close
Connect with us

Hi, what are you looking for?

သတင်း

ရွှေသောင်ယံမြို့နယ်၊ဘောမိရွာတွင် တိုက်ပွဲပြင်းထန်

ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ်အတွင်း ရက်အနည်းငယ်အကြာ တိုက်ပွဲငြိမ်သက်ခဲ့ပြီးနောက် ဇန်နဝါရီ၁၆ရက်ညနက်ပိုင်းမှစ၍ ဘောမိကျေးရွာအနီး၌ တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး စစ်ကောင်စီက လေကြောင်းမှပါ ခုခံတိုက်ခိုက်ခဲ့သည်။

ကဖေး/People’s Spring

ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ်အတွင်း ရက်အနည်းငယ်အကြာ တိုက်ပွဲငြိမ်သက်ခဲ့ပြီးနောက် ဇန်နဝါရီ၁၆ရက်ညနက်ပိုင်းမှစ၍ ဘောမိကျေးရွာအနီး၌ တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး စစ်ကောင်စီက လေကြောင်းမှပါ ခုခံတိုက်ခိုက်ခဲ့သည်။

ဘောမိကျေးရွာသည် ရွှေသောင်ယံမြို့ပေါ်နှင့် ၁၅ မိုင်ခန့်သာဝေးပြီး တိုက်ပွဲနှင့် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံများသည် ထွက်ပြေးတိမ်း ရှောင်နေကြရသည်ဟု သတင်းရရှိသည်။

“ဘောမိရွာမှာ ဖြစ်နေတာ။ လေကြောင်းက ပစ်လို့ အိမ်တွေ ပျက်စီးတယ်။ လူတွေထိခိုက်မှုရှိ ၊မရှိကတော့ ပြေးလွှားနေရတုန်းကိုမသိနိုင်သေးဘူး။ အခုက စစ်ရှောင်တွေက ရွှေသောင်ယံမြို့ပေါ်ကိုအများကြီးရောက်လာတာ” ဟု ဒေသခံတဦးကပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲမှာ အလွန်ပြင်းထန်ပြီး ဘောမိကျေးရွာချောင်းဖျားထိပ်တွင် အနီးကပ်တိုက်ပွဲဖြစ်ပွားနေခြင်းဟု သတင်းရရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ပထမလပတ်က ဂွနှင့် ရွှေ သောင်ယံနယ်စပ်အနီးရှိ ကုလားချောင်း၊ ကျောက်ချွန်၊ ပေါက်တူးကွင်းအပြင် မကျီးဇင်ကျေးရွာအနီး၌ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မကျီးဇင်ကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်းရော၊ ရေတပ်မှပါ ပစ်ခတ်ခဲ့သည်။ အရပ်သားသေဆုံးမှုရှိခဲ့သည်ဟုသတင်းကြားရသော်လည်း အသေးစိတ်မသိရှိရပေ။

ရွှေ သောင်ယံမြို့နယ်အတွင်း ဇန်နဝါရီလ ၁၂ရက်မှစ၍ တိုက်ပွဲငြိမ်သက်သွားပြီး ရံဖန်ရံခါလက်နက်ကြီးပစ်ခတ်သံများကိုသာကြားခဲ့ရသည်။ ရွှေ သောင်ယံနှင့် ဆက်စပ်နေသော သာပေါင်းမြို့နယ်အတွင်း၌မူ ပစ်ခတ်မှုများရှိခဲ့သည်။ ယခုအခါ တိုက်ပွဲသည်ဘောမိကျေးရွာအနီးတွင် ပြန်လည်ဖြစ်ပွားပြီး ရွှေ သောင်ယံမြို့နယ်အတွင်း ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။

“လက်နက်ကြီးပစ်သံတွေ ကြားနေရတုန်းပဲ”ဟု ယ‌နေ့ (ဇန်နဝါရီလ ၁၈ရက်)မနက်ပိုင်းတွင် ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီကရွှေသောင်ယံမြို့နယ်ဝက်သေကမ်းခြေအနီးတွင် ကြည်းရေလေ အင်အားသုံး၍ခံစစ်ပြင်ထားသည်။ စစ်သင်္ဘောများသွားလာနေသည်ကိုတွေ့ရသည်။ မြို့ခံအများစုသည် အခြားနေရာများသို့ တိမ်းရှောင်‌နေကြသည်။ မြို့ခံများထွက်ခွာမသွားရန်၊ ဟိုတယ်များဆက်ဖွင့်ထားရန် စစ်ကောင်စီကခြိမ်းခြောက်ဖိအားပေးနေသည်။

ဧရာဝတီတိုင်းနှင့်ဆက်စပ်နေသော ဂွမြို့နယ်ကို အာရက္ခတပ်တော်( AA)က သိမ်းယူပြီးနောက်စစ်ကောင်စီက ရွှေသောင်ယံအပြင် သာပေါင်း၊ ရေကြည်၊ ငါးသိုင်းချောင်း၊ ကျုံပျော်၊ ပုသိမ်၊ဟင်္သာတမြို့မြို့နယ်တို့ဘက်တွင် အင်အားတိုးချဲ့ပြီး ခံစစ်ပြင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊နမ့်မိုရွာအနီးတွင် SSPPနှင့် RCSSတို့ တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံများမှာ ဘေးလွတ်ရာ တိမ်းရှောင်နေရသည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ကျောက်ဂူဒေသတွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)နှင့် စစ် ကောင်စီတပ်တို့အကြားတိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း DPLAက ယနေ့ (ဇန်နဝါရီ ၁၆ရက်)တွင် သတင်းထုတ်ပြန်သည်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ် ပွားပြီး PDF ရဲဘော်တဦး ကျဆုံးခဲ့ကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

သတင်း

စစ်ကောင်စီတပ်က ဧရာဝတီတိုင်းအတွင်း ရွှေသောင်ယံမြို့နယ်အတွင်းစစ်ရေးပြင်ဆင်မှုအများဆုံးပြုလုပ်‌နေစဥ်မှာပင် အာရက္ခတပ်​တော်(AA)နှင့် PDF များက မကျီးဇင်ရွာနယ်မြေရဲစခန်းကိုသိမ်းပိုက်လိုက်​ကြောင်း​ဒေသခံ နှင့်စစ်​ရေးရင်းမြစ်အချို့က​ပြောသည်။