစ်ဘက်သတင်းရင်းမြစ်အချို့က ပြောသည်။

မိုးဗြဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်များကို တွေ့ရစဥ်။ဓာတ်ပုံ − MBPDF

ရဲခေါင်/People’s Spring

ရှမ်း – ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့၌ ယနေ့(ဇန်နဝါရီ ၁၉ရက်) နေ့လည်ပိုင်းကစ၍ တိုက်ပွဲ ပြင်းထန်နေကြောင်း ကရင်နီစစ်ဘက်သတင်းရင်းမြစ်အချို့က ပြောသည်။

မိုးဗြဲမြို့အခြေစိုက် စစ်ကောင်စီ၏ အမှတ်(၄၂၂)ခြေမြန်တပ်ရင်းမှတဆင့် စစ်ကြောင်ထိုး လှုပ်ရှား လာမှုကြောင့် တိုက်ပွဲဖြစ်ပွားခြင်းဟု ကနဦးသိရှိရသည်။

“စကစ တပ်ပြန်လှုပ်လာတယ်။အရင်ရက်တွေကတည်းက မိုးဗြဲမြို့ပေါ်ရပ်ကွက်တွေကို လက်နက် ကြီးနဲ့ ရမ်းသမ်းပစ်နေတာ။မြေပြင် ကြိုရှင်းတဲ့သဘောပေါ့။တိုက်ပွဲအခြေအနေကိုတော့ မသိရသေးဘူး”ဟု ကရင်နီစစ်ရေးသတင်းရင်း မြစ်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

မိုးဗြဲမြို့အခြေစိုက်တပ်နှင့် ပင်လောင်း-ဖယ်ခုံမြို့ဘက်မှ အားဖြည့်မှုအရ မိုးဗြဲမြို့ကို ပြန်လည်ရရှိရေးစစ်ကောင်စီ၏ ထိုးစစ်တွင် အင်အား ၅၀၀ ခန့်ရှိနိုင်သည်ဟု ၎င်းက အသိပေးသည်။

“မိုးဗြဲတိုက်ပွဲ ပြင်းထန်နေတယ်။ပြည်သူတွေ ဂရုစိုက်ပါ”ဟု မိုးဗြဲ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယနေ့တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ သက်ဆိုင်ရာဒေသခံတပ်ဖွဲ့နှင့် ကရင်နီတပ်ပေါင်းစုထံလူထုနွေဦးအနေဖြင့် မေးမြန်းဆက်သွယ်ဆဲ ဖြစ်သည်။

၂၀၂၃ နိုဝင်ဘာက ကရင်နီတပ်ပေါင်းစု၏ ၁၁၁၁ စစ်ဆင်ရေးတွင် မိုးဗြဲမြို့ကိုထိန်းချုပ်နိုင်ခဲ့ကာ စစ်ကောင်စီဘက်က လွန်ခဲ့သည့် နှစ်လဝန်းကျင်ကစ၍ ထိုးစစ်ဆင်လာပြီး ကရင်နီတပ်ပေါင်းစုက ခုခံကာကွယ်နေကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်း - ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့ကို စစ်ကောင်စီက လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်နေကြောင်း Mobye Rescue Team(MRT)က ထုတ်ပြန်သည်။

သတင်း

ဒီဇင်ဘာ ၂၇ရက် ညနေ ၃နာရီခွဲခန့်က စစ် ကောင်စီက လေယာဥ်ဖြင့် ပေါင်၅၀၀ဗုံးကြဲမှုကြောင့် လူနေအိမ်သုံးလုံး ပျက်စီးခဲ့သည်ဟုလည်း ဆိုသည်။

သတင်း

မိုးဗြဲမြို့အခြေစိုက်ခြေမြန်တပ်ရင်း အမှတ်(၄၂၂) တပ်စခန်းအနီးတိုက်ပွဲများမှာ နိုဝင်ဘာတစ်လလုံးနှင့် ယခုဒီဇင်ဘာအထိရှိနေသည်ဟု ဆိုသည်။

သတင်း

တိုက်ပွဲပြင်းထန်မှုကြောင့် စစ်ကောင်စီတပ်သည် လေကြောင်းပစ်ကူရယူခဲ့ရပြီး နှစ်ဖက်ထိခိုက်မှုအချို့ရှိကာ မြေပြင်အချက်အလက်ကိုမူ လူထုနွေဦးအနေဖြင့် စုံစမ်းဆဲဖြစ်သည်။