close
Connect with us

Hi, what are you looking for?

သတင်း

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်း ထောင် ၁၄ နှစ် ချမှတ်ခံရ

လက်ရှိ အကျဉ်းချခံထားရဆဲ့ ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်းဟာ အဂတိ လိုက်စားမှု စွပ်စွဲချက်အတွက် ထောင်ဒဏ် ၁၄ နှစ် ထပ်မံ ကျခံလိုက်ရပါတယ်။

လက်ရှိ အကျဉ်းချခံထားရဆဲ့ ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်းဟာ အဂတိ လိုက်စားမှု စွပ်စွဲချက်အတွက် ထောင်ဒဏ် ၁၄ နှစ် ထပ်မံ ကျခံလိုက်ရပါတယ်။

စွဲချက်တွေ တသီတတန်း ကြုံတွေ့နေတဲ့ ခန်းအတွက်တော့ ဒါဟာ ကြုံဖူးထားသမျှ ပြစ်ဒဏ် စီရင်ချက်တွေထဲမှာ အပြင်းထန်ဆုံး ဖြစ်လာပါတယ်။

ခရစ်ကက် အားကစား ကြယ်ပွင့် ဘဝကနေ နိုင်ငံရေးသမားအဖြစ် ကူးပြောင်းလာခဲ့တဲ့ ခန်းဟာ ၂၀၂၃ ခုနှစ် ဩဂုတ်လ ကတည်းက ဖမ်းဆီးထိန်းသိမ်း ခံထားရတာ ဖြစ်ပါတယ်။

သူဟာ နိုင်ငံအချင်းချင်း ပေးအပ်တဲ့ လက်ဆောင်တွေကို ကိုယ်ကျိုးအတွက် ရောင်းစားခဲ့မှုကစလို့ နိုင်ငံတော် လျှို့ဝှက်ချက်တွေ ပေါက်ကြားစေခဲ့မှုထိ စွဲချက်ပေါင်း ၁၀၀ ကျော်ကို ရင်ဆိုင်နေရပါတယ်။ ခန်းကတော့ စွဲချက် အားလုံးကို ပယ်ချထားပြီး နိုင်ငံရေးအရ သူ့ကို ထိုးနှက် လုပ်ကြံမှုတွေအဖြစ် တုံ့ပြန် ဝေဖန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ပါကစ္စတန်မှာ အရင်က နိုင်ငံခေါင်းဆောင်တွေ ပါဝင်ဆက်နွှယ်တဲ့ ငွေကြေးကိစ္စ အရှုပ်အထွေးတွေနဲ့ ပြစ်ဒဏ် စီရင်ချမှတ်မှုတွေ ရှိခဲ့ဖူးပေမယ့် အခုကိစ္စကတော့ ကြုံဖူးသမျှမှာ အကြီးမားဆုံး ဂယက်ထမှု တစ်ခု ဖြစ်လာပါတယ်။

ခန်းနဲ့ ဇနီးဖြစ်သူတို့ဟာ အိမ်ခြံမြေ လုပ်ငန်းစုကြီး တစ်ခုဆီကနေ မြေနေရာ အများအပြားကို လာဘ်ပေးမှုအဖြစ် လက်ခံ ရရှိခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတာပါ။ အပြန်အလှန်အဖြစ် ခန်းက အဲဒီ လုပ်ငန်းစုကြီး ဒဏ်ကြေးဆောင်ရမယ့် ကိစ္စတွေမှာ ပြေလည်အောင် ဝင်ဖြေရှင်းပေးခဲ့တယ်လို့ အစိုးရ ရှေ့နေတွေက စွပ်စွဲခဲ့ပါတယ်။

ခန်းကိုယ်စားပြုတဲ့ ပါကစ္စတန် တာရိခ်အီအင်ဆက်ဖ် (PTI)ပါတီကတော့ အဲဒီမြေတွေဟာ ဘာသာရေး သင်ကြားမှု စင်တာတစ်ခုအတွက် ရည်ရွယ် လှူဒါန်းခဲ့တာသာဖြစ်ပြီး ခန်းရဲ့ ကိုယ်ကျိုးအတွက် အသုံးမပြုခဲ့ဘူးလို့ ကာကွယ် ပြောဆိုထားပါတယ်။ PTIက ပါတီဥက္ကဋ္ဌ ခန်းဟာ စွပ်စွဲချက်နဲ့ ပတ်သက်လို့ အပြစ်မရှိကြောင်း၊ ဘာအမှားမှ မကျူးလွန်ခဲ့ကြောင်း ဇန်နဝါရီ ၁၇ ရက်နေ့က လူမှုကွန်ရက် မီဒီယာ Xမှာ ဖော်ပြခဲ့ပါတယ်။

ပြစ်ဒဏ်စီရင်ချက်ကို ကြားသိပြီးတဲ့နောက် ခန်းက အဲဒီပြစ်ဒဏ် လျှော့ပေါ့အောင် ဘာအပေးအယူမှ မလုပ်ဘူးလို့ ပြောပါတယ်။ သူဟာ ထောင်ဒဏ် ၁၄ နှစ်အပြင် ဒေါ်လာ ၅၅၀၀ ဝန်းကျင်နဲ့ ညီမျှတဲ့ ဒဏ်ကြေးပါ တပ်အရိုက်ခံခဲ့ရပါတယ်။

ခန်းရဲ့ ဇနီးကတော့ ထောင်ဒဏ် ၇ နှစ်အပြင် ဒေါ်လာ ၃၀၀၀ နီးပါးနဲ့ ညီမျှတဲ့ ဒဏ်ကြေးမျိုး ချမှတ်ခံခဲ့ရကြောင်း သိရပါတယ်။

ခန်းဟာ ၂၀၁၈ ကနေ ၂၀၂၂ ခုနှစ်ထိ ပါကစ္စတန် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ပေမယ့် နိုင်ငံရေးမှာ ဩဇာကြီးမားတဲ့ စစ်တပ်နဲ့ ဆက်ဆံရေး ပြိုကွဲခဲ့တဲ့နောက် လွှတ်တော်မှာ အယုံအကြည်မရှိ အဆိုတင်သွင်းတာ ခံရပြီး ရာထူးကနေ ဖယ်ရှားခံခဲ့ရတာ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ ခရီးသည်တွေ အများအပြား လိုက်ပါလာတဲ့ ယာဉ်တန်းတစ်ခုကို သေနတ်သမားတွေက ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတွေ၊ ကလေးတွေ အပါအဝင် လူပေါင်း ၄၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပါကစ္စတန်ရဲ့ ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ လာဟိုးမှာ သမိုင်းတလျှောက် အဆိုးဆုံး စာရင်းဝင် လေထုညစ်ညမ်းမှုတွေ ကြုံနေပြီး ကျောင်းတချို့ကို ပိတ်ထားဖို့၊ တတ်နိုင်သမျှ ရုံးမသွားဘဲ အိမ်ကနေ အလုပ်လုပ်ကြဖို့ အာဏာပိုင်တွေက ညွှန်ကြားထားရပါတယ်။

နိုင်ငံတကာ

ဘာလိုချီစတန်က ဆိပ်ကမ်း တိုက်ခိုက်မှုမှာတော့ ပါကစ္စတန် အခြေစိုက် BLA ခွဲထွက်ရေး ပြောက်ကျားတွေက ကျူးလွန်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း BLA တပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ရွေးကောက်ပွဲအတွက် လူကြိုက်အများဆုံး ရေပန်းစားသူ တစ်ဦးဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်းကလည်း ၂၀၂၄ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့် တားမြစ် ခံထားရပြီး သူက နိုင်ငံရေးအရ လုပ်ကြံတာလို့ စွပ်စွဲခဲ့တဲ့ စွဲချက်တွေနဲ့ ထောင်ဒဏ် ချမှတ် ခံထားရပါတယ်။