close
Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်နွံကန်ပြိုကျမှု သေဆုံးသူများကိုသင်္ဂြုလ်

ဖားကန့်မြို့နယ်၊ စဘော့ကျေးရွာမှ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက် နွံကန်ပြိုကျမှုတွင် တူးဖော်တွေ့ရှိသည့် ရုပ်အလောင်း ၃၁ လောင်းကို ယနေ့ (ဇန်နဝါရီ ၁၆ ရက်​နေ့ ) သင်္ဂြုလ်မည်ဖြစ်သည်။

နွံကန် ပြိုကျပြီး​သေဆုံးခဲ့သူများကို သပိတ်သွပ်တရားနာစဥ်။ ဓါတ်ပုံ-CJ

ကဖေး/People’s Spring

ဖားကန့်မြို့နယ်၊ စဘော့ကျေးရွာမှ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက် နွံကန်ပြိုကျမှုတွင် တူးဖော်တွေ့ရှိသည့် ရုပ်အလောင်း ၃၁ လောင်းကို ယနေ့ (ဇန်နဝါရီ ၁၆ ရက်​နေ့ ) သင်္ဂြုလ်မည်ဖြစ်သည်။

စဘော့ကျေးရွာမှနွံကန်သည် ဇန်နဝါရီ ၁၃ရက် နံနက် ၁နာရီခန့်တွင် ပြိုကျပြီး ရွာအတွင်းရှိ အိမ်ခြေ ၅၇ကျလုံး အိမ်ခေါင်မိုး မြုပ်လုနီးပါးအထိ နစ်မြုပ်သွားခဲ့သည်။

ဇန်နဝါရီ ၁၃ရက် နံနက်မှစ၍ စက်ယန္တရားများသုံး၍ ရှာဖွေခဲ့ရာ ဇန်နဝါရီ ၁၆ ရက်ညနေအထိ ရုပ်အလောင်း ၃၁လောင်းတွေ့ရှိခဲ့သည်။ကလေးငယ်အချို့နှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးလည်းပါဝင်ခဲ့သည်။

Public Service Announcement

Public Service Announcement

နွံကန် ပြိုကျပြီး​သေဆုံးခဲ့သူများကို သပိတ်သွပ်တရားနာစဥ်။ ဓါတ်ပုံ-CJ

နွံကန်ပြိုကျစဉ် ထွက်ပြေးလွတ်မြောက်လာသူအချို့လည်းရှိပြီး သေဆုံးသူသည် အနည်းဆုံး ၁၀၀ကျော်နိုင်ကြောင်း ဒေသခံများကခန့်မှန်းထားသည်။ အချို့က ၁၇၀ ကျော် ပျောက်ဆုံးသွားသည်ဟု ​ပြောဆိုကြသည်။

ရှာဖွေကယ်ဆယ်ရေးကို ဇန်နဝါရီလ၁၅ရက်နေ့ညနေတွင် ရပ်နားခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် သပိတ်သွပ်တရားနာခြင်း၊ ဆုတောင်းခြင်းတို့ပြုလုပ်ပြီး မကြာမီ မီးရှို့သင်္ဂြုလ်မည်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ထဲမှာ ကျောက်စိမ်းမိုင်းတွင်း မြေပြိုမှု ဖြစ်စဉ်အပြီး ထိခိုက်ခံစားရသူတွေကို ဝိုင်းဝန်းကူညီပေးကြဖို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် စဘော့ကျေးရွာမှ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက် နွံကန်ပြိုကျမှုတွင် ကလေးငယ်လေးဦးနှင့် အမျိုးသမီး ၁၄ဦးအပါအတင် ရုပ်အလောင်း ၃၂လောင်းတွေ့ရှိခဲ့ပြီးနောက် ရှာဖွေကယ်ဆယ်ရေးရပ်ဆိုင်းလိုက်ပြီဖြစ်သည်။

ဆောင်းပါး

"အဲ့ဒါ အဲ့ဒါ ကျတော့်သမီးလေး။ သူ အသက်ရှိနေအုံးမှာ။ ကျတော်ကိုယ်တိုင် ဆွဲထုတ်ပါရစေဗျာ"

သတင်း

ဖားကန့်မြို့နယ်၊ စဘော့ကျေးရွာမှ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက် နွံကန်ပြိုကျမှုတွင် ရုပ်အလောင်း ၂၂ လောင်းရှာ​ဖွေတွေ့ရှိထားပြီး ယ‌နေ့(ဇန်နဝါရီလ ၁၅ရက်)တွင် တတိယမြောက်​နေ့ ရှာဖွေရေး ဆက်လက်ပြုလုပ်နေသည်။

Facebook